Workplace Standard ကိုယ်ရေးလုံခြုံမှု မူဝါဒ

Workplace Standard တွင် အသုံးပြုသူများက အစိတ်အပိုင်းအနေဖြင့် ပါဝင်သော အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းခွင်(“လုပ်ငန်း”) သို့မဟုတ် လူမှုအဖွဲ့အစည်း တစ်ခုတည်းအတွင်း၌ အလုပ်ခွင်အချက်အလက်ကို ပို၍ထိရောက်စွာ ပူးတွဲဆောင်ရွက်ရန်၊ မျှဝေရန်နှင့် စူးစမ်းရှာဖွေရန် ၎င်းတို့အား ခွင့်ပြုထားပါသည်။ ဤ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒတွင် သင်၊ သင့်လုပ်ဖော်ကိုင်ဖက်၊ လုပ်ငန်းစပ်တူလုပ်ဖက်များ သို့မဟုတ် အခြားအသုံးပြုသူများက လုပ်ငန်းခွင်စံအဆင့်ပလက်ဖောင်း (၎င်းတွင် "ဝန်ဆောင်မှုများ") အဖြစ် ကျွန်ုပ်တို့ ခေါ်ဆိုသည့် ဤ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒဖြင့် လင့်ခ်ချိတ်ထားသော လုပ်ငန်းခွင်ဝက်ဘ်ဆိုက်များ၊ အက်ပ်များနှင့် ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှုများ ပါဝင်ပါသည်) ကို အသုံးပြုသောအခါ သင့်အချက်အလက်ကို Facebook က ကောက်ယူသော၊ အသုံးပြုသော၊ မျှဝေသော နည်းနာနှင့် အချိန်တို့ကို ဖော်ပြထားပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် သင်၏ဝန်ဆာင်မှုများ အသုံးပြုမှုအပေါ် သက်ရောက်ပါသည်။ အခြား Facebook ဝန်ဆောင်မှုများ ကို ၎င်းတို့၏ကိုယ်ပိုင် စည်းကမ်းချက်များဖြင့် ထိန်းချုပ်ညွှန်ကြားပါသည်။
အရေးကြီးသတိပေးချက်- ကျွန်ုပ်တို့က Workplace Essential၊ Workplace Advanced သို့မဟုတ် Workplace Enterprise ရွေးချယ်စရာများကို လုပ်ငန်းများအတွက် ကမ်းလှမ်းပေးထားပြီး ၎င်းတွင် လုပ်ငန်းအနေနှင့် (“အဆင့်မြှင့်အကောင့်များ”) တွင် အီးမေးဒိုမိန်းပိုင်ဆိုင်မှု ထင်ထင်ရှားရှားပြနိုင်ပြီး ဤအကောင့်များကို Workplace Essential၊ Workplace Advanced သို့မဟုတ် Workplace Enterprise လူမှုအဖွဲ့အစည်း အသစ်တစ်ခုအဖြစ် အဆင့်မြှင့်တင်နိုင်သည့် Workplace Standard အကောင့်အားလုံးကို လုပ်ငန်းက ထိန်းချုပ်ရန် ခွင့်ပြုထားပါသည်။ ၎င်းက လုပ်ငန်းကို လုပ်ငန်းခွင်မှတဆင့် အဆင့်မြှင့်ပြီးသော အသုံးပြုသူများက ပေးသွင်းထားသည့် သို့မဟုတ် ယခင် ပေးထားသည့် ဖိုင်အားလုံးနှင့် ဆက်သွယ်မှုများ၊ အဖွဲ့အားလုံးနှင့် လုပ်ငန်းခွင်ချက်ပ်မက်ဆေ့ချ်အားလုံး အပါအဝင် ဒေတာမှန်သမျှတွင် ဝင်သုံးရန်၊ လုပ်ငန်းစဉ်ဆောင်ရွက်ရန်နှင့် ဖျက်ရန် စွမ်းဆောင်ရည်ကို ပေးထားပါသည်။
Workplace Standard တွင် လုပ်ငန်းက မပိုင်ဆိုင်သော အီးမေးလိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ် အခြားအထောက်အထား အသုံးပြု၍ သင်က ပါဝင်ထားသော်လည်း အကြောင်းအရာကို လုပ်ငန်းအဖွဲ့အစည်း (အဆိုပါ လုပ်ငန်းအဖွဲ့အစည်းအတွင်းရှိ အဖွဲ့များနှင့် အဆင့်မြှင့်အသုံးပြုသူများပါသော Workplace စကားဝိုင်းတို့တွင် မျှဝေထားသည့် ဒေတာအားလုံး အပါအဝင်) တွင် မျှဝေထားလျှင် Workplace Essential၊ Workplace Advanced သို့မဟုတ် Workplace Enterprise လူမှုအဖွဲ့အစည်းသို့ အဆင့်မြှင့်တင်ထားမှုအရ လုပ်ငန်းက အဆိုပါလုပ်ငန်းအဖွဲ့ သို့မဟုတ် လူမှုအဖွဲ့အစည်းတွင်းရှိ ဝန်ဆောင်မှုများမှတဆင့် ပေးသွင်းထားသော သို့မဟုတ် ပေးထားသော ဒေတာအားလုံးအပေါ် ဝင်ခွင့် သို့မဟုတ် ထိန်းချုပ်ခွင့် ရှိပါသည်။ ၎င်းတွင် ယခင်က မျှဝေထားသည့် ဖိုင်များနှင့် ဆက်သွယ်မှုများအားလုံးနှင့် နောင်တွင် အဆင့်မြှင့်အသုံးပြုသူများပါသော လုပ်ငန်းခွင်အတွင်း အပါအဝင် အဆိုပါလုပ်ငန်းအဖွဲ့ သို့မဟုတ် ကွန်မြူနတီအတွင်းရှိ အဆင့်မြှင့်အကောင့်များဖြင့် သင် မျှဝေနိုင်သော ဖိုင်များနှင့် ဆက်သွယ်မှုအားလုံးတို့ ပါဝင်ပါသည်။
Workplace Essential၊ Workplace Advanced သို့မဟုတ် Workplace Enterprise သို့ လုပ်ငန်းက အဆင့်မြှင့်တင်ထားလျှင် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒအသစ်နှင့် အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်အသစ်များ အပါအဝင် စည်းကမ်းချက်အသစ်များကို သင်က အဆိုပါအချိန်တွင် လက်ခံရရှိနိုင်ပါသည်။ Workplace Standard၊ Workplace Essential၊ Workplace Advanced သို့မဟုတ် Workplace Enterprise အကြားရှိ ခြားနားချက်များအတွက် သို့မဟုတ် သင့်အကောင့်ကို အဆင့်မြှင့်တင်ရန်အတွက် နောက်ထပ်အချက်အလက်များကို ဤနေရာတွင် ကြည့်ပါ။ Workplace Essential၊ Workplace Advanced သို့မဟုတ် Workplace Enterprise သို့ အဆင့်မြှင့်တင်ရန် ရွေးချယ်လျှင် အဆိုပါလုပ်ငန်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းအတွင်းရှိ Workplace Standard တွင် သင် ယခင်က မျှဝေထားသည့် အချက်အလက် အပါအဝင် သင့်အချက်အလက်အား လုပ်ငန်းဆောင်ရွက်နိုင်သော နည်းနာနှင့် Workplace လုပ်ငန်းတွင် အသုံးပြုနိုင်သော နည်းနာတို့ကို Facebook က ဆုံးဖြတ်မည်မဟုတ်ဘဲ အဆိုပါလုပ်ငန်းက ဆုံးဖြတ်ပါမည်။
ဝန်ဆောင်မှုများရှိ သို့မဟုတ် သင်၏ Workplace စီးပွားရေးလုပ်ငန်းရှိ အခြားအသုံးပြုသူများနှင့် ပတ်သက်သော အချက်အလက်ကို သင်က ပို့စ်မတင်မီ သင့်တွင် လိုအပ်သော ကျေနပ်သဘောတူချက်များနှင့် ခွင့်ပြုချက်များ ရှိထားကြောင်း သေချာအောင်လုပ်ပါ။

၁။ မည်သည့်အချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့က ကောက်ယူပါသလဲ။
သင်နှင့် အခြားသူများက ပေးသော အချက်အလက်။ သင့်ထံမှ သို့မဟုတ် သင်နှင့်ပတ်သက်သော အောက်ပါအချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့က ကောက်ယူနိုင်ပါသည်-
  • အကောင့်သစ်ဖွင့်သောအခါ၊ ဖန်တီးသောအခါ သို့မဟုတ် မျှဝေသောအခါ နှင့်၊ အခြားသူများဖြင့် မက်ဆေ့ချ်ပို့သောအခါ သို့မဟုတ် ဆက်သွယ်သောအခါမျိုး အပါအဝင်၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို အသုံးပြုသောအခါ သင် စီစဉ်ပေးသော အကြောင်းအရာနှင့် အခြားအချက်အလက်။ ၎င်းတွင် ဖိုင်ဖန်တီးနေ့စွဲကဲ့သို့ သင်ပေးသော အကြောင်းအရာထဲရှိ သို့မဟုတ် အကြောင်းအရာနှင့်ပတ်သက်သော အချက်အလက်တို့ ပါဝင်နိုင်ပါသည်၊ သင့်လုပ်ဆောင်ချက်များဆိုင်ရာ သင်ကြည့်ရှုသော သို့မဟုတ် ပါဝင်ဆောင်ရွက်သော အကြောင်းအရာ၏ အမျိုးအစားများ သို့မဟုတ် သင့်လုပ်ဆောင်ချက်၏ ကြိမ်ရေနှင့် အချိန်ကာလကဲ့သို့ သင်က ကျွန်ုပ်တို့၏ဝန်ဆောင်မှု အသုံးပြုပုံနှင့်ပတ်သက်သော အချက်အလက်ကိုလည်း ကျွန်ုပ်တို့က ကောက်ယူပါသည်၊
  • သင်က အပ်လုဒ်တင်ရန်၊ ဆင့်ခ်လုပ်ရန် သို့မဟုတ် တင်ပို့ရန် (သင်၏ ကိုယ်ပိုင် Facebook အကောင့်မှကဲ့သို့) ရွေးချယ်သည့် အခြားအသုံးပြုသူများနှင့်ဆိုင်သော အမည်အပြည့်အစုံနှင့် အီးမေးလ်လိပ်စာနှင့် ဆက်သွယ်ရန်အချက်အလက် (တယ်လီဖုန်းနံပါတ်များ သို့မဟုတ် အီးမေးလ်လိပ်စာများကဲ့သို့) ကဲ့သို့သော ဆက်သွယ်ရန် အချက်အလက်၊
  • အလုပ်ရာထူး၊ ဌာနအချက်အလက်၊ ရီပို့တင်ပြသော ဖွဲ့စည်းပုံများနှင့် သင်အလုပ် သို့မဟုတ် လုပ်ငန်းနှင့်သက်ဆိုင်သော အခြားအချက်အလက်၊
  • အခြားလူများက ဝန်ဆောင်မှုကို အသုံးပြုသောအခါ ၎င်းတို့စီးစဉ်ပေးသော ဆက်သွယ်မှုများနျှင့် အချက်အလက်။ ၎င်းတွင် အခြားသူများက သင်၏ဓာတ်ပုံကို မျှဝေသောအခါ သို့မဟုတ် မှတ်ချက်ပေးသောအခါ၊ သင့်ဆီ မက်ဆေ့ချ်ပို့သောအခါ သို့မဟုတ် သင်၏ ဆက်သွယ်ရန်အချက်အလက်ကို အပ်လုဒ်၊ ဆင့်ခ် သို့မဟုတ် တင်ပို့သောအခါကဲ့သို့ သင်နှင့်ပတ်သက်သော အချက်အလက် ပါဝင်နိုင်ပါသည်၊
  • ဝန်ဆောင်မှုများတွင် သို့မဟုတ် ဝန်ဆောင်မှုများမှတဆင့် ဆက်သွယ်မှုအားလုံးဆိုင်ရာ အချက်အလက်၊
  • ကျွန်ုပ်တို့ဆီ ပို့ပေးသော အသုံးပြုသူဆက်သွယ်မှုများ၊ တုံ့ပြန်အကြံပြုချက်၊ အကြံပြုချက်များနှင့် အယူအဆများ သို့မဟုတ် သင် သို့မဟုတ် သင်၏လုပ်ငန်းက လုပ်ငန်းများနှင့်ပတ်သက်၍ ထောက်ကူအတွက် ကျွန်ုပ်တို့အား ဆက်သွယ်သောအခါ သို့မဟုတ် ကျွန်ုပ်တို့နှင့် ပါဝင်ဆောင်ရွက်သောအခါ သင်က ကျွန်ုပ်တို့အား စီစဉ်ပေးသည့် အခြားအချက်အလက်၊
  • သင် ဆက်သွယ်မှုအရှိဆုံး လူများ သို့မဟုတ် သင် မျှဝေမှုအရှိဆုံး အဖွဲ့များကဲ့သို့ သင်ကို ချိတ်ဆက်ထားပြီး ပြန်လှန်ဆက်ဆံမှုရှိသော လူများနှင့် အဖွဲ့များဖြင့်ပတ်သက်သည့် အချက်အလက် နှင့်၊
  • ဝန်ဆောင်မှုများမှတဆင့် သင်က တိုက်ရိုက် အခြားအသုံးပြုသူများဖြင့် အပ်ဒိတ်လုပ်ရန်၊ မျှဝေရန်အတွက် ရွေးချယ်ထားသော သို့မဟုတ် ကျွန်ုပ်တို့အား စီစဉ်ပေးသော အခြားအချက်အလက်မှန်သမျှ။
ကျွန်ုပ်တို့က Facebook မိသားစုဆိုင်ရာ ကုမ္ပဏီများ နှင့် Facebook ဝန်ဆောင်မှုများထံမှ ကောက်ယူသော အချက်အလက်။
သင်၏ကိုယ်ပိုင် Facebook အကောင့်ကဲ့သို့ သင်နှင့်ပတ်သက်သော အချက်အလက်ကို သင် အသုံးပြုရန် ရွေးချယ်သော အခြား Facebook ဝန်ဆောင်မှုများထံမှနှင့် Facebook က ပိုင်ဆိုင်သော သို့မဟုတ် စီမံခန့်ခွဲသော အခြားကုမ္ပဏီထံမှ ၎င်းတို့၏ စည်းကမ်းချက်များနှင့် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများနှင့်အညီ ကျွန်ုပ်တို့က လက်ခံရရှိနိုင်ပါသည်။ ဤအချက်အလက်ကို ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ၏ “ဤအချက်အလက်ကို ကျွန်ုပ်တို့ ဘယ်လိုအသုံးပြုသလဲ။” ပိုဒ်ခွဲအောက်၌ သတ်မှတ်ထားသည့် ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့က အသုံးပြုနိုင်ပါသည်။ ပိုမိုလေ့လာရန် ဤ Facebook ကုမ္ပဏီများနှင့် ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများအပြင် Facebook ဒေတာဆိုင်ရာ မူဝါဒကို ပိုမိုလေ့လာပါ။
တတိယပါတီပါတနာများထံမှ အချက်အလက်။ ကျွန်ုပ်တို့က ဝန်ဆောင်မှုများကို သင့်အတွက် ပူးတွဲ ကမ်းလှမ်းပေးသောအခါ ပါတနာထံမှ အချက်အလက်ကဲ့သို့ သင်နှင့် သင်၏လုပ်ဆောင်ချက်များဖြင့် ပတ်သက်၍ လုပ်ငန်းခွင်ကို သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ကျွန်ုပ်တို့၏ တတိယပါတီပါတနာများထံမှလည်း ကျွန်ုပ်တို့က အချက်အလက် ရရှိနိုင်ပါသည်။
ကိရိယာ အချက်အလက်/တည်နေရာ။သင်က ကျွန်ုပ်တို့၏ဝန်ဆောင်မှုများအား တပ်ဆင်သော သို့မဟုတ် ဝင်သုံးသော ကွန်ပျူတာများ၊ ဖုန်းများ သို့မဟုတ် အခြားကိရိယာများမှ အချက်အလက် သို့မဟုတ် ၎င်းကိရိယာများနှင့်ပတ်သက်သော အချက်အလက်ကို ကျွန်ုပ်တို့က ကောက်ယူနိုင်ပြီး၊ ၎င်းအချက်အလက်တွင် GPS၊ ဘလူးတုသ် သို့မဟုတ် ဝိုင်ဖိုင် အချက်ပြလှိုင်းများတဆင့်ကဲ့သို့ ကိရိယာတည်နေရာများ ပါဝင်သော်လည်း ၎င်းတို့နှင့်သာ ကန့်သတ်မထားပါ။ ဝန်ဆောင်မှုများကို သင့်ကိရိယာများအနှံ့ တစ်သမတ်တည်း စီစဉ်ပေးရာတွင်ကျွန်ုပ်တို့အား ထောက်ကူပြုသော သင်၏ကိရိယာအမျိုးမျိုးထံမှ ကျွန်ုပ်တို့ကောက်ယူသည့် အချက်အလက်ကို ကျွန်ုပ်တို့က ဆက်စပ်သုံးနိုင်ပါသည် သို့မဟုတ် လင့်ခ်ချိတ်နိုင်ပါသည်။
မှတ်တမ်းနှင့် ကွတ်ကီးဒေတာ။ သင့်ဘရောင်ဇာ သို့မဟုတ် အော်ပရေးတင်းစနစ်က ဝန်ဆောင်မှုများမှတဆင့် စီစဉ်ပေးသော သင်၏ အင်တာနက်ပရိုတိုကော (IP) လိပ်စာနှင့် အခြားဘရောင်ဇာ သို့မဟုတ် ကိရိယာမျိုးမည်မှတ်သင်္ကေတများ၊ ဘရောင်ဇာအမျိုးအစား၊ အော်ပရေးတင်းစနစ်၊ ခရက်ရှ်ဒေတာ၊ အင်တာနက်ဝန်ဆောင်မှုပေးသူ၊ ဝန်ဆောင်မှုမသုံးမီနှင့် သုံးပြီးနောက်မှာ ဝင်ကြည့်သော စာမျက်နှာများ၊ ဝင်ကြည့်သော နေ့စွဲနှင့်အချိန်၊ ဝန်ဆောင်မှုများအတွင်း သင်၏လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များ (သင် ကလစ်နှိပ်သော လင့်ခ်များနှင့် ကြည့်ရှုသော စာမျက်နှာများကဲ့သို့) နှင့်ပတ်သက်သော အချက်အလက်နှင့် အခြား ပုံမှန်ဆာဗာမှတ်တမ်း အချက်အလက်ကဲ့သို့ အချက်အလက်အချို့ကို ကျွန်ုပ်တို့က အလိုအလျောက် ကောက်ယူပါသည်၊
ကွတ်ကီးများ သို့မဟုတ် စက်တွင်းသိုလှောင်ခန်းပစ္စည်းများတွင် သိုလှောင်ထားသည့် ဒေတာကို အဆိုပါအချက်အလက်အား အလိုအလျောက် ကောက်ယူနိုင်ရန် ကျွန်ုပ်တို့က စီစဉ်သတ်မှတ်နိုင်ပါသည် သို့မဟုတ် မှတ်တမ်းသွင်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ ကွတ်ကီးများနှင့် ဆိုင်ရာနည်းပညာများ အသုံးပြုသော ရည်ရွယ်ချက်များ အပါအဝင် ၎င်းတို့အား အသုံးပြုမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒတွင် မိုမို ရှာတွေ့နိုင်ပါသည်။ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့်၊ ကျွန်ုပ်တို့၏ ကွတ်ကီးများနှင့် အလားတူနည်းပညာများ အသုံးပြုမှုကို ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒတွင် ဖော်ပြတဲ့အတိုင်း သင်က ကျေနပ်သဘောတူပါသည်။
သင်၏ ဘရောင်ဇာ သို့မဟုတ် ကိရိယာတွင် ဤနည်းပညာများနှင့် သက်ဆိုင်သည့် ဆက်တင်များကို ပေးထားနိုင်ပါသည်။ အဆိုပါဆင်တင်များ သုံးနိုင်၊မသုံးနိုင်၊ ၎င်းတို့ပြုလုပ်သော အရာနှင့် ၎င်းတို့အလုပ်လုပ်သော နည်းနာနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက် ရယူရန်၊ သင့်ဘရောင်ဇာ သို့မဟုတ် ကိရိယာ၏ အကူအညီပစ္စည်းတွင် ဝင်ကြည့်ပါ။ ခြေရာခံမှုတစ်ဝိုက်ရှိ ဘရောင်ဇာ သို့မဟုတ် ကိရိယာ အချက်ပြလှိုင်းများကို ကျွန်ုပ်တို့က အသိအမှတ်မပြုပါ သို့မဟုတ် မတုံ့ပြန်ပါ၊ အချို့သော ဆက်တင်များက ကျွန်ုပ်တို့ကမ်လှမ်းပေးသော အစီအစဉ်များရှိ သင်၏အသုံးပြုမှုကို နှောင့်ယှက်နိုင်ပါသည်။ ထို့ပြင် ဘရောင်ဇာ သို့မဟုတ် ကိရိယာမှ ကမ်းလှမ်းပေးသော ဆက်တင်များသည် အဆိုပါ သတ်သတ်မှတ်မှတ် ဘရောင်ဇာ သို့မဟုတ် ကိရိယာကိုသာလျှင် အများအားဖြင့် အသုံးချပါသည်။

၂။ ကျွန်ုပ်တို့ကောက်ယူသော အချက်အလက်ကို ဘယ်လိုအသုံးပြုသလဲ။
ဝန်ဆောင်မှုများသာမက Facebook ဝန်ဆောင်မှုများနှင့် Facebook ကုမ္ပဏီများက စီစဉ်ပေးသော အဆိုပါဝန်ဆောင်မှုများကိုလည်း စီစဉ်ပေးရန်၊ ချဲ့ထွင်ရန်၊ ပိုကောင်းအောင်လုပ်ရန်နှင့် အရင်းအမြစ်အဖြစ်အသုံးရန်အတွက် ကျွန်ု်ပ်တို့ ရွေးချယ်သော အချက်အလက်ကို Facebook က အသုံးပြုပါသည်။ ဥပမာများအနေဖြင့် ယင်းအသုံးပြုမှုတွင် ပါဝင်သည်မှာ-
  • အသုံးပြုသူများကို ၎င်းတို့၏ ဝန်ဆောင်မှုဆိုင်ရာ အသုံးပြုမှုနှင့်ပတ်သက်၍ ဆက်သွယ်ခြင်း၊
  • ဝန်ဆောင်မှုများ၏ လုံခြုံရေး၊ တည်တံ့မှုနှင့် လုံခြုံမှုတို့ကို သင်နှင့် အခြားအသုံးပြုသူများအတွက် အရည်အသွေးမြှင့်တင်ခြင်းနှင့် ပိုကောင်းအောင်လုပ်ခြင်း၊
  • ဝန်ဆောင်မှုများနှင့် အခြား Facebook ဝန်ဆောင်မှုများကို စီစဉ်ပေးသော စနစ်များနှင့် အခြေခံအဆောက်အအုံကို စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် ပိုကောင်းအောင်လုပ်ခြင်း (ဝန်ဆောင်မှုများနှင့် Facebook ဝန်ဆောင်မှုများကို ပံ့ပိုးရန် စနစ်တူများနှင့် အခြေခံအဆောက်အအုံတစ်ခုတည်းကို ကျွန်ုပ်တို့က အသုံးပြုကြောင်း သတိထားပါ)။ ဥပမာ၊ သင်၏ဝန်ဆောင်မှုများ အသုံးပြုမှုမှ ခရက်ရှ်မှတ်တမ်းကို Facebook ဝန်ဆောင်မှုများတွင်လည်း တည်ရှိနိုင်သော ချွတ်ယွင်းချက်များအား ရှာဖွေဖော်ထုတ်ပြီး ပြုပြင်ရန်အတွက် ကျွန်ုပ်တို့က အသုံးပြုနိုင်ပါသည်၊
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများဆိုင်ရာ ပြဌာန်းချက်များ၏ အစိတ်အပိုင်းအဖြစ် သင်စိတ်ဝင်စားနိုင်သော သို့မဟုတ် ရေပန်းစားနေသော သို့မဟုတ် သင့်လုပ်ငန်းကွန်မြူနတီအတွင်း ခေတ်စားနေသော အကြောင်းအရာ၊ ဆက်သွယ်မှုများ သို့မဟုတ် ခေါင်းစဉ်များ (ငွေချေအကြောင်းအရာ အပါအဝင်) ကို သင့်အတွက် တင်ပြခြင်း အပါအဝင် သင်၏ သုံးစွဲမှုအတွေ့အကြုံကို ကိုယ်ပိုင်ပုံစံပြုခြင်းနှင့် စိတ်ကြိုက်အထူးစီစဉ်ပေးခြင်း၊
  • သင်၏သုံးစွဲမှုအတွေ့အကြုံ့ကို တစ်ဖြည်းဖြည်း ဖွံ့ဖြိုးချဲ့ထွင်ပေးနိုင်ပြီး တိုးပွားလာစေမည့် ကျွန်ုပ်တို့က မိတ်ဆက်ပေးနိုင်သော တူးလ်များ၊ ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဖွံ့ဖြိုးချဲ့ထွင်ခြင်း၊
  • သင့်ဆီ ရောင်းဝယ်ရေးဆက်သွယ်မှုများ ပို့ပေးခြင်း၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သင့်အား ဆက်သွယ်ခြင်းနှင့် ကျွန်ုပ်တို့၏ မူဝါဒများနှင့် စည်းကမ်းချက်းများကို သင့်အား အသိပေးခြင်း။ ကျွန်ုပ်တို့အား သင် ဆက်သွယ်သည့်အခါ သင့်ကိုတုံ့ပြန်သည့် သင့်အချက်အလက်ကိုလည်း ကျွန်ုပ်တို့အသုံးပြုပါသည်၊
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် Facebook ဝန်ဆောင်မှုများတွင် ကျွန်ုပ်တို့ စီစဉ်ပေးသော ဝန်ဆောင်မှုများနှင့် အခြား Facebook ဝန်ဆောင်မှုများကို ပိုကောင်းအောင်လုပ်ရန် လူတစ်ဦးတည်းက စီစဉ်ဆောင်ရွက်သော သို့မဟုတ် အသုံးပြုသော ကိရိယာအမျိုးမျိုးအနှံ့ရှိ လုပ်ဆောင်ချက်ကို ဆက်စပ်ပေးခြင်း နှင့်၊
  • ဝန်ဆောင်မှုနှင့် Facebook ဝန်ဆောင်မှုကို ပိုကောင်းအောင်လုပ်ရန် သုတေသနလုပ်ခြင်း အပါအဝင် ဒေတာနှင့် စနစ် ခွဲခြမ်းစိတ်ဖြာခြင်း။

၃။ ဤအချက်အလက်ကို ဘယ်လိုမျှဝေပါသလဲ။
ကျွန်ုပ်တို့ကောက်ယူသော အချက်အလက်ကို အောက်ပါအခြေအနေများတွင် ကျွန်ုပ်တို့က မျှဝေနိုင်ပါသည်-
  • ဝန်ဆောင်မှုမှတဆင့် မျှဝေရန်နှင့် ဆက်သွယ်ရန် သင်က ရွေးချယ်လိုက်သော ကွန်မြူနတီဖြင့်။ အကြောင်းအရာ မျှဝေလိုသော ပရိသတ်ကို၊ ဥပမာ အကြောင်းအရာကို အဖွဲ့အတွင်း မျှဝေသောအခါ သို့မဟုတ် လုပ်ငန်းခွင်ချတ်ပ်ကို အသုံးပြုသောအခါမျိုးတွင်၊ သင်က ရွေးချယ်နိုင်ပါသည်၊
  • လုပ်ငန်းက ၎င်း၏လုပ်ငန်းခွင်ကွန်မြူနတီကို တာဝန်ယူ ထိန်းချုပ်သော အခြေအနေမျိုးရှိ လုပ်ငန်းဖြင့်၊ အထက်၌ ဖော်ပြတဲ့အတိုင်းနှင့် လုပ်ငန်းခွင်စံအဆင့် ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များတွင် ဖော်ပြတဲ့အတိုင်း။ အဆိုပါအခြေအနေများ၌၊ လုပ်ငန်းတွင် သင့်အချက်အလက်ကို အသုံးပြုသောနည်းနာအတွက် တာဝန်ရှိပါသည်၊
  • ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှုများ၏ အစိတ်အပိုင်းကို စီစဉ်ပေးရာတွင် ကူညီသော တတိယပါတီဝန်ဆောင်မှုပေးသူများဖြင့်၊
  • အထက်၌ သတ်မှတ်ထားသည့် ရည်ရွယ်ချက်အတွက် Facebook ကုမ္ပဏီများ ဖြင့်၊
  • သင်က ဝန်ဆောင်မှုမှတဆင့် ချိတ်ဆက်နိုင်သော တတိယပါတီအက်ပ်များ၊ ဝဘ်ဆိုက်များ သို့မဟုတ် အခြားဝန်ဆောင်မှုများဖြင့်၊
  • ဝန်ဆောင်မှုဆိုင်ရာ လွှဲပြောင်းပေးမှု၊ ကုမ္ပဏီအကြီးနှင့်အသေး လုပ်ငန်းပေါင်းစည်းခြင်း၊ လုပ်းငန်းပေါင်းစပ်၍ လုပ်ငန်းသစ်ထူထောင်ခြင်း၊ ပိုင်ဆိုင်မှုရောင်းခြင်း သို့မဟုတ် ဖြစ်နိုင်တန်ရာနည်းသော ဒေဝါလီခံရခြင်း သို့မဟုတ် လူမွဲစာခံခြင်းကဲ့သို့ များပြားသော ကော်ပိုရိတ်ငွေလွှဲပြောင်းမှုများဖြင့် စပ်လျဉ်း၍ သို့မဟုတ် အကယ်၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့၏ ပိုင်ဆိုင်မှုများဆိုင်ရာ အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုတွင် ပြောင်းလဲလျှင်၊ ကျွန်ုပ်တို့က သင့်အချက်အလက်ကို ပိုင်ရှင်သစ်ဆီသို့ လွှဲပြောင်းပေးနိုင်ပါသည်၊
  • အကောင့်များနှင့် လုပ်ဆောင်ချက်ကို စိစစ်ရာတွင် ကူညီရန်နှင့်၊ သံသယရှိသော လုပ်ဆောင်ချက် သို့မဟုတ် ကျွန်ုပ်တို့၏စည်းကမ်းချက်များ သို့မဟုတ် မူဝါဒများ ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းကဲ့သို့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် Facebook ဝန်ဆောင်မှုများကို သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ လုံခြုံမှုနှင့် လုံခြုံရေးကို အထောက်အကူပြုရန် နှင့်၊
  • သင်က အခြားတစ်နည်းနည်းဖြင့် စီစဉ်ညွှန်ကြားခြင်း သို့မဟုတ် တရားဝင်အခွင့်ပေးခြင်း။
ကျွန်ုပ်တို့ကောက်ယူသော အချက်အလက်ကို သင့်အတွက် လုပ်ငန်းခွင်စံအဆင့်အား အခမဲ့ဝန်ဆောင်မှုအနေဖြင့် စီစဉ်ပေးနိုင်စေသော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ သို့မဟုတ် အခြား Facebook ဝန်ဆောင်မှုများ စီစဉ်ပေးရန် သို့မဟုတ် ပိုကောင်းအောင်လုပ်ရန် ကူညီသောသူ သို့မဟုတ် ကျွန်ုပ်တို့့၏ ကြော်ငြာနှင့် ဆိုင်ရာပစ္စည်းများကို အသုံးပြုသောသူ၊ တတိယပါတီပါတနာများနှင့် သုံးစွဲသူများဖြင့်လည်း ကျွန်ုပ်တို့က မျှဝေနိုင်ပါသည်။ သင့်ကို ပုဂ္ဂိုလ်ရေးအရ ကြော်ငြာများ၊ တွက်ချက်နည်းများ သို့မဟုတ် ခွဲခြားစိတ်ဖြာမှုလုပ်သော ပါတနာများဖြင့် ခွဲခြားဖော်ထုတ်သော အချက်အလက် (ပုဂ္ဂိုလ်ရေးအရ ခွဲခြားဖော်ထုတ်နိုင်သော အချက်အလက် ဆိုသည်မှာ သူ့ဘာသာသူနှင့်ပင် သင့်အား ဆက်သွယ်နိုင်သော သို့မဟုတ် သင်မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ပြနိုင်သော အမည် သို့မဟုတ် အီးမေးလ်လိပ်စာကဲ့သို့ အချက်အလက် ဖြစ်သည်) ကို သင်က ကျွန်ုပ်တို့အား ခွင့်ပြုချက်မပေးခဲ့လျှင် ကျွန်ုပ်တို့က မျှဝေမည်မဟုတ်ပါ။ ဤပါတနာများအား ၎င်းတို့၏ကြော်ငြာ အလှမ်းမီမှုနှင့် ထိရောက်မှုဖြင့်ဆိုင်သော အချက်အလက်ကို သင့်အား ပုဂ္ဂိုလ်ရေးအရ ခွဲခြားဖော်ထုတ်သော အချက်အလက်မပါဘဲနှင့် ကျွန်ုပ်တို့က စီစဉ်ပေးနိုင်ပါသည်၊ သို့မဟုတ် သင့်အား ပုဂ္ဂိုလ်ရေးအရ ခွဲခြားဖော်ထုတ်၍ မရနိုင်စေရန် ရည်ရွယ်၍ ကျွန်ုပ်တို့၌ အားပေါင်းပေါင်းခြုံထားသော အချက်အလက် ရှိထားလျှင် စီစဉ်ပေးနိုင်ပါသည်
တရားဝင်တောင်းဆိုချက်များ။ တရားဝင်တောင်းဆိုချက် (ရှာဖွေအမိန့်၊ တရားရုံးအမိန့် သို့မဟုတ် ဆင့်ခေါ်စာကဲ့သို့) ကို တုံ့ပြန်ရာတွင် သင့်အချက်အလက်ကို ဝင်သုံးရန်၊ မူလအတိုင်းထားရန်နှင့် မျှဝေရန်အတွက် ဥပဒေက ကျွန်ုပ်တို့ကို အလိုရှိသည်ဟု ကျွန်ုပ်တို့တွင် သဘောရိုးဖြင့် ယုံကြည်မှုရှိလျှင် ကျွန်ုပ်တို့က ထိုကဲ့သို့ လုပ်ဆောင်ပါမည်။ ၎င်းတွင် တု့ံပြန်ချက်က အဆိုပါစီရင်ပိုင်ခွင့်နယ်မြေရှိ ဥပဒေအရ လိုအပ်သည်ဟု၊ အဆိုပါစီရင်ပိုင်ခွင့်နယ်မြေရှိ အသုံးပြုသူများကို အကျိုးသက်ရောက်မှုရှိသည်ဟု၊ ပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုထားသော စံနှုန်းများဖြင့် ကိုက်ညီသည်ဟု ကျွန်ုပ်တို့က သဘောရိုးဖြင့် ယုံကြည်မှုရှိလျှင် တရားဝင်တောင်းဆိုချက်များကို တုံပြန်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့က- အတုအယောင်နှင့် အခြားတရားမဝင် လုပ်ဆောင်ချက်ကို ရှာဖွေရန်၊ တားဆီးရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်။ စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းအနေဖြင့် အပါအဝင် ကျွန်ုပ်တို့ကိုယ်ကို၊ သင်နှင့် အခြားသူများကို ကာကွယ်ရန်။ သို့မဟုတ် သေဆုံးမှု သို့မဟုတ် ဖြစ်ဆံဆဲဆဲ ကိုယ်ခန်ဒာထိခိုက်အန္တရာယ်ကို တားဆီးရန်တို့အတွက် လိုအပ်သည်ဟု သဘောရိုးဖြင့် ယုံကြည်မှုရှိလျှင်လည်း သင့်အချက်အလက်ကို ကျွန်ုပ်တို့က ဝင်သုံးနိုင်သည်၊ မူလအတိုင်းထားနိုင်သည်၊ မျှဝေနိုင်သည်။ ဥပမာ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် အခြား Facebook ဝန်ဆောင်မှုများကို သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ အတုအယောင်နှင့် အလွဲသုံးစားမှုကို တားဆီးရန် သင့်အကောင့်၏ စိတ်ရချမှုနှင့်ပတ်သက်သော အချက်အလက်ကို တတိယပါတီပါတနာများအား ကျွန်ုပ်တို့က စီစဉ်ပေးနိုင်ပါသည်။ သင့်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ လက်ခံရရှိထားသည့် အချက်အလက်သည် တရားဝင်ဆိုင်ရာ တောင်းဆိုချက် သို့မဟုတ် တာဝန်၊ အစိုးရဆိုင်ရာ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် ကျွန်ုပ်တို့၏ စည်းကမ်းချက်များ သို့မဟုတ် မူဝါဒများဆိုင်ရာ ဖြစ်နိုင်ချေရှိ ချိုးဖောက်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၊ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ထိခိုက်နစ်နာမှုကို တားဆီးရသည့်အခါ ကျွန်ုပ်တို့က ၎င်းအချက်အလက်ကို ထပ်တိုးကာလတစ်ခုအတွက် ဝင်သုံးနိုင်သည်၊ လုပ်ငန်းစဉ်ဆောင်ရွက်နိုင်သည်၊ မူရင်းအတိုင်းထားနိုင်ပါသည်။ ထပ်ခါထပ်ခါအလွဲသုံးစားလုပ်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ အခြားစည်းကမ်းချက် ချိုးဖောက်ခြင်းတို့ကို တားဆီးရန် အနည်းဆုံးတစ်နှစ်ကြာမျှ ကျွန်ုပ်တို့၏ စည်းကမ်းချက် ချိုးဖောက်မှုများအတွက် ပိတ်ထားသည့်အကောင့်များမှ အချက်အလက်ကိုလည်း ကျွန်ုပ်တို့တွင် မူလအတိုင်းထားနိုင်ပါသည်။
အားလုံးပေါင်းခြုံဒေတာ သို့မဟုတ် ခွဲခြားထုတ်ဖော်ခြင်းမှ တားမြစ်ဒေတာ အားလုံးပေါင်းခြုံထားသော အချက်အလက် သို့မဟုတ် ကျွန်ုပ်တို့၏ ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် Facebook ကုမ္ပဏီများက စီစဉ်ပေးသော ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပိုကောင်းအောင်လုပ်ရန်နှင့် စီစဉ်ပေးရန် အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာမှုများ၊ ခေတ်စီးကြောင်းလိုက်မှုများနှင့် စိတ်ဖြာလေ့လာချက်များအတွက် အခြားရည်ရွယ်ချက်များအကြား၌ အသုံးပြုနိုင်သော တတိယပါတီများနှင့် ပေါင်းစည်းအဖွဲ့အစည်းများအား သင့်အား ပုဂ္ဂိုလ်ရေးအရ ခွဲခြားဖော်ပြမထားသော အချက်အလက်ကို ကျွန်ုပ်တို့က ထုတ်ဖော်ပြနိုင်ပါသည်။

၄။ ဒေတာလုပ်ငန်းစဉ်ဆောင်ရွက်မှုအတွက် ကျွန်ုပ်တို့၏ တရားဝင်အကြောင်းရင်က ဘာလဲ။
ကျွန်ုပ်တို့က အထက်၌ ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ဒေတာ ကောက်ယူပါသည်၊ အသုံးပြုပါသည်၊ ပြီးနောက် မျှဝေပါသည်-
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများကို ဖြည့်ဆည်းရန် လိုအပ်သည့်အတိုင်း၊
  • ကျွန်ုပ်တို့၏ တရားဝင်တာဝန်များကို လိုက်နာရန် လိုအပ်သည့်အတိုင်း၊
  • ဆန်းသစ်တီထွင်သော၊ ကိုယ်ပိုင်ပုံစံပြုထားသော၊ လုံခြုံစိတ်ချရသော၊ အကျိုးအမြတ်ရှိသော ဝန်ဆောင်မှုကို စီစဉ်ပေးရာတွင် ကျွန်ုပ်တို့၏ အကျိုးခံစားခွင့်များ အပါအဝင်၊ ကိုယ်ရေးဒေတာဆိုင်ရာ ကာကွယ်မှုအတွက် လိုအပ်သည့် သင့်အကျိုးခံစားခွင့်များ သို့မဟုတ် အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များက အဆိုပါအကျိုးခံစားခွင့်များထက် မကျော်လွန်ခဲ့လျှင်၊ ကျွန်ုပ်တို့၏ (သို့မဟုတ် အခြားသူများ၏) အကျိုးခံစားခွင့်များအတွက် လိုအပ်သည့်အတိုင်း-

၅။ GDPR အောက်၌ ပေးထားသည့် သင့်အခွင့်အရေးများကို ဘယ်လို ကျင့်သုံးနိုင်သလဲ။
အထွေထွေ ဒေတာကာကွယ်ရေးစည်းမျဉ်း (‘GDPR’) အောက်၌၊ သင့်ဒေတာကို ဝင်သုံးရန်၊ ပြုပြင်ရန်၊ နေရာပြောင်းရန် နှင့်၊ ဖျက်ရန်အပြင် သင့်ဒေတာဆိုင်ရာ အချို့သော လုပ်ငန်းစဉ်ဆောင်ရွက်မှုကို ကန့်သတ်ရန်နှင့် ကန့်ကွက်ရန်လည်း သင့်၌ အခွင့်အရေးရှိပါသည်။ ၎င်းတွင် ပါဝင်သည်မှာ-
  • ဈေးကွက်စီစဉ်ညွှန်ကြားပေးရန် သင်က သဘောတူထားတဲ့နေရာမျိုးတွင်၊ အဆိုပါရည်ရွယ်ချက်အတွက် ကျွန်ုပ်တို့၏ သင့်ဒေတာဆိုင်ရာ လုပ်ငန်းစဉ်ဆောင်ရွက်မှုကို ကန့်ကွက်သော အခွင့်အရေး ပါဝင်ပြီး၊ ၎င်းအခွင့်အရေးကို ဈေးကွက်ဆက်သွယ်မှုများထဲရှိ “စာရင်းဖျက်ရန်” လင့်ခ်ကို အသုံးပြုခြင်းဖြင့် သင် ကျင့်သုံးနိုင်သည်၊ ပြီးလျှင်။
  • ကျွန်ုပ်တို့၏ သို့မဟုတ် အဆိုပါတတိယပါတီ၏ တရားဝင် အကျိုးခံစားခွင့်များကို ရယူရန်အားထုတ်သော နေရာမျိုးတွင် ကျွန်ုပ်တို့၏ သင့်ဒေတာဆိုင်ရာ လုပ်ငန်းစဉ်ဆောင်ရွက်မှုကို ကန့်ကွက်ရန် အခွင့်အရေးလည်း ပါဝင်ပြီး၊ ၎င်းအခွင့်အရေးကို သင့်အကောင့်ဖျက်ရန် တွင် ကျွန်ုပ်တို့အား တောင်းဆိုခြင်းဖြင့် သင်က အချိန်မရွေး ကျင့်သုံးနိုင်ပါသည်။

၆။ ဒေတာဆက်လက်ထားရှိခြင်း၊ အကောင့်ပိတ်သိမ်းခြင်းနှင့် ဖျက်ခြင်း
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွက် စီစဉ်ပေးရန် မလိုအပ်တော့သည့်အချိန်ထိ၊ သို့မဟုတ် သင့်အကောင့်ကို ဖျက်လိုက်သည့်အချိန်ထိ - အရင်ဖြစ်သော အမည့်အရာမဆို ၎င်းအချိန်ထိ ကျွန်ုပ်တို့က သိမ်းထားပေးပါမည်။ ၎င်းသည် ဒေတာ၏ သဘောသဘာဝ၊ ဒေတာကောက်ကူပြီး လုပ်ငန်းစဉ်ဆောင်ရွက်ရသည့် အကြောင်းရင်းနှင့် သက်ဆိုင်ရာ တရားဝင် သို့မဟုတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆက်လက်ထားရှိမှုလိုအပ်ချက်များကဲ့သို့ အရာများအပေါ် မူတည်၍ အကြောင်းအရာအလိုက် ချမျတ်ရသော ဆုံးဖြတ်ချက်များ ဖြစ်သည်။
သင်က သင့်အကောင့်ဖျက်ရန် တွင် အချိန်မရွေး အကောင့်ဖျက်နိုင်ပါသည်။ သင့်အကောင့်ကို ဖျက်သောအခါ၊ သင်စာစုတင်ထားသည့် အရာများကို ကျွန်ုပ်တို့က ဖျက်ပါသည်။ သင့်အကောင့်ကို မဖျက်လိုဘဲ လုပ်ငန်းခွင်စံအဆင့်ကို အသုံးပြုနေခြင်းမှ ယာယီ ရပ်ဆိုင်းလိုပါက၊ သင့်အကောင့်ကို ဖျက်မည့်အစား ပိတ်သိမ်းထားနိုင်သော ရွေးပိုင်ခွင့်ကို ကျွန်ုပ်တို့က ကမ်းလှမ်းပေးနိုင်ပါသည်။ သင့်အကောင့်ဖျက်ခြင်းကို ပိုမိုလေ့လာရန် ဤနေရာမှာ နှိပ်ပြီး၊ အကောင့်ပိတ်သိမ်းခြင်းကို ပိုမိုလေ့လာရန် ဤနေရာမှာ မှာ နှိပ်ပါ။ အရန်သိမ်းစနစ်များတွင် သိုလှောင်ထားသည့် ဒေတာကို ဖျက်ရန် ၉၀ ရက်အထိ ကြာနိုင်ပါသည်။ ၎င်းအချိန်ကာလအတွင်း လုပ်ငန်းခွင်တွင် သင့်အချက်အလက်ကို ဝင်သုံးနိုင်မည်မဟုတ်ပါ။

၇။ ကျွန်ုပ်တို့လက်ဝယ်ရှိသော သင့်နှင့်ပတ်သက်သည့် အချက်အလက်ထဲ သင်က ဘယ်လိုဝင်သုံးနိုင်ပြီး မွမ်းမံနိုင်သလဲ။
သင့်ဒေတာကို သင်၏လုပ်ငန်းခွင် အထွေထွေအကောင့်ဆက်တင်များတွင် စီစဉ်ရန်၊ ဝင်သုံးရန်နှင့် နေရာပြောင်းရန်အတွက် သင်က တူးလ်များကို ရှာတွေ့နိုင်ပါသည်။
ဝန်ဆောင်မှုများသို့ အပ်လုဒ်တင်ထားသည့် အချက်အလက်ကို ဝန်ဆောင်မှုအတွင်းရှိ တူးလ်များ (ဥပမာ သင်၏ ပရိုဖိုင်အချက်အလက်ကို လုပ်ဆောင်ချက်မှတ်တမ်းမှတဆင့် တည်းဖြတ်ခြင်း သို့မဟုတ် သင့်အချက်အလက်ကို သင့်အကောင့်ဆက်တင်များရှိ သင့်အချက်လက် ဒေါင်းလုဒ်လုတ်ရန် ဝင်သုံးနိုင်တူးလ်မှတဆင့် ဒေါင်းလုဒ်လုတ်ခြင်းနှင့် နေရာပြောင်းခြင်း) အသုံးပြု၍ ဝင်သုံးနိုင်သည်၊ အမှန်ပြင်နိုင်သည်၊ သို့မဟုတ် ဖျက်နိုင်သည်။ ဝန်ဆောင်မှုများရှိ သင့်အချက်အလက်တွင် သင် ပြုလုပ်သည့် ပြောင်းလဲမှုများသည် သင့်ကွန်မြူနတီတွင် ချက်ချင်း အကျိုးသက်ရောက်မည် ဖြစ်သော်လည်း၊ ဒေတာကို အရန်သိမ်းမိတ်တူများတွင် စီးပွားရေးအရ ကြောင်းကျိုးသင့် အချိန်ကာလတစ်ခုအတွက် Facebook က မူလအတိုင်းထားရှိပါသည်။

၈။ လုံခြုံမှုနှင့် လုံခြုံရေး
ကျွန်ုပ်တို့၌ ရှိသော အချက်အလက်ကို အကောင့်များနှင့် လုပ်ဆောင်ချက်အား စိစစ်ရာတွင် ကူညီရန်နှင့်၊ သံသယရှိသော လုပ်ဆောင်ချက် သို့မဟုတ် ကျွန်ုပ်တို့၏စည်းကမ်းချက်များ သို့မဟုတ် မူဝါဒများ ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းကဲ့သို့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ လုံခြုံမှုနှင့် လုံခြုံရေးကို အထောက်အကူပြုရန်အတွက် ကျွန်ုပ်တို့က အသုံးပြုပါသည်။ သင့်အကောင့်ကို အင်ဂျင်နီယာအဖွဲ့များ၊ လူအစားစက်အသုံးချစနစ်များနှင့် ကုဒ်ခံသိမ်းနည်းနှင့် စက်အသုံးချသင်ယူနည်းကဲ့သို့ အဆင့်မြင့်နည်းပညာတို့ကို အသုံးပြု၍ ကာကွယ်ရန် ကျွန်ုပ်တို့က အပြင်းအထန် ကြိုးစားနေပါသည်။ ဥပမာ လူအစားစက်အသုံးချနည်းပညာများကို ကလေးလိင်ပိုင်းဆိုင်ရာပုံများကဲ့သို့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ သင်၊ အခြားအသုံးပြုသူများ သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာစေသည့် စော်ကားသော အပြုအမူနှင့် အကြောင်းအရာကို ရှာဖွေရန် ကျွန်ုပ်တို့က ထိထိရောက်ရောက် အသုံးချနိုင်ပါသည်။ ဝန်ဆောင်မှု၏ ကဏ္ဍအချို့တွင် ကျွန်ုပ်တို့ ထိန်းချုပ်မထားသော တတိယပါတီက ထိန်းသိမ်းထားသည့် အကြောင်းအရာအတွက် လင့်ခ်များ ပါရှိနိုင်ပါသည်။ ဤတတိယပါတီများ၏ ယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ အလေ့အကျင့်များအတွက် သင့်၌ တာဝန်မရှိသလို၊ ဝင်ကြည့်သော ဝဘ်ဆိုက်အသီးသီး၏ ယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒများကို ကြည့်ရှုရန်လည်း ကျွန်ုပ်တို့က အကြံပြုပါသည်။

၉။ ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုများကို စီစဉ်လည်ပတ်သောနည်းနာ
သင့်အတွက် ဝန်ဆောင်မှုများ စီစဉ်ပေးရာတွင်နှင့် ဤကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒကို ရည်ညွှန်းထားသော ဝန်ဆောင်မှုပေးသူအချို့အား အသုံးပြုရာတွင်၊ အချက်အလက်ကို ကမ္ဘာအနှံ့ရှိ တည်နေရာအမျိုးမျိုးတွင် သိုလှောင်နိုင်ပြီး လုပ်ငန်းစဉ်ဆောင်ရွက်နိုင်သည်ကို သင်က သိနားလည်ပါသည်။ ဥပမာ၊ ဥရောပစီးပွားရေးဧရိယာ (“EEA”) အတွင်း၌ ကောက်ယူသည့် အချက်အလက်ကို EEA ပြင်ပရှိ နိုင်ငံများသို့ ဤပေါ်လစီတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် လွှဲပြောင်းနိုင်ပါသည်။ ဥရောပကော်မရှင်မှ အတည်ပြုထားသော စံနှုန်းသဘောတူစာချုပ်ဥပဒေများကို ကျွန်ုပ်တို့က အကျိုးရှိရှိ အသုံးချပြီး၊ EEA မှ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများသို့ ဒေတာလွှဲပြောင်းမှုအတွက် နိုင်ငံအချို့နှင့်ပတ်သက်၍ သက်ဆိုင်သည့်အတိုင်း ဥရောပကော်မရှင်၏ ပြည့်ဝသော ဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့က အမှီပြုပါသည်။

၁၀။ ဤမူဝါဒ ပြောင်းလဲမှုများအတွက် သင့်အား ကျွန်ုပ်တို့ ဘယ်လိုအသိပေးမလဲ။
ကျွန်ုပ်တို့က ဤကိုယ်ရေးလုံခြုံမှုပေါ်လစီကို အချိန်အားလျော်စွာ အပ်ဒိတ်လုပ်နိုင်ပါသည်။ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒကို အပ်ဒိတ်လုပ်သောအခါ၊ ကျွန်ုပ်တို့က သင့်အား ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ သင့်တော်သော သတိပေးချက် ပေးမည်ဖြစ်ပြီး၊ အထက် “အကြိုးသကျရောကျနေ့စှဲ” နေ့စွဲကို ပြင်ဆင်ချက်ထုတ်ကာ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒအသစ်ကို စာစုတင်ပေးပါမည်။

၁၁။ Facebook ကို မေးခွန်းများဖြင့် ဆက်သွယ်ရန်နည်းနာ
ဤကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ သင့်၌ မေးခွန်းများရှိလျှင် သို့မဟုတ် လုပ်ငန်းခွင်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလေ့လာရန် ဆန်ဒရှိလျှင်၊ ကျွန်ုပ်တို့အား အွန်လိုင်းတွင် ဆက်သွယ်ပါ သို့မဟုတ် စာတိုက်မှ စာပို့ရန်နေရာမှာ:
Facebook, Inc.
၁၀၆၁ ဝီလိုလမ်း
မန်လိုပန်းခြံ၊ CA ၉၄၀၂၅၊ USA (သင်က EU ပြင်ပ၌ နေထိုင်လျှင်)
သို့မဟုတ်
Facebook အိုင်ယာလန် လီမိတက်
၄ ဂရန်းတူးမြောင်းရင်ပြင်
ဂရန်းတူးမြောင်းဆိပ်ကမ်း
ဒပ်ဘလင် ၂ အိုင်ယာလန် (သင်က EU အတွင်း၌ နေထိုင်လျှင်)။
Facebook Ireland Ltd. အတွက် ဒေတာကာကွယ်ရေးအရာရှိ ကိုလည်း သင် ဆက်သွယ်နိုင်ပါသည်။
Facebook Ireland Ltd. ကို အိုင်ယာလန်တွင် Irish ဒေတာကာကွယ်ရေး ကော်မရှင်လူအဖွဲ့ဝင်က စည်းမျဉ်းထိန်းကျောင်းပါသည်။

နောက်ဆုံး ပြင်ဆင်ချိန် - ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂ ရက်

ကယ်လီဖိုးနီးယားတွင် နေထိုင်သူများအတွက် ကိုယ်ရေးလုံခြုံမှုသတိပေးချက် (နောက်ဆုံးတည်းဖြတ်သည့်ရက်စွဲ - ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁ ရက်)

ဤ ကယ်လီဖိုးနီးယား ကိုယ်ရေးလုံခြုံမှု သတိပေးချက် (“သတိပေးချက်”) သည် ကယ်လီဖိုးနီးယားတွင် နေထိုင်ကြသူများအတွက်ဖြစ်ပြီး အထက်ပါ Workplace Standard ကိုယ်ရေးလုံခြုံမှု မူဝါဒ၏ နောက်ဆက်တွဲဖြစ်ပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ကောက်ယူပုံ၊ အသုံးချပုံနှင့် မျှဝေပုံတို့အပြင် ကယ်လီဖိုးနီးယား သုံးစွဲသူ ကိုယ်ရေးလုံခြုံမှု အက်ဥပဒေ (“CCPA”) အောက်တွင် အခွင့်အရေးများအား ကျင့်သုံးပုံတို့ကို ၎င်းတွင် ရှင်းလင်းဖော်ပြပေးပါသည်။
ဤသတိပေးချက်တွင် "ကိုယ်ရေးအချက်အလက်များ" ဟု ကျွန်ုပ်တို့ဆိုတိုင်း ၎င်းသည် သင့်ကို ခွဲခြားဖော်ပြနိုင်သော၊ သင်တို့နှင့်သက်ဆိုင်သော၊ ဆက်စပ်ပတ်သက်နိုင်သည်ဟု ယုံကြည်ရသော သို့မဟုတ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိတ်ဆက်နေနိုင်သည်ဟု ယုံကြည်ရသော အချက်အလက်များကို ဆိုလိုပါသည်။ ကိုယ်ရေးအချက်အလက်များတွင် စုပေါင်းထားသော အချက်အလက်များသော်လည်းကောင်း သင့်ထံသို့ ကျိုးကြောင်းဆီလျော်စွာ လင်ခ့်ချိတ်၍မရနိုင်သော အချက်အလက်များသော်လည်းကောင်း မပါဝင်ပါ။

ကိုယ်ရေးအချက်အလက် ကောက်ယူခြင်း၊ အသုံးပြုခြင်းနှင့် မျှဝေခြင်းတို့ကို ကျွန်ုပ်တို့ ဆောင်ရွက်ပုံ
Workplace Standard ပလက်ဖောင်း ("ဝန်ဆောင်မှုများ" ဟု ကျွန်ုပ်တို့ခေါ်ဆိုသည့် Workplace ဝက်ဘ်ဆိုက်၊ အက်ပ်များနှင့် သက်ဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှုများ အပါအဝင်) ကို ထောက်ပံ့ရန်အတွက် ကိုယ်ရေးအချက်အလက် အပါအဝင် သင့်အကြောင်းအချက်အလက်များကို ကျွန်ုပ်တို့ကိုင်တွယ်ရပါမည်။ အထက်ပါ ကျွန်ုပ်တို့၏ Workplace Standard ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြခဲ့သော ကန့်သတ်ချက်များအရ သင်၏ ကိုယ်ရေးအချက်အလက်များကို လုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ကျွန်ုတို့ထောက်ပံ့ပေးသော သင့်ထံမှ အချက်အလက်များကို ကျွန်ုပ်တို့၏ ပါတနာများ အသုံးချပုံနှင့် ဖော်ပြပုံတို့အပေါ် မူတည်ပြီး တင်းကျပ်သည့် ကန့်သတ်ချက်များနှင့်အတူ သို့မဟုတ် CCPA အရ အသုံးပြုနိုင်သည့် နည်းလမ်းများဖြင့် မျှဝေပါမည်။ သင်၏ အချက်အလက်တစ်စုံတစ်ရာကို မည်သူ့ထံမျှရောင်းချမည်မဟုတ်သကဲ့သို့ ဘယ်သောအခါမျှလည်း ထိုသို့လုပ်မည်မဟုတ်ပါ။
ကျွန်ုပ်တို့ကောက်ခံသည့် အချက်အလက်အမျိုးအစားများနှင့် ၎င်းအချက်အလက်များအား ကျွန်ုပ်တို့ အသုံးပြုပုံကို လေ့လာရန် အကောင်းဆုံးနည်းလမ်းမှာ ကျွန်ုပ်တို့၏ Workplace Standard ကိုယ်ရေးလုံခြုံမှု မူဝါဒကို သုံးသပ်ခြင်းပင်ဖြစ်သည်။ အောက်ပါတို့သည့် ဝန်ဆောင်မှုများကို သင်အသုံးပြုမှုနှင့်အတူ ၎င်းတို့ကို ကျွန်ုပ်တို့အသုံးပြုပုံနှင့် ကျွန်ုပ်တို့မှ မည်သူနှင့်မျှဝေသည် ဆိုသည့်အပေါ် မူတည်၍ ကျွန်ုပ်တို့ကောက်ခံသည့် CCPA နှင့် သက်ဆိုင်သော ကိုယ်ရေးအချက်အလက်အမျိုးအစားများ၏ အနှစ်ချုပ် ဖြစ်ပါသည်။

ကျွန်ုပ်တို့ကောက်ခံသော ကိုယ်ရေးအချက်အလက် အမျိုးအစားများတွင် ပါဝင်နိုင်သည်များမှာ -ကိုယ်ရေးအချက်အလက်များအား အသုံးပြုပုံ ဥပမာများတွင် ပါဝင်သည်များမှာ -ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားတစ်ခုချင်းစီကို မျှဝေခြင်းခံရမည့် အဖွဲ့အစည်းများတွင် ပါဝင်နိုင်သည်များမှာ -
  • မည်သူမည်ဝါ ဖော်ထုတ်နိုင်သော အချက်အလက်များ၊
  • အင်တာနက် သို့မဟုတ် အခြားလျှပ်စစ်ကွန်ရက်ဆိုင်ရာ လုပ်ဆောင်မှု အချက်အလက်များ၊
  • ကိရိယာ၏ တည်နေရာအတိအကျကို ကျွန်ုပ်တို့ကောက်ယူခွင့်ပြုရန် သင်ရွေးချယ်ပါက ၎င်း တည်နေရာအတိအကျ အပါအဝင် တည်နေရာဆိုင်ရာ အချက်အလက်၊
  • သင် သို့မဟုတ် အခြားသူက ပေးအပ်ရန် ရွေးချယ်ပါက ဓာတ်ပုံများ သို့မဟုတ် အခြားအရာများ အပါအဝင် အသံနှင့် ရုပ်ပုံ အချက်အလက်များ၊
  • ပေးအပ်ရန် သင်ရွေးချယ်ပါက ပညာရှင် သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်
  • သင်၏ နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများနှင့် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြုပြင်ရန် အသုံးပြုသော အခြားအချက်အလက်များ ပါဝင်နိုင်သည့် သင့်အကြောင်း ကိုယ်ရေးအချက်အလက်များမှ ဆင်းသက်လာသည့် အချက်အလက်။
  • ဝန်ဆောင်မှုကို ပံ့ပိုးခြင်း၊ စိတ်ကြိုက်ဖန်တီးခြင်းနှင့် တိုးတက်အောင်ဆောင်ရွက်ခြင်း -
  • ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ ဆက်သွယ်ချက်များကို သင့်ထံ ပေးပို့ခြင်း၊
  • ဘေးကင်းမှု၊ တည်တံ့ခိုင်မြဲမှုနှင့် လုံခြုံရေးတို့ကို ကြော်ငြာခြင်းနှင့်
  • သင်နှင့် ဆက်သွယ်ခြင်း။
  • ဝန်ဆောင်မှုများမှတစ်ဆင့် မျှဝေရန်နှင့် ဆက်သွယ်ရန် သင်ရွေးချယ်လိုက်သော လူမှုအဖွဲ့အစည်း၊
  • Workplace Standard ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များတွင် ဖော်ပြထားသည့်အတိုင်း ၎င်း၏ Workplace လူမှုအဖွဲ့အစည်းကို ထိန်းချုပ်မှုရှိသည်ဟု ယူဆသော လုပ်ငန်းတစ်ခု၊
  • သင့်အကြောင်း အကြောင်းအရာကို အခြားသူများက မျှဝေသော သို့မဟုတ် ထပ်မံမျှဝေသော လူများနှင့် အကောင့်များ၊
  • ကျွန်ုပ်တို့၏ ဆန်းစစ်အကဲဖြတ်မှု ဝန်ဆောင်မှုများကို အသုံးပြုသော ပါတနာများ၊ ကြော်ငြာသူများ၊ တိုင်းတာရေး ပါတနာများ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွင်းတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ကမ်းလှမ်းသော ပါတနာများ၊ ပစ္စည်းရောင်းသူနှင့် ဝန်ဆောင်မှုပေးသူများ အပါအဝင် ပါတနာများ၊
  • ဝန်ဆောင်မှုမှတဆင့် သင်ချိတ်ဆက်နိုင်သော ကြားခံပြင်ပအဖွဲ့အစည်း အက်ပ်များ၊ ဝဘ်ဆိုက်များ သို့မဟုတ် အခြားဝန်ဆောင်မှုများ၊
  • ပိုင်ရှင်အပြောင်းအလဲတစ်ခုရှိ ပိုင်ရှင်အသစ်များ သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ သို့မဟုတ် သူတို့၏ ပိုင်ဆိုင်မှုများ အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြောင်းလဲမှုများကို ထိန်းချုပ်သည့် ပိုင်ရှင်အသစ်များ၊
  • ဥပဒေအရတောင်းဆိုမှုများနှင့် ဆက်နွယ်နေသည့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ သို့မဟုတ် ကြားခံပြင်ပ အဖွဲ့အစည်းများနှင့်

ကျွန်ုပ်တို့ ကောက်ယူသည့် အခြားကိုယ်ရေးအချက်အလက် အမျိုးအစားများအပါအဝင် အချက်အလက်များအား ကျွန်ုပ်တို့အသုံးပြုပုံအကြောင်းကို လေ့လာရန်အတွက် ကျွန်ုပ်တို့၏ Workplace Standard ကိုယ်ရေးလုံခြုံမှု မူဝါဒသို့ ပြန်သွားပါ။

ကိုယ်ရေးအချက်အလက် အရင်းအမြစ်များ
သင်နှင့် သူတို့၏ အခြားသူများမှ ပေးပို့သော အချက်အလက်များ၊ သင်၏ ကိရိယာ(များ) နှင့် ကျွန်ုပ်တို့၏ ပါတနာများထံမှတစ်ဆင့် ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ရရှိပါသည်။ ကျွန်ုပ်တို့ ကောက်ယူသော သို့မဟုတ် ရရှိသော ကိုယ်ရေးအချက်အလက်များ၏ အရင်းအမြစ် အမျိုးအစားများတွင် ပါဝင်သည်များမှာ -
  • သင် - အကောင့်သစ်ဖွင့်သောအခါ၊ ဖန်တီးသောအခါ သို့မဟုတ် မျှဝေသောအခါ နှင့်၊ အခြားသူများဖြင့် မက်ဆေ့ချ်ပို့သောအခါ သို့မဟုတ် ဆက်သွယ်သောအခါမျိုး အပါအဝင်၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို အသုံးပြုသောအခါ သင် စီစဉ်ပေးသော အကြောင်းအရာနှင့် အခြားအချက်အလက်ကို ကျွန်ုပ်တို့ကောက်ယူသည်။ ၎င်းတွင် ဖိုင်ဖန်တီးနေ့စွဲကဲ့သို့ သင်ပေးသော အကြောင်းအရာထဲရှိ သို့မဟုတ် အကြောင်းအရာနှင့်ပတ်သက်သော အချက်အလက်တို့ ပါဝင်နိုင်ပါသည်၊ သင့်လုပ်ဆောင်ချက်များဆိုင်ရာ သင်ကြည့်ရှုသော သို့မဟုတ် ပါဝင်ဆောင်ရွက်သော အကြောင်းအရာ၏ အမျိုးအစားများ သို့မဟုတ် သင့်လုပ်ဆောင်ချက်၏ ကြိမ်ရေနှင့် အချိန်ကာလကဲ့သို့ သင်က ကျွန်ုပ်တို့၏ဝန်ဆောင်မှု အသုံးပြုပုံနှင့်ပတ်သက်သော အချက်အလက်ကိုလည်း ကျွန်ုပ်တို့က ကောက်ယူပါသည်။ သင် ဆက်သွယ်မှုအရှိဆုံး လူများ သို့မဟုတ် သင် မျှဝေမှုအရှိဆုံး အဖွဲ့များကဲ့သို့ သင်ကို ချိတ်ဆက်ထားပြီး ပြန်လှန်ဆက်ဆံမှုရှိသော လူများနှင့် အဖွဲ့များဖြင့်ပတ်သက်သည့် အချက်အလက်ကိုလည်း ကျွန်ုပ်တို့ကောက်ယူပါသည်။
  • အခြားသူများ - အခြားလူများက ဝန်ဆောင်မှုကို အသုံးပြုသောအခါ သူတို့ပေးပို့သော ဆက်သွယ်မှုများနှင့် အချက်အလက်ကိုလည်း ကျွန်ုပ်တို့ရရှိနိုင်ပါသည်။ ၎င်းတွင် သင့်ဓာတ်ပုံတွင် အခြားသူများမျှဝေသည် သို့မဟုတ် မှတ်ချက်ပေးသည်၊ သင့်ထံ စာတိုပို့သည် သို့မဟုတ် သင့်ဆက်သွယ်ရန်အချက်အလက်ကို အပ်လုဒ်လုပ်သည်၊ ချိန်ညှိသည် သို့မဟုတ် ပြိုင်တူညှိသကဲ့သို့ သင်နှင့်ပတ်သက်သည့် ဆက်သွယ်ရန်အချက်အလက်များ ပါဝင်ပါသည်။
  • သင်၏ ကိရိယာ(များ) - ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင် ထည့်သွင်းထားသော သို့မဟုတ် အသုံးပြုသော ကွန်ပျူတာများ၊ ဖုန်းများ သို့မဟုတ် အခြားကိရိယာများထ့မှ သို့မဟုတ် ၎င်းကိရိယာများအကြောင်း အချက်အလက်ကိုလည်း ကျွန်ုပ်တို့ကောက်ယူနိုင်ပါသည်။ ဝန်ဆောင်မှုများကို သင့်ကိရိယာများအနှံ့ တစ်သမတ်တည်း စီစဉ်ပေးရာတွင်ကျွန်ုပ်တို့အား ထောက်ကူပြုသော သင်၏ကိရိယာအမျိုးမျိုးထံမှ ကျွန်ုပ်တို့ကောက်ယူသည့် အချက်အလက်ကို ကျွန်ုပ်တို့က ဆက်စပ်သုံးနိုင်ပါသည် သို့မဟုတ် လင့်ခ်ချိတ်နိုင်ပါသည်။
  • Facebook ကုမ္ပဏီများ - သင်အသုံးပြုသော Facebook ကုမ္ပဏီ ထုတ်ကုန်များ အားလုံးအနှံ့ ဆန်းသစ်တီထွင်မှုရှိသော၊ အပ်စပ်မှုရှိသော၊ တစ်သမတ်တည်းဖြစ်သော၊ လုံခြုံစိတ်ချရသော အတွေ့အကြုံကို စီစဉ်ပေးရန်အတွက် အခြား Facebook ကုမ္ပဏီများ (WhatsApp နှင့် Oculus တို့ပါဝင်သည်) ထံမှ အချက်အလက်များကို လုပ်ငန်းရည်ရွယ်ချက်အတွက် ကျွန်ုပ်တို့လက်ခံရရှိနိုင်ပါသည်။ အဆိုပါရည်ရွယ်ချက်များအတွက် သက်ဆိုင်ရာ ဥပဒေအရနှင့် Facebook ကုမ္ပဏီများ၏ စည်းကမ်းချက်များနှင့် မူဝါဒတို့နှင့်အညီ ကျွန်ုပ်တို့က ၎င်းကုမ္ပဏီများအနှံ့ သင်နှင့်ပတ်သက်သည့် အချက်အလက်ကိုလည်း လုပ်ငန်းစဉ်ဆောင်ရွက်ပါသည်။
  • ပါတနာများ - ကျွန်ုပ်တို့က ဝန်ဆောင်မှုများကို သင့်အတွက် ပူးတွဲ ကမ်းလှမ်းပေးသောအခါ ပါတနာထံမှ အချက်အလက်ကဲ့သို့ သင်နှင့် သင်၏လုပ်ဆောင်ချက်များဖြင့် ပတ်သက်၍ လုပ်ငန်းခွင်ကို သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ကျွန်ုပ်တို့၏ ပါတနာများထံမှလည်း ကျွန်ုပ်တို့က အချက်အလက် ရရှိနိုင်ပါသည်။

GDPR အောက်၌ ပေးထားသည့် သင့်အခွင့်အရေးများကို ဘယ်လို ကျင့်သုံးနိုင်သလဲ။
CCPA အောက်တွင် အောက်ပါအခွင့်အရေးများ သင့်တွင်ရှိပါသည် -
  • သိရှိခွင့် အခွင့်အရေး - သင့်အားကျွန်ုပ်တို့ဖော်ပြသည့် ကျွန်ုပ်တို့ကောက်ယူ အသုံးပြုသည့် သို့မဟုတ် ဖော်ပြသည့် ကိုယ်ရေးအချက်အလက်များနှင့် ကျွန်ုပ်တို့၏ အချက်အလက်ဆိုင်ရာ ကျင့်ထုံးများအကြောင်းကို တောင်းဆိုခွင့် သင့်တွင်ရှိပါသည်၊
  • ဖျက်ရန်တောင်းဆိုခွင့် အခွင့်အရေး - သင့်ထံမှ ကျွန်ုပ်တို့ကောက်ယူထားသော သင်၏ ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့မှ ဖျက်ပေးရန်အတွက် တောင်းဆိုခွင့် သင့်တွင်ရှိပါသည်၊
  • ခွဲခြားဆက်ဆံခြင်းမခံရခွင့် အခွင့်အရေး - ဤအခွင့်အရေးတစ်စုံတစ်ရာကို ကျင့်သုံးခြင်းအတွက် သင့်အား ကျွန်ုပ်တို့ခွဲခြားဆက်ဆံမည်မဟုတ်ပါ။
သင်၏ "သိရှိပိုင်ခွင့်" သို့မဟုတ် သင်၏ "ဖျက်သိမ်းရန်တောင်းဆိုခွင့်" ကို ကျင့်သုံးရန်အတွက် ဤနေရာတွင်နှိပ်ပါ
သင်၏ အချက်အလက်များနှင့် ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ စစ်မှန်မှုကို ကာကွယ်ရန်အတွက် သင်၏တောင်းဆိုမှုကို ဆက်လက်မဆောင်ရွက်မီတွင် သင်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း မှတ်ထားပေးပါ။ အချို့ကိစ္စများတွင် သင်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်အတွက် အစိုးမှထုတ်ပေးထားသည့် အိုင်ဒီကဲ့သို့သော ထပ်ဆောင်းအချက်အလက်များကို ကောက်ယူရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။
CCPA အောက်တွင် အခွင့်အရေးများကို သင်ကိုယ်တိုင် ကျင့်သုံးနိုင်သကဲ့သို့ ဤတောင်းဆိုမှုများအား သင့်ကိုယ်စား ဆောင်ရွက်ပေးရန် အခွင့်ရကိုယ်စားလှယ်အားလည်း ခန့်အပ်နိုင်ပါသည်။ ကိစ္စအများစုတွင် စကားဝှက်ဖြင့် ကာကွယ်ထားသော သင့်အကောင့်မှ ရရှိနိုင်သော အလိုအလျောက်ကိရိယာများမှတစ်ဆင့် သင်၏တောင်းဆိုမှုကို ကျွန်ုပ်တို့ဝန်ဆောင်ပေးပါမည်

ထပ်ဆောင်းအချက်အလက်များအတွက် ဆက်သွယ်ပါ။
ဤသတိပေးချက်ကြောင်း သို့မဟုတ် CCPA အောက်ရှိ သင်၏ အခွင့်အရေးများကို ကျင့်သုံးပုံအကြောင်းနှင့်ပတ်သက်၍ မေးလိုသည်များရှိပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ