ငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်
ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်ခံသည်ဟု နှိပ်လိုက်လျှင် သင်သည် ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်ကို ကုမ္ပဏီ သို့မဟုတ် အခြား တရားဝင်လုပ်ငန်းအဖွဲ့အစည်း၏ ကိုယ်စား ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့အစည်းကို ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်အား လိုက်နာစေရန် သင့်တွင် အပြည့်အဝ လုပ်ပိုင်ခွင့်ရှိကြောင်း ကိုယ်စားပြု အာမခံရာ ရောက်ပါသည်။ “သင်”၊ “သင်၏” သို့မဟုတ် “ဖောက်သည်” ဟူသော နောက်ဆက်တွဲ ရည်ညွှန်းချက်များသည် အဆိုပါ လုပ်ငန်းအဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်သည်။
သင်၏ လုပ်ငန်းအခြေစိုက်နေရာသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကနေဒါတွင် ရှိလျှင် ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်သည် သင်နှင့် Meta Platforms, Inc. အကြားရှိ သဘောတူညီချက် ဖြစ်သည်။ သို့မဟုတ်လျှင် ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်သည် သင်နှင့် Meta Platforms Ireland Ltd. အကြားရှိ သဘောတူညီချက် ဖြစ်သည်။ “Meta”၊ “ကျွန်ုပ်တို့၏”၊ “ကျွန်ုပ်တို့” သို့မဟုတ် “ကျွန်ုပ်တို့၏” ဟူသော ရည်ညွှန်းချက်များသည် Meta Platforms, Inc. သို့မဟုတ် Meta Platforms Ireland Ltd တစ်ခုခုကို သင့်လျော်သလို ဆိုလိုပါသည်။
ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်သည် Workplace from Meta ဝန်ဆောင်မှုကို အသုံးပြုမှုအတွက် Meta နှင့် သင်၏ လက်ရှိသဘောတူညီချက် (“သဘောတူညီချက်”) နှင့် သက်ဆိုင်ပါသည်။ ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်ရှိ စာလုံးကြီးဖြင့် ရေးထားသော အသုံးအနှုန်းများသည် အခြားတစ်နည်းဖြင့် သတ်မှတ်ဖော်ပြထားခြင်းမရှိပါက သဘောတူညီချက်ထဲတွင် ၎င်းတို့အတွက် သတ်မှတ်ပေးထားသော အဓိပ္ပာယ်များ ရှိပါသည်။
ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်၏ စည်းမျဉ်းများကို ဤနေရာတွင် သင့်သဘောတူညီချက်ထဲသို့ ကိုးကား၍ ထည့်သွင်းထားသည်။ ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက် စတင်အကျုံးမဝင်မီ ၎င်းတို့က သင့်လက်ရှိသဘောတူညီချက်ပါ စည်းမျဉ်းတစ်ခုခုနှင့် ကွဲလွဲနေလျှင် ဤငွေတောင်းခံခြင်းဆိုင်ရာ သဘောတူညီချက်၏ စည်းမျဉ်းများကို ဦးစားပေးပါမည်။ လက်ရှိတွင် Workplace ကို အသုံးပြုရန် သင့်တွင် သဘောတူညီချက် မရှိသေးပါက အောက်ပါ Workplace အွန်လိုင်းစည်းမျဉ်းများ သည် သင်၏ Workplace အသုံးပြုမှုအပေါ် သက်ရောက်မှုရှိပြီး သင်စတင်အသုံးပြုချိန်မှစ၍ ၎င်းတို့ကို ကျင့်သုံးပါမည်။
၁။ အခကြေးငွေများ။ သင်၏ Workplace အသုံးပြုမှုနှင့် ပတ်သက်သော အခကြေးငွေများ၊ ငွေပေးချေမှု စည်းမျဉ်းများနှင့် အခွန်များနှင့် သက်ဆိုင်သော စည်းမျဉ်းအားလုံးကို အခြားနည်းအားဖြင့် သဘောတူထားခြင်းမရှိပါက Workplace အွန်လိုင်းစည်းမျဉ်းများ ထဲတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပါမည်။
၂။ ခရစ်ဒစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ထပ်ဆောင်းစည်းမျဉ်းများ။
က။ အခွင့်အာဏာ။ သင်သည် ကျွန်ုပ်တို့ထံသို့ ငွေကြေးထောက်ပံ့မှု စာချုပ်စာတမ်းတစ်ခုကို ပေးထားပါက အဆိုပါ ငွေကြေးထောက်ပံ့မှု စာချုပ်စာတမ်းကို အသုံးပြုရန် သင့်အားခွင့်ပြုထားကြောင်း သင်အတည်ပြုပြီးဖြစ်ပါသည်။ ငွေလွှဲပြောင်းမှုတစ်ခုအတွက် သင်ငွေပေးချေသောအခါ အဆိုပါငွေလွှဲပြောင်းမှုအတွက် သင်သတ်မှတ်ထားသော ငွေကြေးထောက်ပံ့မှု စာချုပ်စာတမ်းအရ ငွေပမာဏကို အပြည့်အ၀ကောက်ခံရန် ကျွန်ုပ်တို့ (နှင့် ကျွန်ုပ်တို့၏ သတ်မှတ်ထားသော ငွေပေးချေမှု စီမံဆောင်ရွက်သူ) ကို သင်ခွင့်ပြုပါသည်။ သင်သည် ကျွန်ုပ်တို့အား ငွေလွှဲပြောင်းမှု အချက်အလက်များကို စုစည်းရယူရန်နှင့် သိမ်းဆည်းရန်အတွက်လည်း ခွင့်ပြုချက်ပေးထားပါသည်။ အကယ်၍ သင့်လုပ်ငန်း၏ အခြေစိုက်နေရာသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကနဒေါတွင် ရှိပါက သင်၏ ငွေကြေး စာချုပ်စာတမ်းကို သိမ်းဆည်းရန် သင်သည် ဖလော်ရီဒါ ကော်ပိုရေးရှင်းတစ်ခုဖြစ်သည့် Facebook Payments Inc. ကို ခွင့်ပြုချက်ပေးထားပါသည်။ Facebook Payments Inc., ၏ ကိုယ်ရေးလုံခြုံမှုမူဝါဒကို https://www.facebook.com/payments_terms/privacy တွင် ဝင်ကြည့်နိုင်ပါသည်။ အကယ်၍ သင့်လုပ်ငန်း၏ အခြေစိုက်နေရာသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကနဒေါမဟုတ်ဘဲ အခြားနိုင်ငံတစ်ခုတွင် ရှိပါက သင်၏ ငွေကြေး စာချုပ်စာတမ်းကို သိမ်းဆည်းရန် သင်သည် အိုင်ယာလန်သမ္မတနိုင်ငံရှိ ပုဂ္ဂလိက လီမိတက်ကုမ္ပဏီတစ်ခုဖြစ်သည့် Facebook Payments International Ltd. ကို ခွင့်ပြုချက်ပေးထားပါသည်။
ခ။ ခွင့်ပြုချက်ပေးခြင်း။ သင်က ခရက်ဒစ်ကတ်ဖြင့်ဖြစ်စေ၊ ဘဏ်အကောင့်ကတ်ဖြင့်ဖြစ်စေ ငွေပေးချေပါက သင်ဝယ်ယူထားသည့် ဈေးနှုန်းအပြည့်ထက်မပိုသော ပမာဏတစ်ခုအတွက် ကတ်ထုတ်ပေးသူထံမှ ကြိုတင်အတည်ပြုချက်တစ်ခုကို ကျွန်ုပ်တို့ ရယူနိုင်ပါသည်။ ငွေပေးချေမှုတစ်ခုကို သင်စလုပ်သည့်အချိန်တွင် သို့မဟုတ် စလုပ်ပြီးသိပ်မကြာခင်တွင် ကျွန်ုပ်တို့သည် သင့်ကတ်ထဲမှ ကျသင့်ငွေ တောင်းခံပါမည်။ ငွေလွှဲပြောင်းမှု မပြီးဆုံးခင် ၎င်းကို သင်ပယ်ဖျက်လိုက်ပါက ဤကြိုတင်အတည်ပြုချက်ကြောင့် တစ်နည်းအားဖြင့် သင့်ထံသို့ ထိုငွေများ ချက်ချင်းရောက်မလာခြင်း ဖြစ်နိုင်သည်။
ဂ။ မအောင်မြင်သော ငွေပေးချေမှုများ။ သင်၏ အရောင်းအဝယ်အတွက် ငွေပေးချေရာတွင် သင့်ဘဏ်မှ အပိုငွေ သို့မဟုတ် အခြား အခကြေးငွေ တောင်းခံလာပါက ၎င်းအခကြေးငွေများအတွက် သင်တစ်ဦးတည်းတွင်သာ တာဝန်ရှိသည်။
ဃ။ ကျွန်ုပ်တို့၏ ပယ်ဖျက်ပိုင်ခွင့်။ ကျွန်ုပ်တို့က ငွေလွှဲပြောင်းမှုသည် ဤသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ယုံကြည်လျှင် သို့မဟုတ် ပယ်ဖျက်လိုက်ခြင်းဖြင့် ငွေကြေးဆိုင်ရာဆုံးရှုံးမှုကို တားဆီးနိုင်သည်ဟု ယုံကြည်လျှင် မည်သည့်ငွေလွှဲပြောင်းမှုကိုမဆို ကျွန်ုပ်တို့ ပယ်ဖျက်နိုင်ပါသည်။
င။ ငွေပေးချေမှုဆိုင်ရာ ကန့်သတ်ချက်များ။ သင့်တွင် သို့မဟုတ် ကျွန်ုပ်တို့တွင် ငွေကြေးဆုံးရှုံးမှု မဖြစ်စေရန် ကျွန်ုပ်တို့သည် ငွေပေးချေမှုကို အချိန်ကာလတစ်ခုကြာ ရွှေ့ဆိုင်းထားခြင်း သို့မဟုတ် ငွေလွှဲပြောင်းမှုအတွက် ငွေကြေး စာချုပ်စာတမ်းများကို ကန့်သတ်ခြင်း သို့မဟုတ် သင်၏ ဝယ်ယူမှု ပြုလုပ်နိုင်စွမ်းကို ကန့်သတ်ခြင်း သို့မဟုတ် သင့်အကောင့်ကို ပိတ်သိမ်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။
စ။ အချက်အလက်များမျှဝေခြင်း။ သင်တွင် သို့မဟုတ် ကျွန်ုပ်တို့တွင် ငွေကြေးဆုံးရှုံးမှု မဖြစ်စေရန်အလို့ငှာ ကျွန်ုပ်တို့သည် သင်၏ ငွေကြေး စာချုပ်စာတမ်းထုတ်ပေးသူ၊ ဥပဒေစိုးမိုးရေး အရာရှိများ သို့မဟုတ် ထိခိုက်ခံရသည့် ကြားခံပြင်ပအဖွဲ့အစည်းများ (အခြားအသုံးပြုသူများအပါအဝင်) ကို ဆက်သွယ်ပြီး သင်နှင့် ဆက်စပ်နေသော ငွေပေးချေမှု မှန်သမျှ၏ အသေးစိတ်အချက်များကို ၎င်းတို့နှင့် မျှဝေခြင်းက ငွေကြေးဆုံးရှုံးမှု သို့မဟုတ် ဥပဒေချိုးဖောက်မှုကို ဟန့်တားနိုင်သည်ဟု ကျွန်ုပ်တို့ယူဆလျှင် ထိုသို့လုပ်ဆောင်မည်။
ဆ။ လုံခြုံရေး။ သင့် Workplace အကောင့်၏ လုံခြုံရေးကို ထိန်းသိမ်းရန် သင့်တွင်တာဝန်ရှိပြီး သင့်အကောင့်တွင် သို့မဟုတ် ၎င်းမှတစ်ဆင့် ပြုလုပ်သော မှာယူမှုမှန်သမျှအတွက် သင့်ထံမှ ငွေကောက်ခံမည်ဖြစ်ကြောင်း သင်နားလည်သဘောပေါက်ပါသည်။
ဇ။ ပယ်ဖျက်ခြင်း။ အကြွေးတင်ထားသည့် ပမာဏအားလုံးကို အပြည့် ပေးချေပြီးမှသာလျှင် ဤသဘောတူညီချက်ကို ရပ်စဲသည့်အခါ ထပ်တလဲလဲ ငွေပေးချေမှုများကို ပယ်ဖျက်ပါမည်။
ဈ။ ငွေပေးချေရန် ပျက်ကွက်သော အကောင့်များ။ သင့်ငွေပေးချေမှု နည်းလမ်း မအောင်မြင်ပါက သို့မဟုတ် သင့်အကောင့်သည် သတ်မှတ်ရက်ထက် ကျော်လွန်နေပါက အခြား ငွေကောက်ခံ နည်းလမ်းများကို အသုံးပြု၍ သတ်မှတ်ရက်ကျော်လွန်သည့် ပမာဏများကို ကောက်ခံရန် အဆင့်များကို ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည်။ သင့်လျော်သော ရှေ့နေခေါ်ဆိုခများ အပါအဝင် ယင်းကောက်ခံမှုနှင့် ဆက်စပ်သည့် ကုန်ကျစရိတ်အားလုံးကို ပေးချေရန် သင်သဘောတူပါသည်။