Workplace ဈေးကွက်ရှာဖွေရေး ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ

၂၀၂၃၊ အောက်တိုဘာ ၁၀ မှာ စတင် အကျုံးဝင်ပါမယ်
မာတိကာ
  1. ဥပဒေရေးရာ အချက်အလက်များ
  2. ကျွန်ုပ်တို့ စုစည်းရယူသော အချက်အလက်
  3. သင့်အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ပုံ
  4. ကျွန်ုပ်တို့မျှဝေသည့် အချက်အလက်
  5. သင်၏ အခွင့်အရေးများကို ကျင့်သုံးနိုင်ပုံ
  6. သင့်အချက်အလက်ကို ထိန်းသိမ်းခြင်း
  7. ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ
  8. စီမံဆောင်ရွက်ခြင်းအတွက် ကျွန်ုပ်တို့၏ ဥပဒေရေးရာ အခြေခံအကြောင်းရင်းများ
  9. ကိုယ်ရေးလုံခြုမှုဆိုင်ရာ မူဝါဒတွင် ပြုလုပ်ထားသော ပြင်ဆင်ချက်များ
  10. သင့်အချက်လက်အတွက် တာဝန်ရှိသောသူ
  11. ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

၁။ ဥပဒေရေးရာ အချက်အလက်များ

ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ ("ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ") တွင် workplace.com (“ဝက်ဘ်ဆိုက်များ”) (Workplace ဝန်ဆောင်မှုများနှင့် ကွဲပြားသည့်အတိုင်း) အပါအဝင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို ပံ့ပိုးမှုနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ ဒေတာကျင့်ထုံးများနှင့် ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေးနှင့် သဘောထားမှတ်ချက်အခြေပြု လှုပ်ရှားဆောင်ရွက်မှုများ (စုစည်း၍ "လှုပ်ရှားဆောင်ရွက်မှုများ") ကို ရှင်းပြထားသည်။ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒတွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများနှင့် ဆက်စပ်၍ သင့်အကြောင်း ကျွန်ုပ်တို့ စုစည်းရယူထားသော အချက်အလက်များကို ကျွန်ုပ်တို့ ဖော်ပြထားသည်။ ထို့နောက် ဤအချက်အလက်များကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ပုံနှင့် မျှဝေပုံ၊ သင်ရရှိနိုင်သော အခွင့်အရေးများကို မည်သို့ကျင့်သုံးနိုင်ပုံကို ကျွန်ုပ်တို့ ရှင်းပြထားသည်။
“Meta”၊ “ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့၏” သို့မဟုတ် “ကျွန်ုပ်တို့ကို” ဆိုသည်မှာ "သင့်အချက်အလက်အတွက် တာဝန်ရှိသောသူ" တွင် ဖော်ပြထားသည့်အတိုင်း ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒအရ ကိုယ်ရေးကိုယ်တာအချက်အလက်ကို စုစည်းရယူမှုနှင့် အသုံးပြုမှုအတွက် တာဝန်ရှိသော Meta အဖွဲ့အစည်းကို ဆိုလိုသည်။
Workplace ဝန်ဆောင်မှုများ- ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒသည် Workplace ထုတ်ကုန်၊ အက်ပ်များနှင့် ဆက်စပ်အွန်လိုင်းဝန်ဆောင်မှုများ (စုစည်း၍ "Workplace ဝန်ဆောင်မှုများ") အပါအဝင် အသုံးပြုသူများအား အလုပ်တွင် ပူးပေါင်းဆောင်ရွက်နိုင်စေပြီး အချက်အလက်များကို မျှဝေနိုင်စေသည့် ကျွန်ုပ်တို့၏ ဖောက်သည်များထံ ကျွန်ုပ်တို့ ပံ့ပိုးပေးသော အွန်လိုင်း Workplace ထုတ်ကုန်ကို သင်၏ အသုံးပြုမှုနှင့် သက်ဆိုင်ပါ။ သင်၏ Workplace ဝန်ဆောင်မှုများ အသုံးပြုမှုကို ဤနေရာ တွင် တွေ့ရသော "Workplace ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ" မှ ထိန်းချုပ်သည်။

၂။ ကျွန်ုပ်တို့ စုစည်းရယူသော အချက်အလက်

သင့်အကြောင်း အောက်ပါအချက်အလက်များကို ကျွန်ုပ်တို့ စုစည်းရယူသည်-
သင်၏ ဆက်သွယ်ရန်အချက်အလက်။ သင်က ဥပမာအားဖြင့် Workplace အပါအဝင် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဆက်စပ်သည့် အချက်အလက်များကို တောင်းဆိုခြင်း၊ ရင်းမြစ်များကို ဒေါင်းလုဒ်လုပ်ခြင်း၊ ဈေးကွက်ရှာဖွေရေး အကြောင်းအရာများအတွက် စာရင်းသွင်းခြင်း၊ အခမဲ့ အစမ်းသုံးခွင့် တောင်းဆိုခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ပွဲအစီအစဉ်များ သို့မဟုတ် အစည်းအဝေးများထဲမှ တစ်ခုသို့ တက်ရောက်ခြင်းတို့ ပြုလုပ်သည့်အခါ သင်၏ အီးမေးလိပ်စာနှင့် သင့်အမည်၊ ရာထူး၊ အဖွဲ့အစည်းအမည်နှင့် ဖုန်းနံပါတ်ကဲ့သို့ အခြေခံအချက်အလက်များကို ကျွန်ုပ်တို့ စုစည်းရယူသည်။ ဤအချက်အလက်များကို ကျွန်ုပ်တို့အား မပေးအပ်ပါက သင်သည် ဥပမာအားဖြင့် သင်၏ အခမဲ့ Workplace အစမ်းသုံးခွင့်ကို စတင်ရန် အကောင့်တစ်ခုဖွင့်နိုင်မည် မဟုတ်ပါ။ သင်သည် သင့်အဖွဲ့အစည်းသုံး အကောင့်၏ စီမံသူဖြစ်ပါက ကျွန်ုပ်တို့ထံမှ ဈေးကွက်ရှာဖွေရေးဆိုင်ရာ အီလက်ထရောနစ်ဆက်သွယ်မှုများကို လက်ခံရန် သင်သဘောတူသည့်အခါ သင်၏ ဆက်သွယ်ရန် အချက်အလက်များကို ကျွန်ုပ်တို့ စုစည်းရယူသည်။
ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ။ ကျွန်ုပ်တို့ကို သင်ဆက်သွယ်သည့်အခါ သင်သည် ကျွန်ုပ်တို့ကို အခြားအချက်အလက်များ ပေးအပ်နိုင်သည်။ အချက်အလက်အမျိုးအစားသည် ကျွန်ုပ်တို့ကို သင်ဆက်သွယ်ရသည့် အကြောင်းရင်းပေါ် မူတည်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို သင်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြဿနာတစ်ခုရှိပါက သင်သည် သင့်ထံ ဆက်သွယ်နည်းအတွက် အသေးစိတ်အချက်အလက်များ (ဥပမာ- အီးမေးလိပ်စာ) နှင့်အတူ သင့်ပြဿနာကို ဖြေရှင်းရန် အထောက်အကူဖြစ်သည်ဟု သင်ယူဆသော အချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးအပ်နိုင်သည်။ ဥပမာအားဖြင့် သင်သည် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်၏ စွမ်းဆောင်ရည် သို့မဟုတ် အခြားကိစ္စရပ်များနှင့် ဆက်စပ်သော အချက်အလက်များနှင့်အတူ အီးမေးတစ်စောင်ကို ကျွန်ုပ်တို့ထံ ပို့နိုင်သည်။ ထိုနည်းတူ သင်က Workplace ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို ကျွန်ုပ်တို့ထံမှ တောင်းဆိုပါက ဥပမာအားဖြင့် သင်သည် သင့်တောင်းခံမှုကို ကျွန်ုပ်တို့ တုံ့ပြန်နိုင်စေရန် သင်အလုပ်လုပ်သည့်နေရာ သို့မဟုတ် အခြားအချက်အလက်များအကြောင်း ကျွန်ုပ်တို့အား ပြောပြနိုင်သည်။
စစ်တမ်းနှင့် သဘောထားမှတ်ချက် အချက်အလက်။ ကျွန်ုပ်တို့၏ စစ်တမ်းများ သို့မဟုတ် သဘောထားမှတ်ချက် သုံးသပ်မှုများမှ တစ်ခုတွင် သင့်ဆန္ဒအလျောက် ပါဝင်သည့်အခါတွင်လည်း သင့်အကြောင်း အချက်အလက်များကို ကျွန်ုပ်တို့ ရယူသည်။ ဥပမာအားဖြင့် သဘောထားမှတ်ချက် သုံးသပ်မှုတစ်ခုတွင် ပါဝင်ရန် ရွေးချယ်ထားသော Workplace ဖောက်သည် အသိုင်းအဝိုင်းတစ်ခုကို စီစဉ်ခြင်းကဲ့သို့ ကျွန်ုပ်တို့အတွက် စစ်တမ်းများနှင့် သဘောထားမှတ်ချက်အကန့်များကို ဆောင်ရွက်ပေးသည့် ကြားခံပြင်ပ ဝန်ဆောင်မှုပေးသူများနှင့် ကျွန်ုပ်တို့ လက်တွဲအလုပ်လုပ်သည်။ ဤကုမ္ပဏီများသည် သင်၏ အသက်၊ ကျား/မ၊ အီးမေး၊ သင်၏ လုပ်ငန်းရာထူးနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို သင်အသုံးပြုပုံအကြောင်း အသေးစိတ်အချက်အလက်များအပြင် သင်ပေးအပ်သည့် သင့်သဘောထားမှတ်ချက်အပါအဝင် အချို့သောအခြေအနေများတွင် သင့်အကြောင်း ၎င်းတို့ စုစည်းရယူထားသည့် အချက်အလက်များကို ကျွန်ုပ်တို့အား ပေးအပ်သည်။
အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်။ ဝန်ဆောင်မှုနှင့်ဆက်စပ်သည်များ၊ ချို့ယွင်းချက်ရှာဖွေခြင်းနှင့် စွမ်းဆောင်ရည်အချက်အလက်ကဲ့သို့ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များပေါ်ရှိ သင့်လှုပ်ရှားဆောင်ရွက်မှုအကြောင်း အချက်အလက်ကို ကျွန်ုပ်တို့ စုစည်းရယူသည်။ ၎င်းတွင် သင်၏ လှုပ်ရှားဆောင်ရွက်မှု (ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို သင်အသုံးပြုပုံနှင့် အသုံးပြုချိန်၊ အကြိမ်ရေနှင့် သင့်လှုပ်ရှားဆောင်ရွက်မှုများ၏ ကြာချိန်အပါအဝင်)၊ မှတ်တမ်းဖိုင်များနှင့် ချို့ယွင်းချက်ရှာဖွေရေး၊ အက်ပ်ရပ်တန့်မှု၊ ဝက်ဘ်ဆိုက်နှင့် စွမ်းဆောင်ရည် မှတ်တမ်းများ၊ အစီရင်ခံစာများအကြောင်း အချက်အလက်များ ပါဝင်သည်။
ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို သင်ဝင်ရောက်သည့်အခါ သို့မဟုတ် အသုံးပြုသည့်အခါ ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှုဆိုင်ရာ သီးသန့် အချက်အလက်ကို ကျွန်ုပ်တို့ စုစည်းရယူသည်။ ၎င်းတွင် ဟာ့ဒ်ဝဲမော်ဒယ်၊ ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် အချက်အလက်၊ ဘက်ထရီပမာဏ၊ လိုင်းဆွဲအား၊ အက်ပ်ဗားရှင်း၊ ဘရောက်ဇာ အချက်အလက်၊ မိုဘိုင်းကွန်ရက်၊ ချိတ်ဆက်မှု အချက်အလက် (ဖုန်းနံပါတ်၊ မိုဘိုင်းအော်ပရေတာ သို့မဟုတ် ISP အပါအဝင်)၊ ဘာသာစကားနှင့် ဒေသစံတော်ချိန်၊ IP လိပ်စာ၊ စက်စီမံဆောင်ရွက်မှု အချက်အလက်နှင့် အိုင်ဒီများ (ဖုန်း/ကွန်ပျူတာတစ်လုံးတည်း သို့မဟုတ် အကောင့်တစ်ခုတည်းနှင့် ချိတ်ထားသော Meta ကုမ္ပဏီထုတ်ကုန်များအတွက် သီးခြား အိုင်ဒီများအပါအဝင်) ကဲ့သို့ အချက်အလက်များ ပါဝင်သည်။
ကွတ်ကီးများ။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များသည် ကွတ်ကီးများကို အသုံးပြုသည်။ ကွတ်ကီးသည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ အသုံးပြုသူ၏ ဘရောက်ဇာသို့ ပေးပို့သည့် အချက်အလက်အပိုင်းငယ်တစ်ခု ဖြစ်ပြီး အသုံးပြုသူ ပြန်လာသည့်အခါ ၎င်း၏ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို ကျွန်ုပ်တို့ မှတ်မိနိုင်စေရန် အသုံးပြုသူ၏ ဟာ့ဒရိုက်ဗ်တွင် ထိုကွတ်ကီးကို သိမ်းဆည်းနိုင်သည်။ အလားတူလုပ်ဆောင်ချက်ရှိသော အခြားနည်းပညာများကိုလည်း ကျွန်ုပ်တို့ အသုံးပြုသည်။ ကျွန်ုပ်တို့၏ Workplace ဝက်ဘ်ဆိုက်တွင် ကွတ်ကီးများနှင့် အလားတူနည်းပညာများအား ကျွန်ုပ်တို့ အသုံးပြုပုံကို ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒ တွင် ပိုမိုလေ့လာနိုင်ပါသည်။
ကြားခံပြင်ပအဖွဲ့အစည်း အချက်အလက်များ။ ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သို့မဟုတ် လှုပ်ရှားဆောင်ရွက်မှုများကို စီမံဆောင်ရွက်နိုင်ရန်၊ ပံ့ပိုးပေးနိုင်ရန်၊ မြှင့်တင်နိုင်ရန်၊ နားလည်နိုင်ရန်၊ စိတ်ကြိုက်သတ်မှတ်နိုင်ရန်နှင့် ထောက်ပံ့ပေးနိုင်ရန် ကြားခံပြင်ပ ဝန်ဆောင်မှုပေးသူများနှင့် မိတ်ဖက်များနှင့် လက်တွဲအလုပ်လုပ်သည့်နေရာတွင် သင့်အကြောင်း အချက်အလက်များကို ၎င်းတို့ထံမှ ကျွန်ုပ်တို့ စုစည်းရယူသည်။
Meta ၏ ကုမ္ပဏီများ။ ကျွန်ုပ်တို့သည် တိကျသောအခြေအနေများတွင် အခြား Meta ၏ ကုမ္ပဏီများ နှင့် မျှဝေထားသော အခြေခံအဆောက်အအုံ၊ စနစ်များနှင့် နည်းပညာမှ အချက်အလက်များကို စုစည်းရယူသည်။ ကျွန်ုပ်တို့သည် ထုတ်ကုန်တစ်ခုစီ၏ စည်းမျဉ်းများနှင့် မူဝါဒများနှင့်အညီ၊ သက်ဆိုင်ရာ ဥပဒေမှ ခွင့်ပြုထားသည့်အတိုင်း Meta ကုမ္ပဏီထုတ်ကုန်အားလုံးနှင့် သင်၏ ဖုန်း/ကွန်ပျူတာအသီးသီးရှိ သင့်အကြောင်း အချက်အလက်များကိုလည်း စီမံဆောင်ရွက်သည်။
Workplace ဝန်ဆောင်မှုများကို သင်အသုံးပြုချိန် စုစည်းရယူသော အချက်အလက်များသည် Workplace ဝန်ဆောင်မှုများကို သင်အသုံးပြုချိန် သင့်အချက်အလက်များကို စီမံဆောင်ရွက်ပုံအား ထိန်းချုပ်သည့် Workplace ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒပေါ် မူတည်သည်။

၃။ သင့်အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ပုံ

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများကို စီမံဆောင်ရွက်ရန်၊ ပံ့ပိုးပေးရန်၊ မြှင့်တင်ရန်၊ နားလည်ရန်၊ စိတ်ကြိုက်သတ်မှတ်ရန်နှင့် ထောက်ပံ့ပေးရန် (သင်ပြုလုပ်သည့် ရွေးချယ်မှုများနှင့် သက်ဆိုင်ရာဥပဒေပေါ်မူတည်၍) ကျွန်ုပ်တို့တွင်ရှိသော အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုသည်။
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်နှင့် လှုပ်ရှားဆောင်ရွက်မှုများကို ပံ့ပိုးပေးရန်၊ မြှင့်တင်ရန်နှင့် ဖန်တီးရန်။
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ပံ့ပိုးပေးရန်၊ မြှင့်တင်ရန်နှင့် ဖန်တီးရန် ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသည်။ ၎င်းတွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို ယေဘုယျအားဖြင့် အသုံးပြုရန်နှင့် လမ်းညွှန်ရန်၊ နောက်ထပ် အချက်အလက်များအတွက် ကျွန်ုပ်တို့ကို ဆက်သွယ်ရန်၊ နောက်ထပ်ရင်းမြစ်များကို ဝင်ရောက်အသုံးပြုရန်နှင့် အခမဲ့ အစမ်းသုံးခွင့်များအတွက် အကောင့်ဖွင့်ရန် သင့်အား ခွင့်ပြုပေးခြင်း ပါဝင်သည်။ ကျွန်ုပ်တို့သည် ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒနှင့်အညီ ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေး လှုပ်ရှားဆောင်ရွက်မှုများကို လုပ်ဆောင်ရန်အတွက်လည်း သင့်အချက်အလက်များကို အသုံးပြုပါမည်။ သင်ပါဝင်ထားသည့် စစ်တမ်းများနှင့်/သို့မဟုတ် သဘောထားမှတ်ချက် သုံးသပ်မှုများကို ပံ့ပိုးပေးရန်၊ မြှင့်တင်ရန်နှင့် ဖန်တီးရန်အတွက်လည်း သင့်အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုသည်။
ဖောက်သည်များအလိုရှိပြီး နှစ်သက်သည့်အရာများကို နားလည်ရန်။
သဘောထားမှတ်ချက်သုံးသပ်မှု သို့မဟုတ် အခြားသဘောထားမှတ်ချက် လေ့လာမှုများ (ဥပမာအားဖြင့် သင်က အယူအဆအသစ်များကို စမ်းသပ်ပြီး Workplace လုပ်ဆောင်ချက်များကို နမူနာကြည့်သည့်နေရာကဲ့သို့) တွင် သင်ပါဝင်ပါက ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များနှင့် သဘောထားမှတ်ချက်ကို လက်ခံစဉ်းစားပြီး ခွဲခြမ်းစိတ်ဖြာသည်။ ဥပမာအားဖြင့် Workplace သို့မဟုတ် အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက်အသစ်များအား ပြောင်းလဲမည်၊ မပြောင်းလဲမည်ကို အကြောင်းကြားရန် သို့မဟုတ် မိတ်ဆက်ပေးရန်နှင့် အခြားအသေးစိတ် အစီရင်ခံစာများ ရယူရန်အတွက် ဖောက်သည်များ အလိုရှိသည်များနှင့် နှစ်သက်သည်များကို နားလည်ရန် ဤကဲ့သို့ ကျွန်ုပ်တို့လုပ်ဆောင်ရခြင်း ဖြစ်သည်။ သဘောထားမှတ်ချက်သုံးသပ်မှု သို့မဟုတ် အခြားသဘောထားမှတ်ချက် လေ့လာမှုများတွင် သင်၏ ပါဝင်မှုမှ ရရှိလာသော အချက်အလက်များကို ပေါင်းစပ်မည်ဖြစ်ပြီး မည်သူမည်ဝါ ခွဲခြားဖော်ထုတ်ခြင်းမရှိသောပုံစံဖြင့် အသုံးပြုမည်ဖြစ်၍ သဘောထားမှတ်ချက် သို့မဟုတ် အသေးစိတ်အစီရင်ခံစာတစ်ခုတွင် မေးခွန်း သို့မဟုတ် သဘောထားတစ်ခုကို အသုံးပြုပါက အစီရင်ခံစာတွင် ထိုအရာကို သင်နှင့်ကိုယ်ရေးကိုယ်တာအရ ဆက်စပ်၍ ထည့်သွင်းမည်မဟုတ်ပါ။
သင့်ကို ဆက်သွယ်ခြင်း။
သင့်ထံ ဈေးကွက်ရှာဖွေရေး ဆက်သွယ်မှုများ ပို့ရန်၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ သင့်အား ဆက်သွယ်ရန်အပြင် သက်ဆိုင်ပါက ကျွန်ုပ်တို့၏ သက်ဆိုင်သော မူဝါဒများနှင့် စည်းမျဉ်းများနှင့် ပတ်သက်၍ သင့်အား အသိပေးရန်အတွက် ကျွန်ုပ်တို့တွင်ရှိသော အချက်အလက်ကို အသုံးပြုပါသည်။ ကျွန်ုပ်တို့အား သင် ဆက်သွယ်သည့်အခါ သင့်ကိုတုံ့ပြန်ရန် သင့်အချက်အလက်ကိုလည်း ကျွန်ုပ်တို့အသုံးပြုပါသည်။
ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာခြင်းကို ပံ့ပိုးပေးရန်၊ တစ်ဦးချင်းစိတ်ကြိုက်သတ်မှတ်ရန်၊ တိုင်းတာရန်နှင့် မြှင့်တင်ရန်။
ပင်မအဖွဲ့အစည်းနှင့် ကြားခံပြင်ပ ကွန်ရက်များမှတစ်ဆင့် အပါအဝင် ရည်ရွယ်ထားသော ကြော်ငြာများအတွက်အပြင် ပင်မအဖွဲ့အစည်းနှင့် ကြားခံပြင်ပ ကြော်ငြာကွန်ရက်များတွင် အလားတူ ပရိသတ်များ၊ စိတ်ကြိုက်ပရိသတ်များနှင့် တိုင်းတာချက်များ ဖန်တီးခြင်းအတွက် သင့်အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုနိုင်သည်။
အန္တရာယ်ကင်းရှင်းရေး၊ သမာသမတ်ကျမှုနှင့် ဘေးကင်းလုံခြုံရေးကို အားပေးမြှင့်တင်ခြင်း။
သံသယဖြစ်ဖွယ်အပြုအမူ ပုံစံများကို ခွဲခြားဖော်ထုတ်ရန်နှင့် စုံစမ်းစစ်ဆေးရန် သင်၏ ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်များကို ကျွန်ုပ်တို့ ခွဲခြမ်းစိတ်ဖြာသည်။
အချက်အလက်များကို ထိန်းသိမ်းရန်နှင့် ဥပဒေစိုးမိုးရေးအဖွဲ့များ အပါအဝင် အခြားသူများထံ မျှဝေရန်နှင့် ဥပဒေရေးရာ တောင်းဆိုမှုများကို တုံ့ပြန်ရန်။
ကျွန်ုပ်တို့က ဥပဒေအရ တာဝန်ဝတ္တရားများကို လိုက်နာရသည့်အခါတွင်၊ ဥပမာအားဖြင့် စည်းကမ်းထိန်းသိမ်းရေးအရာရှိ၊ ဥပဒေစိုးမိုးရေးအဖွဲ့များ သို့မဟုတ် အခြားသူများထံမှ တရားဝင်ဥပဒေရေးရာ တောင်းဆိုချက်ရှိလျှင် အချက်အလက်အချို့ကို ရယူအသုံးပြုရန်၊ ထိန်းသိမ်းထားရန် သို့မဟုတ် ထုတ်ဖော်ရန် သင့်အချက်အလက်များကို ကျွန်ုပ်တို့စီမံဆောင်ရွက်ပါသည်။ ၎င်းတွင် ကျွန်ုတို့အား သက်ဆိုင်ရာဥပဒေမှ အတင်းအကျပ်မခိုင်းသော်လည်း သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေတွင် ဥပဒေအရ လိုအပ်သည်ဟု ကျွန်ုပ်တို့တွင် သဘောရိုးဖြင့် ယုံကြည်ချက်ရှိလျှင် ဥပဒေရေးရာ တောင်းဆိုချက်များကို တုံ့ပြန်ခြင်း သို့မဟုတ် ရိုင်းစိုင်းသော သို့မဟုတ် တရားမဝင်သော အပြုအမူကို ချေမှုန်းရန် ဥပဒေစိုးမိုးရေး သို့မဟုတ် လုပ်ငန်းမိတ်ဖက်များထံ အချက်အလက်များကို မျှဝေခြင်းတို့ ပါဝင်နိုင်သည်။ ဥပမာအားဖြင့် စုံစမ်းစစ်ဆေးမှုတစ်ခု၏ ရည်ရွယ်ချက်များအတွက် လိုအပ်လျှင် ဥပဒေစိုးမိုးရေးအဖွဲ့မှ တောင်းဆိုသည့်အခါ အသုံးပြုသူအချက်အလက်များ၏ လျှပ်တစ်ပြက်မှတ်တမ်းတစ်ခုကို ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သည်။ တရားစွဲဆိုမှုနှင့် အခြားအငြင်းပွားမှုများနှင့် ပတ်သက်သည့် အခြေအနေတွင် ကျွန်ုပ်တို့က ဥပဒေရေးရာ အကြံဉာဏ်ကို ရယူသည့်အခါ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် ကြိုးပမ်းသည့်အခါ ကျွန်ုပ်တို့သည် အချက်အလက်များကို ထိန်းသိမ်းပြီး မျှဝေသည်။ ၎င်းတွင် ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်မှုများကဲ့သို့ ကိစ္စရပ်များ ပါဝင်သည်။ အချို့ဖြစ်စဉ်များတွင် ဥပဒေအရလိုအပ်သည့်အခါ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့အား ပေးအပ်ရန် ပျက်ကွက်လျှင် သင်နှင့် Meta က သက်ဆိုင်ရာဥပဒေကို ချိုးဖောက်ရာရောက်စေနိုင်သည်။

၄။ ကျွန်ုပ်တို့မျှဝေသည့် အချက်အလက်

ကျွန်ုပ်တို့သည် မိတ်ဖက်များနှင့် ကြားခံပြင်ပ အဖွဲ့အစည်းများအား ကျွန်ုပ်တို့ ပံ့ပိုးပေးသော အချက်အလက်များကို ၎င်းတို့က မည်သို့ အသုံးပြုနိုင်သည်၊ အသုံးမပြုနိုင်သည်နှင့် မည်သို့ထုတ်ဖော်နိုင်သည်နှင့် ပတ်သက်သော စည်းမျဉ်းများကို လိုက်နာရန် သတ်မှတ်ထားပါသည်။ ကျွန်ုပ်တို့က အချက်အလက်များကို မည်သူတို့နှင့် မျှဝေသည့်အကြောင်း နောက်ထပ် အသေးစိတ်အချက်များကို ဤတွင်ဖော်ပြထားသည်-
ကြားခံပြင်ပ မိတ်ဖက်များနှင့် ဝန်ဆောင်မှုပေးသူများ- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများကို တာဝန်ယူဆောင်ရွက်နိုင်ရန် ကြားခံပြင်ပ မိတ်ဖက်များ၊ ကြားခံပြင်ပ ဝန်ဆောင်မှုပေးသူများနှင့် လက်တွဲအလုပ်လုပ်သည်။ ၎င်းတို့က ကျွန်ုပ်တို့ကို ပံ့ပိုးကူညီပုံ သို့မဟုတ် ကျွန်ုပ်တို့နှင့် လက်တွဲအလုပ်လုပ်ပုံပေါ်မူတည်၍ ဤလုပ်နိုင်စွမ်းဖြင့် အချက်အလက်များကို ကြားခံပြင်ပ ဝန်ဆောင်မှုပေးသူများနှင့် ကျွန်ုပ်တို့ မျှဝေသည့်အခါ ကျွန်ုပ်တို့၏ ညွှန်ကြားချက်များနှင့် စည်းမျဉ်းများနှင့်အညီ ကျွန်ုပ်တို့၏ကိုယ်စား သင့်အချက်အလက်များကို ၎င်းတို့အသုံးပြုနိုင်စေရန် သတ်မှတ်ထားသည်။ ကျွန်ုပ်တို့သည် အမျိုးမျိုးသော မိတ်ဖက်များနှင့် ဝန်ဆောင်မှုပေးသူများ၊ အတိအကျပြောရသော် ဈေးကွက်ရှာဖွေရေး၊ ခွဲခြမ်းစိတ်ဖြာမှု၊ စစ်တမ်းများ၊ သဘောထားမှတ်ချက် သုံးသပ်မှုများနှင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်ခြင်းဖြင့် ကျွန်ုပ်တို့ကို ထောက်ပံ့ပေးသည့်သူများနှင့် လက်တွဲအလုပ်လုပ်သည်။
Meta ၏ ကုမ္ပဏီများ- ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ဆက်စပ်၍ သို့မဟုတ် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များမှတစ်ဆင့် ကျွန်ုပ်တို့စုစည်းရယူသည့် အချက်အလက်များ၊ အခြေခံ အဆောက်အအုံ၊ စနစ်များနှင့် နည်းပညာများကို အခြား Meta ကုမ္ပဏီများနှင့် မျှဝေပါသည်။ မျှဝေခြင်းသည် အန္တရာယ်ကင်းရှင်းမှု၊ ဘေးကင်းလုံခြုံမှုနှင့် သမာသမတ်ကျမှုတို့ကို အားပေးမြှင့်တင်ရန်၊ ကမ်းလှမ်းချက်များနှင့် ကြော်ငြာများကို တစ်ဦးချင်းစိတ်ကြိုက်သတ်မှတ်ရန်၊ သက်ဆိုင်ရာဥပဒေများကို လိုက်နာရန်၊ လုပ်ဆောင်ချက်များနှင့် ပေါင်းစပ်မှုများကို ဖန်တီးပြီး ပံ့ပိုးပေးရန်နှင့် Meta ကုမ္ပဏီထုတ်ကုန်များကို လူအများ မည်သို့အသုံးပြုပုံနှင့် တုံ့ပြန်ဆက်သွယ်ပုံတို့ကို နားလည်ရန် ကျွန်ုပ်တို့ကို ကူညီပေးသည်။
ဥပဒေရေးရာနှင့် လေးစားလိုက်နာခြင်း- ကျွန်ုပ်တို့သည် (၁) ရှာဖွေခွင့် ဝရမ်းများ၊ တရားရုံးအမိန့်များ၊ ထုတ်လုပ်မှု အမိန့်များ သို့မဟုတ် ဆင့်ခေါ်စာများကဲ့သို့ ဥပဒေရေးရာ တောင်းဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် သင့်အချက်အလက်များကို ဝင်ရောက်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် မျှဝေခြင်းတို့ကို ပြုလုပ်နိုင်သည်။ ဤတောင်းဆိုမှုများသည် အရပ်ဘက် တရားစွဲဆိုသူများ၊ ဥပဒေစိုးမိုးရေးနှင့် အခြားအစိုးရအာဏာပိုင်များကဲ့သို့ ကြားခံပြင်ပအဖွဲ့များထံမှ ရောက်ရှိလာပါသည်။ ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို (၂) သက်ဆိုင်ရာဥပဒေနှင့်အညီ၊ (၃) Meta ထုတ်ကုန်များ၊ အသုံးပြုသူများ၊ ဝန်ထမ်းများ၊ ပိုင်ဆိုင်မှုနှင့် အများပြည်သူ၏ အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ကျမှုတို့ကို အားပေးမြှင့်တင်ရန် အဆိုပါတောင်းဆိုချက်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တုံ့ပြန်ခြင်းတွင် ကျွန်ုပ်တို့ကို ကူညီပေးသည့် အခြား Meta ၏ ကုမ္ပဏီများ သို့မဟုတ် ကြားခံပြင်ပအဖွဲ့အစည်းများ အပါအဝင် အခြားအဖွဲ့အစည်းများနှင့်လည်း မျှဝေနိုင်သည်။ ၎င်းတွင် သဘောတူစာချုပ် ချိုးဖောက်မှု၊ ကျွန်ုပ်တို့၏ စည်းမျဉ်းများ သို့မဟုတ် မူဝါဒများကို ချိုးဖောက်မှု သို့မဟုတ် ဥပဒေဆန့်ကျင်မှုကို စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားမှုကို ထောက်လှမ်းခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် တားဆီးခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် ပါဝင်သည်။ ဥပဒေရေးရာ တောင်းဆိုမှုများကို ပြဋ္ဌာန်းခြင်း၊ ကျင့်သုံးခြင်း သို့မဟုတ် ခုခံချေပခြင်းအတွက် လိုအပ်လျှင်၊ လူပုဂ္ဂိုလ်များ သို့မဟုတ် ပိုင်ဆိုင်မှု၏ အမှန်တကယ် သို့မဟုတ် သံသယရှိဖွယ် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှုကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် တားဆီးရန်အတွက်လည်း သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်နိုင်သည်။
လုပ်ငန်း ရောင်းချခြင်း- ကျွန်ုပ်တို့၏ လုပ်ငန်း အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို အခြားသူတစ်ဦးထံ ရောင်းချပါက သို့မဟုတ် လွှဲပြောင်းပါက ထိုသို့ပြုလုပ်ပြီးနောက်ပိုင်းတွင် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ထိုရောင်းဝယ်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် သင့်အချက်အလက်များကို ပိုင်ရှင်အသစ်ထံ ကျွန်ုပ်တို့ ပေးအပ်နိုင်ပါသည်။

၅။ သင်၏ အခွင့်အရေးများကို ကျင့်သုံးနိုင်ပုံ

သက်ဆိုင်ရာဥပဒေနှင့် သင်နေထိုင်ရာနေရာပေါ် မူတည်၍ သင့်တွင် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် စပ်လျဉ်း၍ အခွင့်အရေးများရှိသည်။ ဤအခွင့်အရေးအချို့သည် ယေဘုယျအားဖြင့် သက်ရောက်သော်လည်း အချို့သောအခွင့်အရေးများသည် ကန့်သတ်ထားသော အမှုကိစ္စများ သို့မဟုတ် အချို့သော တရားစီရင်ပိုင်ခွင့်နယ်မြေများတွင်သာ သက်ရောက်သည်။ ဤနေရာတွင် ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်းဖြင့် သင့်အခွင့်အရေးများကို ကျင့်သုံးနိုင်သည်။
  • ဝင်ရောက်အသုံးပြုနိုင်ခွင့်/သိရှိခွင့် - သင်၏အချက်အလက်ကို ဝင်ရောက်အသုံးပြုရန် တောင်းဆိုခွင့်နှင့် ကျွန်ုပ်တို့စုစည်းရယူ၊ အသုံးပြုပြီး ထုတ်ဖော်သည့် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အမျိုးအစားအပါအဝင် အချို့သောအချက်အလက်များ၏ မိတ္တူနှင့် ကျွန်ုပ်တို့၏ ဒေတာကျင့်ထုံးများအကြောင်း အချက်အလက်များပံ့ပိုးမှုကို ရရှိခွင့် သင့်တွင် ရှိပါသည်။
  • ပြင်ဆင်ခွင့် - မတိကျသော သင့်အကြောင်း ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့အား ပြင်ဆင်ခိုင်းပိုင်ခွင့် သင့်တွင်ရှိသည်။
  • ဖျက်ပစ်ခွင့်/ဖျက်ရန် တောင်းဆိုခွင့် - အချို့သော အခြေအနေများ၌ ထိုသို့ပြုလုပ်ရန် ခိုင်လုံသောအကြောင်းရင်းများရှိပြီး သက်ဆိုင်ရာဥပဒေအရဖြစ်မှသာလျှင် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပေးရန် ကျွန်ုပ်တို့အား တောင်းဆိုပိုင်ခွင့် သင့်တွင်ရှိသည်။
  • အချက်အလက် လွှဲပြောင်းခွင့် - အချို့သောအခြေအနေများ၌ သင်၏ အချက်အလက်များကို စနစ်ကျသော၊ အသုံးများပြီး စက်ဖြင့်ဖတ်နိုင်သော ပုံစံဖြင့် လက်ခံရန်နှင့် ထိုကဲ့သို့အချက်အလက်များကို အခြားထိန်းချုပ်သူထံသို့ လွှဲပြောင်းရန် အခွင့်အရေး သင့်တွင်ရှိသည်။
  • ကန့်ကွက်ခွင့်/လက်မခံရန် ရွေးချယ်ခွင့် (ဈေးကွက်ရှာဖွေရေး) - တိုက်ရိုက်ဈေးကွက်ရှာဖွေရေး၊ စုစည်းစီမံခြင်းနှင့် အလိုအလျောက် ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် စီမံဆောင်ရွက်ခြင်းကို အချိန်မရွေး သင့်တွင် ကန့်ကွက်ပိုင်ခွင့်ရှိသည်။ ကျွန်ုပ်တို့က သင့်အချက်အလက်များကို တိုက်ရိုက်ဈေးကွက်ရှာဖွေရေးအတွက် အသုံးပြုပါက ထိုကဲ့သို့ဆက်သွယ်မှုများထဲရှိ စာရင်းသွင်းမှုဖြုတ်ရန် လင့်ခ်ကို အသုံးပြု၍ နောင်တွင် တိုက်ရိုက်ဈေးကွက်ရှာဖွေခြင်း မက်ဆေ့များကို ကန့်ကွက်ပြီး လက်မခံရန် ရွေးချယ်နိုင်သည်။
  • ကန့်ကွက်ခွင့် - သင့်အချက်အလက်များကို စီမံဆောင်ရွက်မှုအချို့နှင့် စပ်လျဉ်း၍ သင့်တွင် ကန့်ကွက်ခွင့်နှင့် ကန့်သတ်ခွင့် ရှိပါသည်။ တရားဝင် အကျိုးစီးပွားများကို ကျွန်ုပ်တို့ အမှီပြုသည့်အခါ သို့မဟုတ် အများပြည်သူ အကျိုးစီးပွားဆိုင်ရာ အလုပ်တစ်ခု လုပ်ဆောင်သောအခါ သင့်အချက်အလက်များကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ခြင်းအား သင်ကန့်ကွက်နိုင်သည်။ ကန့်ကွက်မှုတစ်ခုကို အကဲဖြတ်ရာတွင် အောက်ပါတို့အပါအဝင် အကြောင်းအချက်များစွာကို ကျွန်ုပ်တို့ လက်ခံစဉ်းစားပါမည်- သင်၏ အကျိုးစီးပွားများ သို့မဟုတ် အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များက အလေးသာခြင်းမရှိသော ဤစီမံဆောင်ရွက်မှု သို့မဟုတ် ဥပဒေရေးရာ အကြောင်းရင်းများအတွက် လိုအပ်သော စီမံဆောင်ရွက်မှုအတွက် မဖြစ်မနေလုပ်ရမည့် တရားဝင် အခြေခံအကြောင်းအချက်များကို ကျွန်ုပ်တို့ မတွေ့ရှိလျှင် သင်၏ ကန့်ကွက်မှုကို အတည်ပြုမည်ဖြစ်ပြီး သင်၏ အချက်အလက်များကို စီမံဆောင်ရွက်ခြင်းအား ကျွန်ုပ်တို့ရပ်တန့်ပေးပါမည်။ တိုက်ရိုက် ဈေးကွက်ရှာဖွေခြင်းအတွက် သင့်အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုခြင်းအား တားမြစ်ရန် ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေး ဆက်သွယ်ပြောဆိုမှုများထဲရှိ "စာရင်းသွင်းမှုဖြုတ်ရန်" လင့်ခ်ကိုလည်း သင်နောက်ထပ်အသုံးပြုနိုင်သည်။
    • သင်၏ ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက်များ
    • သင်၊ ကျွန်ုပ်တို့၊ အခြားအသုံးပြုသူများ သို့မဟုတ် ကြားခံပြင်ပအဖွဲ့များအတွက် အကျိုးခံစားခွင့်များနှင့် အန္တရာယ်များ
    • တူညီသော ရည်ရွယ်ချက်တစ်ခုကို အောင်မြင်ရရှိစေရန် စွက်ဖက်နှောင့်ယှက်မှု နည်းပါးပြီး အချိုးကျမမျှတသည့် ကြိုးပမ်းအားထုတ်မှု မလိုသော အခြားရရှိနိုင်သည့် နည်းလမ်းများ
  • သင့်သဘောတူညီချက်ကို ရုပ်သိမ်းခွင့် - အချို့သောစီမံဆောင်ရွက်ခြင်း လုပ်ဆောင်ချက်များအတွက် သင့်သဘောတူညီချက်ကို ကျွန်ုပ်တို့ တောင်းခံထားလျှင် သင့်တွင် အဆိုပါသဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းခွင့်ရှိသည်။ ထိုသို့ရုပ်သိမ်းလိုက်ခြင်းသည် သင့်သဘောတူညီချက်ကို မရုပ်သိမ်းမီ တာဝန်ယူဆောင်ရွက်ထားသော မည်သည့်စီမံဆောင်ရွက်မှုမဆို၏ ဥပဒေနှင့်ညီညွတ်မှုအပေါ် မထိခိုက်စေရကြောင်းကို သတိပြုပါ။
  • တိုင်ကြားခွင့် - သင်၏ဒေသတွင်း ကြီးကြပ်ရေးအာဏာပိုင်ထံလည်း သင်တိုင်ကြားနိုင်ပါသည်။ Meta Platforms Ireland Limited ၏ ဦးဆောင်ကြီးကြပ်ရေး အာဏာပိုင်သည် အိုင်ယာလန် အချက်အလက် ကာကွယ်ပေးမှု ကော်မရှင်ဖြစ်သည်။
  • ခွဲခြားဆက်ဆံခြင်းမခံရခွင့်- ဤအခွင့်အရေးတစ်ခုခုကို ကျင့်သုံးခြင်းအတွက် သင့်အား ကျွန်ုပ်တို့ခွဲခြားဆက်ဆံမည်မဟုတ်ပါ။
သင်၏ အချက်အလက်များနှင့် ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေး ဝန်ဆောင်မှုများ၏ စစ်မှန်မှုကို ကာကွယ်ရန်အတွက် သင်၏တောင်းဆိုမှုကို ဆက်လက်မဆောင်ရွက်မီတွင် သင်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် လိုအပ်နိုင်သည်ကို မှတ်ထားပေးပါ။ အချို့ကိစ္စများတွင် သင်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်အတွက် တရားစီရင်ပိုင်ခွင့်နယ်မြေအချို့တွင် အစိုးရကထုတ်ပေးထားသည့် အိုင်ဒီကဲ့သို့သော ထပ်ဆောင်းအချက်အလက်များကို စုစည်းရယူရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ အချို့သောဥပဒေများအောက်တွင် ဤအခွင့်အရေးများကို သင်ကိုယ်တိုင် ကျင့်သုံးနိုင်သည် သို့မဟုတ် ဤတောင်းဆိုမှုများအား သင့်ကိုယ်စား ဆောင်ရွက်ပေးရန် အခွင့်ရကိုယ်စားလှယ်တစ်ဦးကိုလည်း ခန့်အပ်နိုင်ပါသည်။
ဘရာဇီးနိုင်ငံသားဆိုင်ရာ အထွေထွေအချက်အလက် ကာကွယ်ရေးဥပဒေ
ဤကဏ္ဍသည် ဘရာဇီးဥပဒေအရ ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်မှု လုပ်ဆောင်ချက်များအပေါ် သက်ရောက်ပြီး ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒကို ဖြည့်စွက်ပေးသည်။
ဘရာဇီးနိုင်ငံသားဆိုင်ရာ အထွေထွေအချက်အလက် ကာကွယ်ရေးဥပဒေ ("LGPD”) အရ သင့်အချက်အလက်များကို ဝင်ရောက်သုံးစွဲခွင့်၊ ပြင်ဆင်ခွင့်၊ လွှဲပြောင်းခွင့်၊ ဖျက်ခွင့်နှင့် ၎င်းတို့ကို ကျွန်ုပ်တို့စီမံဆောင်ရွက်ခြင်းအား အတည်ပြုခွင့် သင့်တွင်ရှိသည်။ အခြေအနေအချို့တွင် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စီမံဆောင်ရွက်မှုအား ကန့်ကွက်ခွင့်နှင့် ကန့်သတ်ခွင့်လည်း သင့်တွင်ရှိသည် သို့မဟုတ် သင်၏ သဘောတူညီချက်အပေါ်အခြေခံ၍ သင်ကျွန်ုပ်တို့ထံ ပေးထားသော အချက်အလက်များကို ကျွန်ုပ်တို့စီမံဆောင်ရွက်သောအခါ သင့်သဘောတူညီချက်ကို ရုပ်သိမ်းနိုင်ပါသည်။ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒတွင် ဒေတာများကို ကြားခံပြင်ပအဖွဲ့များနှင့် ကျွန်ုပ်တို့မည်သို့မျှဝေပုံအကြောင်း အချက်အလက်များကို ဖော်ပြပေးထားသည်။ ကျွန်ုပ်တို့၏ ဒေတာကျင့်ထုံးများနှင့် ပတ်သက်၍ နောက်ထပ်အချက်အလက်များကို တောင်းခံရန် ဤနေရာ ကို နှိပ်ပါ။
သင့်အနေဖြင့် DPA သို့ တိုက်ရိုက်ဆက်သွယ်၍ ဘရာဇီး အချက်အလက် ကာကွယ်ရေး အာဏာပိုင်အဖွဲ့ထံ အသနားခံလွှာတင်ခွင့်လည်း ရှိသည်။

၆။ သင့်အချက်အလက်ကို ထိန်းသိမ်းခြင်း

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် လိုအပ်သည့်အချိန်အထိသာ ထိန်းသိမ်းထားပါမည်။ သဘောထားမှတ်ချက်သုံးသပ်မှု သို့မဟုတ် သဘောထားမှတ်ချက်လေ့လာမှုများတွင် သင်ပါဝင်သည့်အခါ ကျွန်ုပ်တို့စုစည်းရယူသော သင့်အချက်အလက်များကို စီမံကိန်း၏ ကြာချိန်ကာလအထိနှင့် ခွဲခြားစိတ်ဖြာမှုကို ဆောင်ရွက်ရန်၊ အပြန်အလှန်စိစစ်သုံးသပ်မှုကို တုံ့ပြန်ရန် သို့မဟုတ် အခြားတစ်နည်းအားဖြင့် သဘောထားမှတ်ချက်ကို အတည်ပြုရန် လိုအပ်သည့်အတိုင်း ထိုနောက်ပိုင်းအချိန်ကာလအထိ ထိန်းသိမ်းထားပါမည်။ Meta သည် အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ကျင့်သုံးပြဋ္ဌာန်းရန် ကျွန်ုပ်တို့၏ ဥပဒေရေးရာ တာဝန်ဝတ္တရားများ (ဥပမာအားဖြင့် ကျွန်ုပ်တို့အနေဖြင့် သက်ဆိုင်ရာဥပဒေကို လိုက်နာရန်အတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းသိမ်းထားရန် လိုအပ်လျှင်) ကို လိုက်နာရန် လိုအပ်သည့်အတိုင်းအတာအထိ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းသိမ်းထားပြီး အသုံးပြုပါမည်။ ဤထိန်းသိမ်းရေးကာလများ ကျော်လွန်သွားပြီး အဆိုပါကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းသိမ်းထားရန် ကျွန်ုပ်တို့တွင် နောက်ထပ်တိကျသော အကြောင်းပြချက် မရှိတော့သည်နှင့် သက်ဆိုင်ရာကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပစ်ပါမည်။

၇။ ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ စုစည်းရယူသည့် အချက်အလက်များကို ကျွန်ုပ်တို့၏ရုံးများနှင့် ဒေတာစင်တာများအတွင်းနှင့် ပြင်ပမှ ကျွန်ုပ်တို့၏ ရောင်းချသူများ၊ ဝန်ဆောင်မှုပေးသူများနှင့် ကြားခံအဖွဲ့အစည်းများထံ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျှဝေပါသည်။ Meta သည် ကမ္ဘာတစ်ဝှမ်းမှ ဖောက်သည်များနှင့် ဝန်ထမ်းများဖြင့် တစ်ကမ္ဘာလုံးတွင် လည်ပတ်လုပ်ဆောင်နေသောကြောင့် အောက်ပါတို့ အပါအဝင် အကြောင်းအရင်း အမျိုးမျိုးအတွက် လွှဲပြောင်းပေးပို့မှုများပြုလုပ်ရန် လိုအပ်ပါသည်-
  • သို့မှသာ ကျွန်ုပ်တို့သည် ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ၏ စည်းမျဉ်းများတွင် ဖော်ပြထားသည့် ဝန်ဆောင်မှုများကို ပံ့ပိုးလုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်
  • သို့မှသာ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒနှင့်အညီ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပြင်ဆင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် မြှင့်တင်ခြင်းတို့ကို လုပ်ဆောင််နိုင်ပါမည်
အချက်အလက်များကို မည်သည့်နေရာသို့ လွှဲပြောင်းပါသလဲ။
သင့်အချက်အလက်များကို အောက်ပါနေရာများသို့ လွှဲပြောင်းခြင်း သို့မဟုတ် ထုတ်လွှင့်ပေးပို့ခြင်း သို့မဟုတ် ယင်းနေရာများတွင် သိမ်းဆည်းကာ စီမံဆောင်ရွက်ခြင်းတို့ ပြုလုပ်ပါမည်-
  • အမေရိကန်ပြည်ထောင်စု၊ အိုင်ယာလန်၊ ဒိန်းမတ်နှင့် ဆွီဒင်တို့ အပါအဝင် အခြားနိုင်ငံများအတွင်းရှိ ကျွန်ုပ်တို့၏ အခြေခံအဆောက်အအုံ သို့မဟုတ် ဒေတာစင်တာများရှိသည့် နေရာများ
  • Workplace ကို အသုံးပြုနိုင်သော နိုင်ငံများ
  • ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် သင်နေထိုင်သည့် နိုင်ငံပြင်ပရှိ ကျွန်ုပ်တို့၏ ရောင်းချသူများ၊ ဝန်ဆောင်မှု ပေးသူများနှင့် ကြားခံအဖွဲ့အစည်းများ တည်ရှိသည့် အခြားနိုင်ငံများ။
သင့်အချက်အလက်များကို ကျွန်ုပ်တို့မည်သို့ ကာကွယ်ထိန်းသိမ်းသနည်း။
ကျွန်ုပ်တို့သည် နိုင်ငံတကာအချက်အလက် လွှဲပြောင်းမှုများအတွက် သင့်လျော်သော ယန္တရားများကို အားထားသည်။
ကမ္ဘာလုံးဆိုင်ရာ အချက်အလက် လွှဲပြောင်းမှုများအတွက် ကျွန်ုပ်တို့အသုံးပြုသော ယန္တရားများ
ကျွန်ုပ်တို့သည် နိုင်ငံတကာ လွှဲပြောင်းမှုများအတွက် သင့်လျော်သော ယန္တရားများကို အားထားသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ စုစည်းရယူသော အချက်အလက်အတွက်-
ဥရောပ စီးပွားရေး နယ်မြေ
  • ဥရောပ စီးပွားရေးနယ်မြေပြင်ပရှိ အချို့သော နိုင်ငံများနှင့် နယ်မြေများသည် ကိုယ်ရေးကိုယ်တာ အချက်အလက်အတွက် လုံလောက်သော ကာကွယ်ပေးမှုအဆင့်ကို သေချာလုပ်ဆောင်ထားကြောင်း အသိအမှတ်ပြုသည့် ဥရောပ ကော်မရှင်ထံမှ ဆုံးဖြတ်ချက်များအပေါ် ကျွန်ုပ်တို့အမှီပြုပါသည်။ ဤဆုံးဖြတ်ချက်များကို "ပြည့်မီလုံလောက်မှု ဆုံးဖြတ်ချက်များ" ဟု ရည်ညွှန်းသည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် သက်ဆိုင်ရာ ပြည့်မီလုံလောက်မှု ဆုံးဖြတ်ချက်များပေါ်အခြေခံ၍ ဥရောပ စီးပွားရေးနယ်မြေမှ စုစည်းရယူထားသော အချက်အလက်ကို အာဂျင်တီးနား၊ အစ္စရေး၊ နယူးဇီလန်၊ ဆွစ်ဇာလန်နှင့် ဆုံးဖြတ်ချက်အကျုံးဝင်ပါက ကနေဒါသို့ လွှဲပြောင်းပါသည်။ နိုင်ငံတစ်ခုစီအတွက် ပြည့်မီလုံလောက်မှု ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပိုမိုလေ့လာပါ။ Meta Platforms, Inc. သည် EU-U.S. အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဘောင်တွင် ၎င်း၏ ပါဝင်လိုက်နာမှုကို တရားဝင် အတည်ပြုထားသည်။ ထိုတရားဝင်အတည်ပြုမှုတွင် ဖော်ပြထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် အချက်အလက်လွှဲပြောင်းခြင်း ကိစ္စရပ်များတွင် ကျွန်ုပ်တို့သည် EU-U.S. အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဘောင်နှင့် ဥရောပကော်မရှင်၏ ဆက်စပ်သော ပြည့်မီလုံလောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို အားထားအမှီပြုပါသည်။ နောက်ထပ်အချက်အလက်များအတွက် Meta Platforms, Inc. ၏ အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဘောင် ထုတ်ဖော်ချက်ကို ပြန်လည်သုံးသပ်ပါ။
  • အခြားအခြေအနေများတွင် ပြင်ပနိုင်ငံသို့ အချက်အလက် လွှဲပြောင်းရန် ဥရောပကော်မရှင်က အတည်ပြုထားသော စံစာချုပ်ဆိုင်ရာ ဥပဒေအပိုဒ်ငယ်များ (ဆက်စပ်ပါက ၎င်းတို့နှင့် ညီမျှသည့် ယူကေအတွက် စံစာချုပ်ဆိုင်ရာ ဥပဒေအပိုဒ်ငယ်များ) သို့မဟုတ် သက်ဆိုင်ရာဥပဒေအောက်တွင် ပေးအပ်ထားသော ဖြေလျှော့မှုများကို ကျွန်ုပ်တို့အမှီပြုပါသည်။
ကျွန်ုပ်တို့၏ နိုင်ငံတကာ အချက်အလက် လွှဲပြောင်းမှုများနှင့် စံစာချုပ်ဆိုင်ရာ ဥပဒေအပိုဒ်ငယ်များအကြောင်း သင့်တွင် မေးစရာများရှိပါက ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။
ကိုရီးယား
ကျွန်ုပ်တို့၏ ကိုရီးယားနိုင်ငံ ကိုယ်ရေးလုံခြုံမှုသတိပေးချက် ကို သုံးသပ်ဖတ်ရှုခြင်းဖြင့် သင့်အတွက်ရရှိနိုင်သော ကိုယ်ရေးလုံခြုံမှုအခွင့်အရေးများ၊ သင့်အချက်အလက်များကို ကျွန်ုပ်တို့မျှဝေသည့် ကြားခံပြင်ပ အဖွဲ့အစည်းများအကြောင်း အသေးစိတ်အချက်များနှင့် အခြားကိစ္စရပ်များကို ပိုမိုလေ့လာပါ။
ROW-
  • အခြားအခြေအနေများတွင် ပြင်ပနိုင်ငံသို့ အချက်အလက် လွှဲပြောင်းရန် ဥရောပကော်မရှင်က အတည်ပြုထားသော စံစာချုပ်ဆိုင်ရာ ဥပဒေအပိုဒ်ငယ်များ (ဆက်စပ်ပါက ၎င်းတို့နှင့် ညီမျှသည့် ယူကေအတွက် စံစာချုပ်ဆိုင်ရာ ဥပဒေအပိုဒ်ငယ်များ) သို့မဟုတ် သက်ဆိုင်ရာဥပဒေအောက်တွင် ပေးအပ်ထားသော ဖြေလျှော့မှုများကို ကျွန်ုပ်တို့အမှီပြုသည်။
  • ကျွန်ုပ်တို့သည် အခြားနိုင်ငံများတွင် လုံလောက်သည့် အချက်အလက်ကာကွယ်ပေးမှု အဆင့်များ ရှိ၊ မရှိနှင့် ပတ်သက်၍ ဥရောပကော်မရှင်နှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များထံမှ ဆုံးဖြတ်ချက်များကို အမှီပြုပါသည်။
  • ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားသက်ဆိုင်ရာ နိုင်ငံများသို့ အချက်အလက် လွှဲပြောင်းမှုများအပေါ် အကျုံးဝင် သက်ရောက်သည့် သက်ဆိုင်ရာ ဥပဒေများအောက်ရှိ တူညီသော ယန္တရားများကို အသုံးပြုပါသည်။
သင့်အချက်အလက်များကို ကျွန်ုပ်တို့ လွှဲပြောင်းသည့်အခါတိုင်း သင့်လျော်သော အကာအကွယ်များ သတ်မှတ်ထားရှိကြောင်း သေချာစေရန်လည်း လုပ်ဆောင်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် အများသုံး ကွန်ရက်များမှတစ်ဆင့် လွှဲပြောင်းသည့်အခါတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲခြင်းမှ ကာကွယ်ရန် သင့်အချက်အလက်ကို ကုဒ်ပြောင်းဝှက်ထားပါသည်။

၈။ စီမံဆောင်ရွက်ခြင်းအတွက် ကျွန်ုပ်တို့၏ ဥပဒေရေးရာ အခြေခံအကြောင်းရင်းများ

သက်ဆိုင်သည့် အချက်အလက် ကာကွယ်ရေး ဥပဒေအချို့အရ ကုမ္ပဏီများသည် ကိုယ်ရေးကိုယ်တာ အချက်လက်များကို စီမံဆောင်ရွက်ရန် ဥပဒေရေးရာ အခြေခံအကြောင်းရင်းတစ်ခု ရှိရမည်။ "ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စီမံဆောင်ရွက်ခြင်း" အကြောင်း ကျွန်ုပ်တို့ပြောသောအခါ အထက်ဖော်ပြပါ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ၏ အခြားကဏ္ဍများတွင် ကျွန်ုပ်တို့ ဖော်ပြထားသည့်အတိုင်း သင့်အချက်အလက်များကို ကျွန်ုပ်တို့ စုစည်းရယူခြင်း၊ အသုံးပြုခြင်းနှင့် မျှဝေခြင်းနည်းလမ်းများကို ဆိုလိုပါသည်။
ကျွန်ုပ်တို့၏ ဥပဒေရေးရာ အခြေခံအကြောင်းရင်းက ဘာလဲ။
သင်၏ တရားစီရင်ပိုင်ခွင့်နယ်မြေနှင့် သင့်အခြေအနေများပေါ်မူတည်၍ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် သင့်အချက်အလက်များကို စီမံဆောင်ရွက်ရန် မတူညီသော ဥပဒေရေးရာ အခြေခံအကြောင်းရင်းများအပေါ် ကျွန်ုပ်တို့ အမှီပြုသည်။ သင့်အချက်အလက်တစ်ခုတည်းကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် စီမံဆောင်ရွက်သောအခါ မတူညီသော ဥပဒေရေးရာ အခြေခံအကြောင်းရင်းများကိုလည်း ကျွန်ုပ်တို့ အမှီပြုနိုင်ပါသည်။ တရားစီရင်ပိုင်ခွင့်နယ်မြေအချို့တွင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စီမံဆောင်ရွက်ရန် သင်၏ သဘောတူညီချက်ပေါ် အဓိကအမှီပြုသည်။ ဥရောပဒေသအပါအဝင် အခြားတရားစီရင်ပိုင်ခွင့် နယ်မြေများတွင် အောက်ပါဥပဒေရေးရာ အခြေခံအကြောင်းရင်းများအပေါ် ကျွန်ုပ်တို့ အမှီပြုပါမည်။ အောက်ပါ ဥပဒေရေးရာ အခြေခံအကြောင်းရင်း တစ်ခုစီအတွက် သင့်အချက်အလက်များကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ရသည့် အကြောင်းရင်းများကို ဖော်ပြထားသည်။
တရားဝင် အကျိုးစီးပွားများ
ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားများ သို့မဟုတ် ကြားခံပြင်ပအဖွဲ့အစည်းတစ်ခု၏ တရားဝင်အကျိုးစီးပွားများသည် သင်၏ အကျိုးစီးပွားများ သို့မဟုတ် အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ("တရားဝင် အကျိုးစီးပွားများ") ထက် အလေးသာနေခြင်းမရှိပါက ၎င်းတို့အပေါ် ကျွန်ုပ်တို့ မှီခိုအားထားပါသည်-
သင့်အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ရသော အကြောင်းရင်းနှင့် စီမံဆောင်ရွက်ပုံမှီခိုအားထားသော တရားဝင်အကျိုးစီးပွားများအသုံးပြုသော အချက်အလက်အမျိုးအစားများ
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ပံ့ပိုးပေးရန်၊ မြှင့်တင်ရန်နှင့် ဖန်တီးရန် ကျွန်ုပ်တို့သည်-
သင့်အချက်အလက်များနှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို သင်အသုံးပြုပုံနှင့် ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အသုံးပြုပြီး ထိတွေ့ပုံတို့ကို ခွဲခြမ်းစိတ်ဖြာသည်။
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်လုပ်ဆောင်ချက်ကို နားလည်ရန်နှင့် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်ကို စောင့်ကြည့်ပြီး တိုးတက်အောင် လုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအရဖြစ်သည်။
ဈေးကွက်ရှာဖွေရေးနှင့် သဘောထားမှတ်ချက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ပံ့ပိုးပေးရန်၊ ၎င်းတို့အား သင်အသုံးပြုပုံကို နားလည်ရန်နှင့် ၎င်းတို့ကို ဖန်တီးပြီး မြှင့်တင်ရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအရဖြစ်သည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • ကြားခံပြင်ပအဖွဲ့အစည်း အချက်အလက်များ
  • ကွတ်ကီးများ
အသုံးပြုသူများ အလိုရှိပြီး နှစ်သက်သောအရာများကို နားလည်ရန် ကျွန်ုပ်တို့သည်-
ဥပမာအားဖြင့် သင်က အယူအဆအသစ်များကို စမ်းသပ်ပြီး ဥပမာအားဖြင့် Workplace လုပ်ဆောင်ချက်များကို နမူနာကြည့်သည့် သဘောထားမှတ်ချက်အကန့်နှင့် အခြားသဘောထားမှတ်ချက် လေ့လာမှုများတွင် သင်ပါဝင်ပါက သင်၏ အချက်အလက်များနှင့် သဘောထားမှတ်ချက်ကို ခွဲခြမ်းစိတ်ဖြာခြင်းအပါအဝင် ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုများကို ပံ့ပိုးပေးသည်။
သဘောထားမှတ်ချက် အကန့်နှင့် အခြားသဘောထားမှတ်ချက် လေ့လာမှုများတွင် သင်ပါဝင်ခြင်းမှ ရရှိထားသော အချက်အလက်များကို စုစည်းကာ မည်သူမည်ဝါမဖော်နိုင်သောပုံစံဖြင့် အသုံးပြုပါမည်၊ သဘောထားမှတ်ချက် သို့မဟုတ် အသေးစိတ် အစီရင်ခံစာထဲတွင် ကိုးကားချက် သို့မဟုတ် သဘောထားကို အသုံးပြုထားပါက အစီရင်ခံစာတွင် သင်အဖြစ် ကိုယ်ရေးကိုယ်တာအရ ထည့်သွင်းဖော်ပြမည်မဟုတ်ပါ။
ဖောက်သည်များ အလိုရှိသည်များနှင့် နှစ်သက်သည်များကို နားလည်သိရှိပြီး ၎င်းတို့ကို အသုံးပြု၍ Workplace သို့မဟုတ် အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက်အသစ်များအား ပြောင်းလဲမည်၊ မပြောင်းလဲမည်ကို အကြောင်းကြားရန် သို့မဟုတ် မိတ်ဆက်ပေးရန်နှင့် အခြားအသေးစိတ် အစီရင်ခံစာများ ရယူရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားနှင့် ဖောက်သည်များ၏ အကျိုးစီးပွားအတွက် ဖြစ်ပါသည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • ကြားခံပြင်ပအဖွဲ့အစည်း အချက်အလက်များ
  • ကွတ်ကီးများ
သင့်အား ဆက်သွယ်ရန်နှင့် (သင့်သဘောတူညီချက်အပေါ် အခြေခံထားခြင်းမဟုတ်သော) ဈေးကွက်ရှာဖွေရေး ဆက်သွယ်မှုများကို သင့်ထံ ပေးပို့ရန်။
သတင်းလွှာများကဲ့သို့ အီးမေး ဈေးကွက်ရှာဖွေရေး ဆက်သွယ်မှုများကို လက်ခံရန် သင်စာရင်းသွင်းထားပါက အီးမေးတိုင်း၏ အောက်ခြေတွင် ပါဝင်သည့် "စာရင်းသွင်းမှုဖြုတ်ရန်" လင့်ခ်ကို နှိပ်ပြီး အချိန်မရွေး စာရင်းသွင်းမှုမှ ပယ်ဖျက်နိုင်သည်။
သက်ဆိုင်ပါက ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ကျွန်ုပ်တို့၏ မူဝါဒများနှင့်/သို့မဟုတ် စည်းမျဉ်းများအကြောင်း သင့်အား ဆက်သွယ်ပြောပြပါသည်။
သင်က ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အခါတွင်လည်း ကျွန်ုပ်တို့က အကြောင်းပြန်ပေးပါသည်။
ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဈေးကွက်ရှာဖွေရန်နှင့် အသစ်ဖန်တီးထားသည့် သို့မဟုတ် အပ်ဒိတ်လုပ်ထားသည့် စိတ်ဝင်စားဖွယ်ကောင်းသော ထုတ်ကုန်များအကြောင်း အချက်အလက်များကို သင့်အား ပံ့ပိုးပေးရန်အတွက် သင့်ထံ တိုက်ရိုက်ဈေးကွက်ရှာဖွေရေး ဆက်သွယ်မှုများကို ပို့ရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအရဖြစ်သည်။
ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုများအကြောင်း သင့်ကို ဆက်သွယ်ရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအရဖြစ်သည်။
သင်က ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အခါ သင့်ကို အကြောင်းပြန်ပေးရန်အတွက် သင့်အချက်အလက်များကို အသုံးပြုခြင်းမှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားနှင့် သင်၏ အကျိုးစီးပွားအရဖြစ်သည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာများကို ပံ့ပိုးပေးရန်၊ တစ်ဦးချင်းတစ်ကြိုက်သတ်မှတ်ရန်၊ တိုင်းတာရန်နှင့် မြှင့်တင်ရန်၊ ကျွန်ုပ်တို့သည်-
ပင်မ အဖွဲ့အစည်းနှင့် ကြားခံပြင်ပ ကွန်ရက်များမှတစ်ဆင့် အပါအဝင် ရည်ရွယ်ထားသော ကြော်ငြာများအတွက်အပြင် ပင်မအဖွဲ့အစည်းနှင့် ကြားခံပြင်ပ ကြော်ငြာကွန်ရက်များတွင် အလားတူ ပရိသတ်များ၊ စိတ်ကြိုက်ပရိသတ်များနှင့် တိုင်းတာချက်များ ဖန်တီးခြင်းအတွက် သင့်အချက်အလက်များကို အသုံးပြုပါသည်။
ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအရဖြစ်သည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • ကွတ်ကီးများ
အန္တရာယ်ကင်းရှင်းရေး၊ သမာသမတ်ကျမှုနှင့် ဘေးကင်းလုံခြုံရေးကို အားပေးမြှင့်တင်ရန် ကျွန်ုပ်တို့သည်-
သံသယဖြစ်ဖွယ်အပြုအမူ ပုံစံများကို ခွဲခြားဖော်ထုတ်ရန်နှင့် စုံစမ်းစစ်ဆေးရန် သင်၏ ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသည်။
ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများတွင် သက်ဆိုင်ရာစနစ်များ လုံခြုံမှုရှိစေရန်၊ အမှိုက်စာ၊ ခြိမ်းခြောက်မှုများ၊ အနိုင်ကျင့်စော်ကားမှု သို့မဟုတ် ချိုးဖောက်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို တိုက်ဖျက်ရန်နှင့် အန္တရာယ်ကင်းရှင်းရေးနှင့် ဘေးကင်းလုံခြုံရေးကို အားပေးမြှင့်တင်ရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားနှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို အသုံးပြုသူများနှင့် ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေးနှင့် သဘောထားမှတ်ချက် လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်သူများ၏ အကျိုးစီးပွားအရဖြစ်သည်။
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ကွတ်ကီးများ
ကျွန်ုပ်တို့သည် ဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာ တောင်းဆိုချက်များကို တုံ့ပြန်ရန်အပါအဝင် အချက်အလက်များကို ထိန်းသိမ်းထားပြီး အခြားသူများနှင့် မျှဝေသည်။
၎င်းတွင် ကျွန်ုတို့အား သက်ဆိုင်ရာဥပဒေမှ အတင်းအကျပ်မခိုင်းသော်လည်း သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေတွင် ဥပဒေအရ လိုအပ်သည်ဟု ကျွန်ုပ်တို့တွင် သဘောရိုးဖြင့် ယုံကြည်ချက်ရှိလျှင် ဥပဒေရေးရာ တောင်းဆိုချက်များကို တုံ့ပြန်ခြင်း သို့မဟုတ် ရိုင်းစိုင်းသော သို့မဟုတ် တရားမဝင်သော အပြုအမူကို ချေမှုန်းရန် ဥပဒေစိုးမိုးရေး သို့မဟုတ် လုပ်ငန်းမိတ်ဖက်များထံ အချက်အလက်များကို မျှဝေခြင်းတို့ ပါဝင်နိုင်သည်။ ဥပမာအားဖြင့် စုံစမ်းစစ်ဆေးမှုတစ်ခု၏ ရည်ရွယ်ချက်များအတွက် လိုအပ်လျှင် ဥပဒေစိုးမိုးရေးအဖွဲ့မှ တောင်းဆိုသည့်အခါ အသုံးပြုသူအချက်အလက်များ၏ လျှပ်တစ်ပြက်မှတ်တမ်းတစ်ခုကို ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သည်။
လိမ်လည်မှု၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သို့မဟုတ် လှုပ်ရှားဆောင်ရွက်မှုများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှု၊ ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်မှု သို့မဟုတ် အခြားအန္တရာယ်ရှိသော သို့မဟုတ် တရားမဝင်သော လှုပ်ရှားဆောင်ရွက်မှုကို တားဆီးရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားနှင့် ကျွန်ုပ်တို့အသုံးပြုသူများ၏ အကျိုးစီးပွားအရဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်အပါအဝင် (ကျွန်ုပ်တို့၏ အခွင့်အရေးများ၊ ဝန်ထမ်းများ၊ ပိုင်ဆိုင်မှု သို့မဟုတ် ထုတ်ကုန်များအပါအဝင်) ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏ အသုံးပြုသူများ သို့မဟုတ် အခြားသူများကို ကာကွယ်ရန် သို့မဟုတ် သေဆုံးမှု သို့မဟုတ် မကြာမီခန္ဓာကိုယ်ထိခိုက်နာကျင်မှု ဖြစ်နိုင်ခြေကို တားဆီးရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအရ ဖြစ်သည်။
သက်ဆိုင်သည့် ဥပဒေစိုးမိုးရေးအဖွဲ့၊ အစိုးရ၊ အာဏာပိုင်များနှင့် လုပ်ငန်းမိတ်ဖက်များတွင် ရိုင်းစိုင်းသော သို့မဟုတ် တရားမဝင်သော အပြုအမူကို စုံစမ်းစစ်ဆေးခြင်းနှင့် တိုက်ဖျက်ခြင်းတွင် တရားဝင်အကျိုးစီးပွားရှိသည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ကြားခံပြင်ပအဖွဲ့အစည်း အချက်အလက်များ
  • ကွတ်ကီးများ
တရားစွဲဆိုမှုနှင့် အခြားအငြင်းပွားမှုများနှင့် ပတ်သက်သည့် အခြေအနေတွင် ကျွန်ုပ်တို့က ဥပဒေရေးရာ အကြံဉာဏ်ကို ရယူသည့်အခါ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် ကြိုးပမ်းသည့်အခါ ကျွန်ုပ်တို့သည် အချက်အလက်များကို ထိန်းသိမ်းပြီး မျှဝေသည်။ ၎င်းတွင် သက်ဆိုင်လျှင် ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်မှုများကဲ့သို့ ကိစ္စရပ်များ ပါဝင်သည်။
တိုင်ကြားမှုများကို တုံ့ပြန်ရန်၊ လိမ်လည်မှု၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှု၊ ဆက်စပ်ပါက ကျွန်ုပ်တို့၏ သက်ဆိုင်ရာ စည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်မှုများ သို့မဟုတ် အခြားအန္တရာယ်ရှိသော သို့မဟုတ် တရားမဝင်သော လုပ်ဆောင်ချက်ကို တားဆီးရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားနှင့် ကျွန်ုပ်တို့အသုံးပြုသူများ၏ အကျိုးစီးပွားအရဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများနှင့် တရားစွဲဆိုမှု သို့မဟုတ် အခြားအငြင်းပွားမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်အပါအဝင် (ကျွန်ုပ်တို့၏ အခွင့်အရေးများ၊ ဝန်ထမ်းများ၊ ပိုင်ဆိုင်မှု သို့မဟုတ် ထုတ်ကုန်များအပါအဝင်) ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏ အသုံးပြုသူများ သို့မဟုတ် အခြားသူများကို ကာကွယ်ရန်မှာ ကျွန်ုပ်တို့၏ အကျိုးစီးပွားအရ ဖြစ်သည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ကြားခံပြင်ပအဖွဲ့အစည်း အချက်အလက်များ
  • ကွတ်ကီးများ
သင့်သဘောတူညီချက်
သင်က ကျွန်ုပ်တို့ကို သင့်သဘောတူညီချက် ပေးထားသည့်အခါ အောက်တွင်ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် အချက်အလက်များကို ကျွန်ုပ်တို့ စီမံဆောင်ရွက်သည်။ အသုံးပြုထားသော အချက်အလက် အမျိုးအစားများ၊ ၎င်းတို့ကို စီမံဆောင်ရွက်ရသော အကြောင်းရင်းနှင့် မည်သို့စီမံဆောင်ရွက်ပုံတို့ကို အောက်တွင် ဖော်ပြထားပါသည်-
သင့်အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ရသော အကြောင်းရင်းနှင့် စီမံဆောင်ရွက်ပုံအသုံးပြုသော အချက်အလက်အမျိုးအစားများ
(သင့်သဘောတူညီချက်ပေါ် အခြေခံထားသော) ဈေးကွက်ရှာဖွေရေး ဆက်သွယ်မှုများကို သင့်ထံ ပေးပို့ရန်အတွက် ကျွန်ုပ်တို့သည် သင့်သဘောတူညီချက်ပေါ်အခြေခံ၍ သင့်အချက်အလက်များကို စီမံဆောင်ရွက်သည့်အခါ သင့်တွင် အောက်တွင် ဖော်ပြထားသော ဆက်သွယ်ရန်အချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်းဖြင့် သဘောတူညီချက် မရုပ်သိမ်းမီ အဆိုပါသဘောတူညီချက်ပေါ် အခြေခံ၍ စီမံဆောင်ရွက်ခြင်း၏ တရားဝင်မှုကို မထိခိုက်စေဘဲ သင့်သဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းခွင့်ရှိသည်။
အီးမေးတိုင်း၏ အောက်ခြေတွင် ပါဝင်သော "စာရင်းသွင်းမှုဖြုတ်ရန်" လင့်ခ်ကို နှိပ်ပြီး အီးမေးဈေးကွက်ရှာဖွေရေး ဆက်သွယ်မှုများမှ စာရင်းသွင်းမှု ပယ်ဖျက်နိုင်သည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
တရားဝင်တာဝန်ဝတ္တရားကို လေးစားလိုက်နာခြင်း
ကျွန်ုပ်တို့က ဥပဒေအရ တာဝန်ဝတ္တရားကို လိုက်နာရန်၊ ဥပမာအားဖြင့် အကျုံးဝင်သော တရားဝင်ဥပဒေရေးရာ တောင်းဆိုချက်ရှိလျှင် အချက်အလက်အချို့ကို ရယူအသုံးပြုရန်၊ ထိန်းသိမ်းထားရန် သို့မဟုတ် ထုတ်ဖော်ရန် အချက်အလက်များကို စီမံဆောင်ရွက်ပါသည်။
သင့်အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ရသော အကြောင်းရင်းနှင့် စီမံဆောင်ရွက်ပုံအသုံးပြုသော အချက်အလက်အမျိုးအစားများ
ကျွန်ုပ်တို့က ဥပဒေအရ တာဝန်ဝတ္တရားများကို လိုက်နာရသည့်အခါတွင်၊ ဥပမာအားဖြင့် စည်းကမ်းထိန်းသိမ်းရေးအရာရှိ၊ ဥပဒေစိုးမိုးရေးအဖွဲ့များ သို့မဟုတ် အခြားသူများထံမှ အကျုံးဝင်သော တရားဝင်ဥပဒေရေးရာ တောင်းဆိုချက်ရှိလျှင် အချက်အလက်အချို့ကို ရယူအသုံးပြုရန်၊ ထိန်းသိမ်းထားရန် သို့မဟုတ် ထုတ်ဖော်ရန် အချက်အလက်များကို စီမံဆောင်ရွက်ခြင်းအတွက်။ ဥပမာအားဖြင့် သင်၏ IP လိပ်စာကဲ့သို့ စုံစမ်းစစ်ဆေးမှုတစ်ခုနှင့် စပ်လျဉ်း၍ အချက်အလက်များကို ပံ့ပိုးပေးရန် အိုင်ယာလန် ဥပဒေစိုးမိုးရေးအဖွဲ့ထံမှ ရှာဖွေမှုဝရမ်း သို့မဟုတ် ထုတ်လုပ်ရေးအမိန့်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ကြားခံပြင်ပအဖွဲ့အစည်း အချက်အလက်များ
  • ကွတ်ကီးများ
သင် သို့မဟုတ် အခြားလူတစ်ဦး၏ ပဓာနကျသော အကျိုးစီးပွားများကို ကာကွယ်ခြင်း
တစ်စုံတစ်ဦး၏ ပဓာနကျသော အကျိုးစီးပွားများကို ကာကွယ်ရန်လိုအပ်သည့်အခါ အချက်အလက်များကို ကျွန်ုပ်တို့ စီမံဆောင်ရွက်သည်။
သင့်အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ရသော အကြောင်းရင်းနှင့် စီမံဆောင်ရွက်ပုံအသုံးပြုသော အချက်အလက်အမျိုးအစားများ
အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာခြင်းကဲ့သို့ တစ်စုံတစ်ဦး၏ ပဓာနကျသော အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့် အခြေအနေများတွင် ဥပဒေစိုးမိုးရေးအရာရှိများနှင့် အခြားသူများထံ အချက်အလက်များကို မျှဝေပါသည်။ ဤပဓာနကျသော အကျိုးစီးပွားများတွင် သင် သို့မဟုတ် အခြားတစ်စုံတစ်ဦး၏ အသက်၊ ခန္ဓာ သို့မဟုတ် စိတ်ကျန်းမာရေး၊ ကျန်းမာသုခ သို့မဟုတ် ဂုဏ်သိက္ခာကိုဖြစ်စေ၊ အခြားသူများ၏ ကျန်းမာသုခ သို့မဟုတ် ဂုဏ်သိက္ခာကိုဖြစ်စေ ကာကွယ်ခြင်း ပါဝင်သည်။
  • သင်၏ ဆက်သွယ်ရန်အချက်အလက်
  • ကျွန်ုပ်တို့ကို သင်ပံ့ပိုးပေးသော အချက်အလက်များ
  • ဖုန်း/ကွန်ပျူတာနှင့် ချိတ်ဆက်မှု အချက်အလက်
  • အသုံးပြုမှုနှင့် မှတ်တမ်း အချက်အလက်
  • ကြားခံပြင်ပအဖွဲ့အစည်း အချက်အလက်များ
  • ကွတ်ကီးများ

၉။ ကိုယ်ရေးလုံခြုမှုဆိုင်ရာ မူဝါဒတွင် ပြုလုပ်ထားသော ပြင်ဆင်ချက်များ

ကျွန်ုပ်တို့က ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒကို အခါအားလျော်စွာ ပြင်ဆင်နိုင်သည် သို့မဟုတ် အပ်ဒိတ်လုပ်နိုင်ပါသည်။ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒအသစ်ကို ပို့စ်တင်ခြင်း၊ "နောက်ဆုံးပြင်ဆင်ခဲ့သည့်" ရက်စွဲကို ထိပ်ဆုံးတွင် အပ်ဒိတ်လုပ်ခြင်းနှင့် သက်ဆိုင်ရာဥပဒေအရ လိုအပ်သော အခြားအဆင့်များကို ဆောင်ရွက်ခြင်းတို့ကို ကျွန်ုပ်တို့ လုပ်ဆောင်ပါမည်။ ကျွန်ုပ်၏ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒကို အခါအားလျော်စွာ စိစစ်သုံးသပ်ပါ။

၁၀။ သင့်အချက်လက်အတွက် တာဝန်ရှိသောသူ

ကျွန်ုပ်တို့က ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒကို အခါအားလျော်စွာ ပြင်ဆင်နိုင်သည် သို့မဟုတ် အပ်ဒိတ်လုပ်နိုင်ပါသည်။ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒအသစ်ကို ပို့စ်တင်ခြင်း၊ "နောက်ဆုံးပြင်ဆင်ခဲ့သည့်" ရက်စွဲကို ထိပ်ဆုံးတွင် အပ်ဒိတ်လုပ်ခြင်းနှင့် သက်ဆိုင်ရာဥပဒေအရ လိုအပ်သော အခြားအဆင့်များကို ဆောင်ရွက်ခြင်းတို့ကို ကျွန်ုပ်တို့ လုပ်ဆောင်ပါမည်။ ကျွန်ုပ်၏ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒကို အခါအားလျော်စွာ စိစစ်သုံးသပ်ပါ။
သင်သည် "ဥရောပဒေသ" ရှိ နိုင်ငံ သို့မဟုတ် နယ်မြေတစ်ခုတွင် နေထိုင်ပါက (ဥရောပသမဂ္ဂရှိ နိုင်ငံများနှင့် အခြားနိုင်ငံများ ပါဝင်သည်- အန်ဒိုရာ၊ ဩစတြီးယား၊ အေဇိုး၊ ဘယ်လ်ဂျီယံ၊ ဘူဂေးရီးယား၊ ကာနေရီကျွန်း၊ ချန်နယ်ကျွန်း၊ ကရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ပြင်သစ်ဂီယာနာ၊ ဂျာမနီ၊ ဂျီဘရော်တာ၊ ဂရိ၊ ဂွါဒီလူပီ၊ ဟန်ဂေရီ၊ အိုက်စလန်၊ အိုင်ယာလန်၊ မန်းကျွန်း၊ အီတလီ၊ လတ်ဗီးယား၊ လစ်ချ်တင်စတိန်း၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မာဒီရာ၊ မော်လ်တာ၊ မာတီနစ်၊ မာယော့၊ မိုနာကို၊ နယ်သာလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ ဆိုက်ပရပ်စ် သမ္မတနိုင်ငံ၊ ရီယူနီယံ၊ ရိုမေးနီးယား၊ ဆန်မာရီနို၊ စိန့်မာတင်၊ ဆလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ ဆိုက်ပရပ်စ်ရှိ ယူနိုက်တက်ကင်းဒမ်း အချုပ်အခြာအာဏာပိုင် အခြေစိုက်စခန်းများ (အာခရိုတီရီနှင့် ဒီခီလီးယား) နှင့် ဗာတီကန်မြို့) သို့မဟုတ် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကနေဒါ ပြင်ပရှိ အခြားနေရာတွင် သင်နေထိုင်ပါက သင့်အချက်အလက်များအတွက် တာဝန်ရှိသော အချက်အလက်ထိန်းချုပ်သူသည် Meta Platforms Ireland Limited ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကနေဒါတွင် သင်နေထိုင်ပါက သင့်အချက်အလက်များအတွက် တာဝန်ရှိသော အဖွဲ့အစည်းသည် Meta Platforms Inc ဖြစ်သည်။

၁၁။ ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒနှင့်ပတ်သက်၍ သင့်တွင် မေးစရာများရှိပါက သို့မဟုတ် သင့်ကိုယ်ရေးအချက်အလက်များနှင့် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒများနှင့် ကျင့်ထုံးများနှင့် စပ်လျဉ်း၍ မေးစရာများ၊ တိုင်ကြားမှုများ သို့မဟုတ် တောင်းဆိုမှုများရှိပါက ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။ သင်သည် workplace.team@fb.com သို့ အီးမေးပို့၍ဖြစ်စေ၊ အောက်ပါအတိုင်း လိပ်မူစာပို့၍ဖြစ်စေ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်-
အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ-
Meta Platforms, Inc.
ATTN: Privacy Operations
1601 Willow Road
Menlo Park, CA 94025
ကမ္ဘာတစ်ဝှမ်းရှိ ကျန်နေရာများ (ဥရောပဒေသ အပါအဝင်)-
Meta Platforms Ireland Limited
Merrion Road
Dublin 4
D04 X2K5
Ireland
Meta Platforms Ireland Limited အတွက် အချက်အလက် ကာကွယ်ရေး အရာရှိကို ဤနေရာ တွင် ဆက်သွယ်နိုင်ပါသည်။