Workplace ကွတ်ကီး မူဝါဒ
ဤ Workplace ကွတ်ကီး မူဝါဒ ("ကွတ်ကီးမူဝါဒ") တွင် ကွတ်ကီးများကို ကျွန်ုပ်တို့ မည်သို့အသုံးပြုပုံအကြောင်း ရှင်းပြထားပြီး ၎င်းကို ကွတ်ကီးများမှတစ်ဆင့် ကျွန်ုပ်တို့ စုဆောင်းသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ခြင်းအပေါ် သက်ရောက်မည့် Workplace ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ နှင့်တွဲ၍ ဖတ်ရှုသင့်သည်။ ကျွန်ုပ်တို့၏ အများသူငှာ ဝင်သုံးနိုင်သော စျေးကွက်ရှာဖွေရေးနှင့် သတင်းအချက်အလက် ဝက်ဘ်ဆိုက် workplace.com (“Workplace ဝက်ဘ်ဆိုက်”) သို့ သင်ဝင်ကြည့်သည့်အခါ ဤကွတ်ကီးမူဝါဒသည် မသက်ရောက်ပါ။
ကွတ်ကီးများနှင့် အခြားဒေတာသိုလှောင်မှု နည်းပညာများ
ကွတ်ကီးများသည် ဝက်ဘ်ဘရောက်ဇာများတွင် အချက်အလက်များကို သိုလှောင်ရန် အသုံးပြုသည့် စာသားအပိုင်းအစငယ်များဖြစ်သည်။ ကွတ်ကီးများကို အမျိုးအစားခွဲ အမှတ်သင်္ကေတများနှင့် အခြားအချက်အလက်များကို ကွန်ပျူတာများ၊ ဖုန်းများနှင့် အခြားစက်များပေါ်တွင် သိုလှောင်ရန်နှင့် လက်ခံရန် အသုံးပြုပါသည်။ သင်၏ ဝက်ဘ်ဘရောက်ဇာ သို့မဟုတ် ဖုန်း/ကွန်ပျူတာပေါ်တွင် ကျွန်ုပ်တို့သိုလှောင်သည့် အချက်အလက်များ၊ သင့်ဖုန်း/ကွန်ပျူတာနှင့်ဆက်စပ်သည့်အမျိုးအစားခွဲ အမှတ်သင်္ကေတများနှင့် အခြားဆော့ဖ်ဝဲများ အပါအဝင် အခြားနည်းပညာများအား အလားတူရည်ရွယ်ချက်များအတွက် အသုံးပြုသည်။ ဤမူဝါဒတွင် ထိုနည်းပညာအားလုံးကို “ကွတ်ကီးများ” အဖြစ် ကျွန်ုပ်တို့ရည်ညွှန်းပါသည်။
ကျွန်ုပ်တို့က ကွတ်ကီးများကို မည်သည့်နေရာတွင် အသုံးပြုသလဲ။
ကျွန်ုပ်တို့သည် ကွတ်ကီးများကို သင့်ကွန်ပျူတာ သို့မဟုတ် ဖုန်းတွင် ထားရှိနိုင်ပြီး အသုံးပြုသူများအား အလုပ်တွင် ပူးပေါင်းဆောင်ရွက်နိုင်စေပြီး အချက်အလက်များကို မျှဝေနိုင်စေသည့် Workplace ထုတ်ကုန်၊ အက်ပ်များနှင့် ဆက်စပ်သော အွန်လိုင်းဝန်ဆောင်မှုများ (စုစည်း၍ "Workplace ဝန်ဆောင်မှုများ") အပါအဝင် ကျွန်ုပ်တို့၏ သုံးစွဲသူများ (သင်အလုပ်လုပ်ပေးသည့် သို့မဟုတ် သင့်အကောင့်ကို ထောက်ပံ့ပေးသည့် အဖွဲ့အစည်း) အား ပံ့ပိုးပေးသည့် အွန်လိုင်း Workplace ထုတ်ကုန်ကို သင်အသုံးပြုသည့်အခါ ကွတ်ကီးများတွင် သိမ်းဆည်းထားသော အချက်အလက်များကို ကျွန်ုပ်တို့က လက်ခံရယူသည်။
ကွတ်ကီးများသည် မည်မျှကြာကြာခံသနည်း။
ကွက်ကီးအားလုံးတွင် ၎င်းတို့သည် သင့်ဘရောက်ဇာတွင် သို့မဟုတ် သင့်ဖုန်း/ကွန်ပျူတာပေါ်တွင် မည်မျှကြာကြာနေမည်ကို ဆုံးဖြတ်ပေးသည့် သက်တမ်းကုန်ဆုံးရက်စွဲများရှိပြီး ၎င်းတို့ကို အုပ်စုနှစ်စုခွဲနိုင်သည်-
- လော့ဂ်အင်ဝင်ထားသည့်ကာလသုံး ကွတ်ကီးများ - ၎င်းတို့သည် သင့်ဘရောက်ဇာကို သင်ပိတ်လိုက်သည့်အချိန်တိုင်း သက်တမ်းကုန်သည့် ယာယီကွတ်ကီးများဖြစ် (ပြီး ၎င်းတို့ကို အလိုအလျောက်ဖျက်ပစ်သည်)။
- ကြာရှည်ရှိသည့် ကွတ်ကီးများ - ၎င်းတို့တွင် များသောအားဖြင့် သက်တမ်းကုန်ဆုံးရက်ရှိသောကြောင့် ၎င်းတို့ သက်တမ်းမကုန်မချင်း သို့မဟုတ် ၎င်းတို့ကို သင်ကိုယ်တိုင်မဖျက်မချင်း သင့်ဘရောက်ဇာတွင် ရှိနေပါမည်။
ကျွန်ုပ်တို့က ကွတ်ကီးများကို ဘာကြောင့် အသုံးပြုရသလဲ။
ကွတ်ကီးများသည် အကြောင်းအရာများကို စိတ်ကြိုက်သတ်မှတ်ခြင်းနှင့် ပိုမိုဘေးကင်းစွာ ကြည့်ရှုသုံးစွဲနိုင်သည့် အတွေ့အကြုံကို ပံ့ပိုးပေးခြင်းဖြင့်ကဲ့သို့ Workplace ဝန်ဆောင်မှုများကို စီစဉ်ပေးအပ်ခြင်း၊ ကာကွယ်ခြင်းနှင့် တိုးတက်အောင် လုပ်ဆောင်ခြင်းတို့တွင် ကျွန်ုပ်တို့အား ကူညီပါသည်။
အထူးသဖြင့် အောက်ပါရည်ရွယ်ချက်များအတွက် ၎င်းတို့ကို ကျွန်ုပ်တို့ အသုံးပြုသည်-
ကွတ်ကီးအမျိုးအစား | ရည်ရွယ်ချက် |
---|---|
မှန်ကြောင်း အထောက်အထားပြခြင်း | ကျွန်ုပ်တို့က ကွတ်ကီးများကို သင့်အကောင့် စိစစ်ရန်နှင့် သင့်အကောင့်ဝင်သောအခါ ဆုံးဖြတ်ရန်အတွက် အသုံးပြုပါသည်၊ သို့မှသာ ကျွန်ုပ်တို့က သင့်အကောင့်ကို Workplace ဝန်ဆာင်မှုများထဲ ဝင်သုံးရန် ပို၍လွယ်ကူလာအောင် ပြုလုပ်ပေးနိုင်ပြီး သင့်ကို သင့်တော်သော သုံးစွဲသူအတွေ့အကြုံနှင့် အစီအစဉ်များကို ပြသနိုင်မည်ဖြစ်သည်။ ဥပမာ- Workplace ဝန်ဆောင်မှုများထဲသို့ သင်လော့ဂ်အင်ဝင်ထားစရာ မလိုစေရန်အတွက် သင့်ဘရောက်ဇာကို မှတ်မိနေစေရန် ကူညီပေးသည့် ကွတ်ကီးများကို ကျွန်ုပ်တို့အသုံးပြုပါသည်။ |
လုံခြုံရေး၊ ဝက်ဘ်ဆိုက်နှင့် ထုတ်ကုန် စိတ်ချယုံကြည်ရမှု | ကျွန်ုပ်တို့က ကွတ်ကီးများကို သင့်အကောင့်၊ ဒေတာနှင့် Workplace ဝန်ဆောင်မှုများအား လုံခြုံစွာ စိတ်ချရစွာ ဆက်လက်ထားရှိရာတွင် အကူအညီရရန် အသုံးပြုပါသည်။ ဥပမာ- တစ်ဦးဦးက Workplace အကောင့်ထဲ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဝင်သုံးရန်၊ ဥပမာအားဖြင့် မတူသော စကားဝှက်များကို အမြန် ခန့်မှန်းခြင်းဖြင့် ဝင်သုံးရန် ကြိုးပမ်းနိုင်သည့်အချိန်မျိုးတွင် ကွတ်ကီးများက ထပ်ဆောင်းလုံခြုံရေး အစီအမံများ ဖော်ထုတ်နိုင်စေရန်နှင့် သတ်မှတ်ထားနိုင်စေရန် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်။ သင့်စကားဝှက်ကို သင် မေ့သွားခဲ့သည်ရှိသော် သင့်အကောင့်ကို ပြန်လည်ရယူနိုင်စေသည့် အချက်အလက်များကို သိုလှောင်ရန် သို့မဟုတ် သင့်အကောင့် ခိုးယူခံထားရကြောင်း ကျွန်ုပ်တို့အား ပြောပြပါက နောက်ထပ် အထောက်အထားစိစစ်မှုများ သတ်မှတ်ရန်အတွက်လည်း ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏မူဝါဒများကို ချိုးဖောက်သော သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကျွန်ုပ်တို့၏ Workplace ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်စွမ်းကို လျော့ပါးစေသော လှုပ်ရှားဆောင်ရွက်မှုအား တိုက်ဖျက်ရန်အတွက်လည်း ကွတ်ကီးများကို ကျွန်ုပ်တို့အသုံးပြုပါသည်။ |
လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများ | Workplace ဝန်ဆောင်မှုများကို ကျွန်ုပ်တို့စီစဉ်ပေးအပ်နိုင်စေသည့် လုပ်ဆောင်ချက်ကို ပံ့ပိုးပေးရန် ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။ ဥပမာ- ကွတ်ကီးများသည် ကျွန်ုပ်တို့အား စိတ်ကြိုက်သတ်မှတ်ချက်များကို သိမ်းဆည်းနိုင်စေကာ သင်က Workplace အကြောင်းအရာကို ကြည့်သည့်အခါ သို့မဟုတ် တုံ့ပြန်ဆက်သွယ်သည့်အခါ သိရှိစေရန် ကူညီပေးပြီး provCookies သည် ကျွန်ုပ်တို့အား စိတ်ကြိုက်သတ်မှတ်ချက်များကို သိမ်းဆည်းနိုင်စေကာ သင်က Workplace အကြောင်းအရာကို ကြည့်သည့်အခါ သို့မဟုတ် တုံ့ပြန်ဆက်သွယ်သည့်အခါ သိရှိစေရန် ကူညီပေးပြီး သင့်အား စိတ်ကြိုက်ပြင်ဆင်ထားသော အကြောင်းအရာနှင့် ဖန်တီးတင်ဆက်မှုပုံစံများကို ပံ့ပိုးပေးနိုင်စေသည်။ သင့်ဒေသနှင့် ဆက်စပ်မှုရှိသော အကြောင်းအရာမျိုးကို သင့်အား ပံ့ပိုးပေးရန်အတွက်လည်း ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ဥပမာ- ကျွန်ုပ်တို့က သင့်ဘရောက်ဇာ သို့မဟုတ် ဖုန်း/ကွန်ပျူတာတွင် ထည့်ထားသည့် ကွတ်ကီးများတွင် အချက်အလက်များကို သိုလှောင်သောကြောင့် ဝန်ဆောင်မှုကို သင်ရွေးချယ်ထားသော ဘာသာစကားဖြင့် မြင်ရပါမည်။ |
စွမ်းဆောင်ရည် | သင့်အတွက် ဖြစ်နိုင်ခြေရှိသော အကောင်းဆုံး သုံးစွဲမှုအတွေ့အကြုံများ ပေးအပ်ရန် ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။ ဥပမာ- ကွတ်ကီးများက ကျွန်ုပ်တို့ကို ဆာဗာများကြား၌ ဒေတာဝင်ထွက် လမ်းကြောင်းညွှန်ရန်နှင့် Workplace ဝန်ဆောင်မှုများက လူအမျိုးမျိုးအတွက် ဘယ်လောက်မြန်မြန် ဆွဲချပေးနိုင်သည့်နည်းနာကို သိနားလည်နိုင်စေရန် ကူညီပါသည်။ ကွတ်ကီးများက ကျွန်ုပ်တို့ကို သင့်စခရင်နှင့်ဝင်းဒိုးများ၏ အချိုးနှင့်အရွယ်အစားများအား မှတ်တမ်းတင်နိုင်စေရန်နှင့် လင်းမှောင်ခြားနားချက်မြင့်မုဒ်ကို ဖွင့်၊ မဖွင့် သိလာနိုင်စေရန်အတွက်လည်း ကူညီသောကြောင့်၊ ကျွန်ုပ်တို့၏ဆိုက်များနှင့် အက်ပ်များကို ကျွန်ုပ်တို့က မှန်ကန်စွာ ပုံဖော်တင်ပြနိုင်ခြင်းဖြစ်သည်။ |
ခွဲခြမ်းစိတ်ဖြာခြင်းများနှင့် သုတေသနပြုလုပ်ခြင်း | လူအများက Workplace ဝန်ဆောင်မှုများ အသုံးပြုသည့်နည်းနာကို ပို၍သိနားလည်နိုင်စေရန် ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုသောကြောင့် ကျွန်ုပ်တို့က ၎င်းတို့ကို ပိုကောင်းအောင် ပြုလုပ်နိုင်လာခြင်းဖြစ်သည်။ ဥပမာ- လူအများက Workplace ဝန်ဆောင်မှုများအား မည်သို့အသုံးပြုသည်ကို သိနားလည်နိုင်စေရန်၊ Workplace ဝန်ဆောင်မှုများ၏ မည်သည့်အပိုင်းများက လူများအတွက် အသုံးအဝင်ဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ဖြစ်သည်ကို လေ့လာဆန်းစစ်နိုင်စေရန်နှင့် ပိုကောင်းအောင်ပြုလုပ်နိုင်မည့် လုပ်ဆောင်ချက်များကို ခွဲခြားဖော်ထုတ်နိုင်စေရန်အတွက် ကွတ်ကီးများက ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ |
မည်သည့်ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုသလဲ။
ကျွန်ုပ်တို့ အသုံးပြုသည့် ကွတ်ကီးများတွင် လော့ဂ်အင်ဝင်ထားသည့်ကာလသုံး ကွတ်ကီးဖြစ်သည့် သင့်ဘရောက်ဇာကို ပိတ်ချိန်တွင် ဖျက်ပစ်လိုက်သည့် ကွတ်ကီးများနှင့် ကြာရှည်ရှိသည့် ကွတ်ကီးဖြစ်သည့် ၎င်းတို့ သက်တမ်းကုန်ဆုံးသည့် အချိန်အထိ သို့မဟုတ် သင်က ၎င်းတို့ကို ဖျက်လိုက်သည့်အချိန်အထိ သင့်ဘရောက်ဇာတွင် ဆက်ရှိနေသော ကွတ်ကီးများ ပါဝင်ပါသည်။
ကျွန်ုပ်တို့သည် Workplace ဝန်ဆောင်မှုများတွင် မူရင်းကွတ်ကီးများကိုသာ သတ်မှတ်လုပ်ဆောင်သည်။ ကြားခံပြင်ပ ကွတ်ကီးများကို Workplace ဝန်ဆောင်မှုများတွင် သတ်မှတ်လုပ်ဆောင်ခြင်း မရှိပါ။
ကျွန်ုပ်တို့၏ ကွတ်ကီးအသုံးပြုမှုကို သင်ဘယ်လိုထိန်းချုပ်နိုင်သလဲ
သင့်ဘရောက်ဇာ သို့မဟုတ် ဖုန်း/ကွန်ပျူတာတွင် ဘရောက်ဇာကွတ်ကီးများ သတ်မှတ်မည်၊ မသတ်မှတ်မည်ကို ရွေးချယ်ရန်နှင့် ၎င်းတို့ကို ဖျက်ရန် သင့်အား ခွင့်ပြုပေးသော ဆက်တင်များကို ပံ့ပိုးပေးနိုင်သည်။ ဤထိန်းချုပ်မှုများနှင့်ပတ်သက်၍ နောက်ထပ် အချက်အလက် ရယူရန်၊ သင့်ဘရောက်ဇာ သို့မဟုတ် ကိရိယာ၏ အကူအညီနေရာတွင် ဝင်ကြည့်ပါ။ ဘရောက်ဇာတွင် ကွတ်ကီးသုံးစွဲမှုကို သင် ပိတ်ထားလျှင်၊ Workplace ဝန်ဆောင်မှုများ၏ အစိတ်အပိုင်းအချို့က ကောင်းစွာ အလုပ်လုပ်နိုင်မည်မဟုတ်ပါ။
နောက်ဆုံးပြန်လည်ပြင်ဆင်သည့် ရက်စွဲ- ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်