Workplace ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ


ဤ WORKPLACE အွန်လိုင်းစည်းမျဉ်းများ (“သဘောတူညီချက်”) ကို သင်က ကုမ္ပဏီ သို့မဟုတ် အခြား တရားဝင်လုပ်ငန်းအဖွဲ့အစည်း၏ ကိုယ်စား ချုပ်ဆိုထားခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းအဖွဲ့အစည်းအား ဤသဘောတူညီချက်ကို လိုက်နာစေရန် သင့်တွင် လုပ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း သင်က ကိုယ်စားပြု၍ အာမခံပါသည်။ “သင်”၊ “သင်၏” သို့မဟုတ် “သုံးစွဲသူ” ဟူသော နောက်ဆက်တွဲ ရည်ညွှန်းချက်များသည် အဆိုပါလုပ်ငန်းအဖွဲ့အစည်းကို ဆိုလိုပါသည်။
သင်၏ လုပ်ငန်းအခြေစိုက်နေရာသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကနေဒါတွင် ရှိလျှင် ဤသဘောတူညီချက်သည် သင်နှင့် Meta Platforms, Inc. အကြားရှိ သဘောတူညီချက် ဖြစ်သည်။ သို့မဟုတ်လျှင် ဤသဘောတူညီချက်သည် သင်နှင့် Meta Platforms Ireland Ltd. အကြားရှိ သဘောတူညီချက် ဖြစ်သည်။ “Meta”၊ “ကျွန်ုပ်တို့ကို”၊ “ကျွန်ုပ်တို့” သို့မဟုတ် “ကျွန်ုပ်တို့၏” ဟူသော ရည်ညွှန်းချက်များသည် Meta Platforms, Inc. သို့မဟုတ် Meta Platforms Ireland Ltd. တစ်ခုခုကို သင့်လျော်သလို ဆိုလိုပါသည်။
အောက်ပါစည်းမျဉ်းများသည် သင်၏ Workplace အသုံးပြုမှုအပေါ် သက်ရောက်ရမည်။ Workplace ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်နိုင်စွမ်းများသည် ကွဲပြားမှုရှိပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်ကို သင်သိရှိပါသည်။
စာလုံးကြီးဖြင့်ရေးထားသော စည်းမျဉ်းအချို့ကို အပိုင်း ၁၂ (အဓိပ္ပါယ်ဖွင့်ဆိုချက်များ) တွင် သတ်မှတ်ပေးထားပြီး အခြားစည်းမျဉ်းများကို ဤသဘောတူညီချက်ရှိ ဆက်စပ်အကြောင်းအရာအရ သတ်မှတ်ထားပါသည်။
  1. Workplace အသုံးပြုမှု
    1. သင်၏ သုံးစွဲမှုအခွင့်အရေးများ သက်တမ်းကာလအတွင်း ဤသဘောတူညီချက်နှင့်အညီ Workplace ကို ဝင်ရောက်သုံးစွဲရန်နှင့် အသုံးပြုရန် သင့်တွင် အထူးသီးသန့်မဟုတ်သော၊ လွှဲပြောင်း၍မရနိုင်သော၊ လိုင်စင်ပြန်ခွဲပေး၍မရနိုင်သော အခွင့်အရေးရှိသည်။ Workplace အသုံးပြုမှုကို သင် အကောင့်ဖွင့်ပေးထားသော အသုံးပြုသူများ (သက်ဆိုင်ပါက သင်၏ ပေါင်းစပ်အဖွဲ့အစည်းများ အပါအဝင်) အတွက် ကန့်သတ်ထားပြီး၊ အသုံးပြုသူအားလုံးနှင့် ဤသဘောတူညီချက်ကို ၎င်းတို့၏ လိုက်နာမှု၊ Workplace ကို ၎င်းတို့၏ ဝင်ရောက်သုံးစွဲမှုနှင့် အသုံးပြုမှုတို့အတွက် သင့်တွင် တာဝန်ရှိပါသည်။ ရှင်းလင်းစေရန် Workplace ကို သီးခြား အသုံးပြုသူများအတွက် မဟုတ်ဘဲ သင့်အတွက် ဝန်ဆောင်မှုတစ်ခုအဖြစ် ပံ့ပိုးပေးထားပါသည်။
    2. အကောင့်များ။ သင်၏ စာရင်းသွင်း မှတ်ပုံတင်ခြင်းနှင့် စီမံသူ အကောင့် အချက်အလက်များသည် တိကျမှန်ကန်၍ ပြည့်စုံကာ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိရမည်။ အသုံးပြုသူအကောင့်များသည် တစ်ဦးချင်း အသုံးပြုသူများအတွက်ဖြစ်ပြီး မျှဝေ၍ သို့မဟုတ် လွှဲပြောင်း၍ မရပါ။ လော့ဂ်အင်ဝင်ရာတွင်သုံးသည့် အထောက်အထားအားလုံးကို သင်က လျှို့ဝှက်ထားရမည်ဖြစ်ပြီး၊ အကယ်၍ သင့်အကောင့်များ သို့မဟုတ် လော့ဂ်အင်ဝင်ရာတွင် သုံးသည့် အထောက်အထားများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေကြောင်း တွေ့ရှိပါက Meta ကို ချက်ချင်း အသိပေးရန် သင်က သဘောတူပါသည်။
    3. ကန့်သတ်ချက်များ သင်သည် (က) ဤနေရာ၌ ခွင့်ပြုထားသည့် အသုံးပြုသူများမှအပ အခြားကြားခံပြင်ပ အဖွဲ့အစည်းတစ်ခုခု၏ ကိုယ်စား Workplace ကို အသုံးပြုခြင်း သို့မဟုတ် Workplace ဝင်ရောက်သုံးစွဲခွင့်ကို အဆိုပါ ကြားခံပြင်ပအဖွဲ့အစည်းအား ငှားရမ်းခြင်း၊ အငှားချခြင်း၊ ပံ့ပိုးပေးခြင်း သို့မဟုတ် တစ်ဆင့်ခံလိုင်စင်ခွဲပေးခြင်း၊ (ခ) သက်ဆိုင်ရာဥပဒေ (နှင့် Meta သို့ ကြိုတင်သတိပေးမှု) အရ အတိအလင်း ခွင့်ပြုထားသည့် အတိုင်းအတာအထိမှအပ Workplace ၏ လုပ်ဆောင်ပုံများကို လေ့လာ၍ အလားတူဝန်ဆောင်မှုတစ်ခု ကူးချဖန်တီးခြင်း၊ ပေါင်းစည်းထားသော ကုဒ်ထဲမှ မူရင်းကုဒ်ကို ရယူခြင်း၊ စက်ကနားလည်နိုင်သော ဘာသာစကားကို အဆင့်မြင့် ပရိုဂရမ်မင်း ဘာသာစကားတစ်ခုသို့ပြောင်းခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ရင်းမြစ်ကုဒ်ကို ရယူရန် ကြိုးပမ်းခြင်း၊ (ဂ) Workplace ကို မူပွားခြင်း၊ မွမ်းမံပြင်ဆင်ခြင်း သို့မဟုတ် ဆင့်ပွားလက်ရာများ ဖန်တီးခြင်း၊ (ဃ) Workplace ထဲတွင် ပါဝင်သော ပိုင်ဆိုင်မှုဆိုင်ရာ သို့မဟုတ် အခြားသော သတိပေးချက်များကို ဖယ်ရှားခြင်း သို့မဟုတ် မွမ်းမံပြင်ဆင်ခြင်း သို့မဟုတ် ဖုံးပစ်ခြင်း သို့မဟုတ် (င) Workplace ၏ စွမ်းဆောင်ရည်နှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာ အချက်အလက်များကို လူသိရှင်ကြား ဖြန့်ဝေခြင်းတို့ မပြုလုပ်ရပါ (အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသို့လုပ်ဆောင်ရန် ခွင့်မပြုရပါ)။
    4. စီစဉ်ထည့်သွင်းမှု။ သင်၏ Workplace ဖြစ်စဉ်ကို စတင်ထည့်သွင်းသည့် ကာလအတွင်း သင့် Workplace ဖြစ်စဉ်ကို စီမံခန့်ခွဲရန် တာဝန်ယူမည့် သင့် Workplace အသိုင်းအဝိုင်း၏ စနစ် စီမံသူ(များ) အဖြစ် အသုံးပြုသူ(များ) တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ ခန့်အပ်ရပါမည်။ သင်၏ Workplace ဖြစ်စဉ်အတွက် အနည်းဆုံး စနစ် စီမံသူတစ်ဦးက အချိန်ပြည့် လုပ်ဆောင်လျက်ရှိကြောင်း သင်က သေချာအောင်လုပ်ရမည်။
    5. Workplace API။ သက်တမ်းကာလအတွင်း သင်၏ Workplace အသုံးပြုမှုကို ဖြည့်ဆည်းပေးသည့် ဝန်ဆောင်မှုများနှင့် အပလီကေးရှင်းများကို သင်အသုံးပြုနိုင်စေရန်နှင့် တိုးတက်အောင် လုပ်ဆောင်ရန်အတွက် Meta က Workplace API (များ) တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ သင်ရရှိနိုင်အောင် ပြုလုပ်ပေးနိုင်သည်။ သင်၊ သင်၏အသုံးပြုသူများ သို့မဟုတ် သင့်ကို ကိုယ်စားပြုသည့် ကြားခံပြင်ပ အဖွဲ့အစည်းတစ်ခုခု၏ Workplace API (များ) ကို အသုံးပြုမှု မှန်သမျှသည် https://www.workplace.com/WorkplacePlatformPolicy တွင် လောလောဆယ် ရရှိနိုင်သည့် Workplace ပလက်ဖောင်းစည်းမျဉ်းများ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို Meta မှ အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ထားသည့်အတိုင်း လိုက်နာရမည်။
    6. ပံ့ပိုးကူညီမှု။ Workplace စီမံသူပန်နယ်ထဲရှိ တိုက်ရိုက်ပံ့ပိုးကူညီမှု တက်ဘ် ("တိုက်ရိုက်ပံ့ပိုးကူညီမှု ချန်နယ်") မှတစ်ဆင့် သင့်အတွက် Workplace အထောက်အကူကို ပံ့ပိုးပေးပါမည်။ သင်သည် Workplace နှင့် ပတ်သက်၍ မေးမြန်းလိုသည်များကို ဖြေရှင်းရန် သို့မဟုတ် ပြဿနာကို တိုင်ကြားရန် တိုက်ရိုက်ပံ့ပိုးကူညီမှုချန်နယ်မှတစ်ဆင့် လက်မှတ် (“အထောက်အကူ လက်မှတ်”) တင်ခြင်းဖြင့် အကူအညီ တောင်းဆိုချက်ကို ပေးပို့နိုင်သည်။ သင်၏ အထောက်အကူလက်မှတ်ကို တိုက်ရိုက်ပံ့ပိုးကူညီမှုချန်နယ်မှတစ်ဆင့် ခိုင်မာစွာ တင်ပြပြီးကြောင်း အတည်ပြုအီးမေးကို သင်လက်ခံရရှိပြီး ၂၄ နာရီအတွင်း အထောက်အကူလက်မှတ် အသီးသီးအတွက် ကနဦးတုံ့ပြန်ချက်ကို ပြုလုပ်ပါမည်။
  2. သင်၏ အချက်အလက်များနှင့် တာဝန်ဝတ္တရားများ
    1. သင့်အချက်အလက်များ။ ဤသဘောတူညီချက် အောက်တွင်-
      1. သင့်အချက်အလက်များထဲရှိ၊ သင့်အချက်အလက်များအတွက် အခွင့်အရေး၊ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်အားလုံး (ဉာဏမူပိုင်ခွင့် အခွင့်အရေးများ အပါအဝင်) ကို သင်ထိန်းသိမ်းထားပါသည်၊
      2. သက်တမ်းကာလအတွင်း သင့်အား Workplace (နှင့် ဆက်စပ် အထောက်အကူများ) ကို ပံ့ပိုးပေးနိုင်ရန်အတွက် သင့်အချက်အလက်များကို အသုံးပြုရန် သင်သည် Meta အား ဤသဘောတူညီချက်နှင့်အညီ သီးသန့်မဟုတ်သော၊ ကမ္ဘာအနှံ့သုံးနိုင်သော၊ မူပိုင်ကြေး အခမဲ့၊ အပြည့်အဝ ငွေပေးချေပြီးသား လိုင်စင်ကို ပေးအပ်ပါသည်၊
      3. Meta သည် အချက်အလက် စီမံဆောင်ရွက်သူဖြစ်ပြီး သင်သည် သင့်အချက်အလက်များ၏ အချက်အလက်ထိန်းချုပ်သူ ဖြစ်ကြောင်း သင်က အသိအမှတ်ပြုကာ ဤသဘောတူညီချက်ကို ချုပ်ဆိုခြင်းအားဖြင့် သင်သည် Meta အား ဤသဘောတူညီချက် (အချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက် အပါအဝင်) နှင့်အညီ ဤသဘောတူညီချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက်သာ သင့်အချက်အလက်များကို သင့်ကိုယ်စား စီမံဆောင်ရွက်ရန် ညွှန်ကြားရာရောက်ပါသည်။
    2. သင်၏ တာဝန်ဝတ္တရားများ။ သင်က (က) သင့်အချက်အလက်များ၏ တိကျမှန်ကန်မှုနှင့် အကြောင်းအရာအတွက် သင် တစ်ဦးတည်းသာ တာဝန်ရှိကြောင်း၊ (ခ) သင်၏အသုံးပြုသူများနှင့် သက်ဆိုင်သည့် ကြားခံပြင်ပ အဖွဲ့အစည်းတစ်ခုခုထံမှ သင့်အချက်အလက်များကို စုဆောင်းအသုံးပြုခွင့်ပေးရန်အလို့ငှာ လိုအပ်သော အခွင့်အရေးများနှင့် ဥပဒေများအရ လိုအပ်သည့် သဘောတူခွင့်ပြုချက်များကို ဤသဘောတူညီချက်တွင် ချင့်ချိန်သတ်မှတ်ထားသည့်အတိုင်း ရယူမည်ဖြစ်ကြောင်း၊ (ဂ) ဤသဘောတူညီအောက်ရှိ သင့်အချက်အလက်များနှင့် ၎င်း၏အသုံးပြုမှုတို့ အပါအဝင် သင်၏ Workplace အသုံးပြုမှုသည် ဉာဏပစ္စည်းမူပိုင်ခွင့်၊ ကိုယ်ရေးလုံခြုံမှု သို့မဟုတ် အများသိကြော်ငြာခြင်း အခွင့်အရေးများ အပါအဝင် ဥပဒေများ သို့မဟုတ် ကြားခံပြင်ပ အဖွဲ့အစည်း၏ အခွင့်အရေးများကို ချိုးဖောက်မည်မဟုတ်ကြောင်း သဘောတူပါသည်။ သင့်အချက်အလက်များထဲမှ တစ်ခုခုကို ဤအပိုင်း ၂ အား ချိုးဖောက်ပြီး တင်ပြထားပါက သို့မဟုတ် အသုံးပြုထားပါက ၎င်းအား Workplace မှ ချက်ချင်းဖယ်ရှားရန် သင်သဘောတူပါသည်။ သင့်အချက်အလက်ကို အသုံးပြုသူများအကြား သို့မဟုတ် ကြားခံပြင်ပ အဖွဲ့အစည်းများနှင့် မျှဝေရန် ဆုံးဖြတ်ချက်မှန်သမျှအတွက် သင်တစ်ဦးတည်းတွင်သာ တာဝန်ရှိပြီး၊ သင် သို့မဟုတ် သင်၏အသုံးပြုသူများ ရရှိနိုင်အောင် ပြုလုပ်ပေးထားသည့် သင့်အချက်အလက်များကို ထိုသူများက အသုံးပြုခြင်း၊ ဝင်ရောက်သုံးစွဲခြင်း၊ ပြောင်းလဲခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ဖျက်ခြင်းတို့အတွက် Meta တွင် တာဝန်မရှိပါ။
    3. တားမြစ်ထားသော အချက်အလက်များ။ အကာအကွယ်ပေးမှု နှင့်/သို့မဟုတ် ဖြန့်ဝေမှုဆိုင်ရာ ကန့်သတ်ချက်များအပေါ် မူတည်သော အချက်အလက် သို့မဟုတ် ဒေတာများ (“တားမြစ်ထားသော အချက်အလက်များ”) ကို သက်ဆိုင်ရာ ဥပဒေများ နှင့်/သို့မဟုတ် စည်းမျဉ်းအရ သင်က Workplace သို့ တင်ပြခြင်းမပြုရန် သဘောတူပါသည်။ ကျန်းမာရေးအချက်အလက်နှင့် ပတ်သက်၍ Meta သည် လုပ်ငန်းစပ်တူလုပ်ဖက် သို့မဟုတ် တစ်ဆင့်ခံ ကန်ထရိုက်တာ (အဆိုပါစည်းမျဉ်းများကို ကျန်းမာရေးအာမခံနှင့် တာဝန်ခံမှု အက်ဥပဒေ (“HIPAA”) တွင် သတ်မှတ်ထားသကဲ့သို့) မဟုတ်သလို၊ Workplace သည် HIPAA ကို လိုက်နာရသူ မဟုတ်ကြောင်း သင်က အသိအမှတ်ပြုပါသည်။ ဤသဘောတူညီချက်ရှိ တစ်ခုခုနှင့် ကွဲလွဲဆန့်ကျင်မှု ရှိသော်ငြားလည်း Meta သည် တားမြစ်ထားသည့် အချက်အလက်များအတွက် ဤသဘောတူညီချက်အရ မည်သည့်တာဝန်မျှ ရှိမည်မဟုတ်ပါ။
    4. လျော်ကြေးပေးခြင်း။ ဤအပိုင်း ၂ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် သင့်အချက်အလက်များ၊ သင့်မူဝါဒများ သို့မဟုတ် Workplace ကို ဤသဘောတူညီချက်အား တစ်နည်းနည်းဖြင့် ချိုးဖောက်၍ အသုံးပြုခြင်းနှင့်ဆိုင်သော သင်၏ချိုးဖောက်မှု သို့မဟုတ် စွပ်စွဲထားသည့် ချိုးဖောက်မှုကြောင့် သို့မဟုတ် ယင်းနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့် (ကြားခံပြင်ပ အဖွဲ့အစည်းများ နှင့်/သို့မဟုတ် အသုံးပြုသူများထံမှ) နစ်နာကြေးတောင်းဆိုမှုများ၊ ကုန်ကျစရိတ်များ၊ ထိခိုက်ပျက်စီးမှုများ၊ ပေးရန်တာဝန်များနှင့် စရိတ်စကများ (သင့်လျော်သည့် ရှေ့နေစရိတ်များ အပါအဝင်) အားလုံးတို့အတွက် သင်က Meta (နှင့် ၎င်း၏မိတ်ဖက်များ၊ ၎င်းတို့၏ သက်ဆိုင်ရာ ဒါရိုက်တာများ၊ အရာရှိများ၊ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် ကိုယ်စားလှယ်များ) ကို ခုခံကာကွယ်၍ လျော်ကြေးပေးကာ ၎င်းတို့အား အဆိုပါတောင်းဆိုမှုမှန်သမျှမှ လွတ်ကင်းအောင် ပြုလုပ်ပေးရမည်။ Meta က အဆိုပါတောင်းဆိုမှု မှန်သမျှအား ခုခံကာကွယ်ရန်နှင့် ပြေလည်အောင်ဖြေရှင်းရန် ၎င်း၏ ကိုယ်ပိုင် ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ၎င်း၏ကိုယ်ပိုင်အသုံးစရိတ်ဖြင့် ပါဝင်ဆောင်ရွက်နိုင်ပါသည်။ ပြေလည်အောင် ဖြေရှင်းရာတွင် Meta အား အရေးယူဆောင်ရွက်စေရန်၊ အဆိုပါ ဆောင်ရွက်မှုမှ ဟန့်တားရန် သို့မဟုတ် ပေးရန်တာဝန်ရှိမှုကို အာမခံပေးရန် လိုအပ်လာပါက Meta ၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက်မရှိဘဲ သင့်အနေဖြင့် မည်သည့်တောင်းဆိုမှုကိုမျှ ဖြေရှင်းခြင်း မပြုရပါ။
    5. အရန်သိမ်းခြင်းများနှင့် အချက်အလက်ဖျက်သိမ်းခြင်း။ Meta က အချက်အလက်များ စုစည်းသိမ်းခြင်းကို ပံ့ပိုးမပေးပါ၊ သင့်အချက်အလက်များ၏ အရန်သိမ်းဖိုင်များကို ဖန်တီးခြင်းအတွက် သင်တစ်ဦးတည်းတွင်သာ တာဝန်ရှိသည်။ အသုံးပြုသူ၏ အကြောင်းအရာ ပါရှိသော သင့်အချက်အလက်များကို Workplace ၏ စနစ်စီမံသူ လုပ်ဆောင်ချက်မှတစ်ဆင့် သက်တမ်းရှိကာလအတွင်း အချိန်မရွေး ဖျက်သိမ်းနိုင်သည်။
    6. စုပေါင်းအချက်အလက်များ။ ဤသဘောတူညီချက်အရ ကျွန်ုပ်တို့သည် သင်၏ Workplace အသုံးပြုမှုမှ ရရှိလာသော စုပေါင်းထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အချက်အလက်များ (“စုပေါင်းအချက်အလက်များ”) ကိုလည်း ထုတ်ပေးနိုင်သည်၊ သို့သော် အဆိုပါ စုပေါင်းအချက်အလက်များသည် သင့်အချက်အလက်များ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များတွင် ပါဝင်မည်မဟုတ်ပါ။
  3. အချက်အလက် ဘေးကင်းလုံခြုံရေး
    1. သင့်အချက်အလက်များ၏ ဘေးကင်းလုံခြုံရေး။ ကျွန်ုပ်တို့၏လက်ဝယ်ရှိ သင့်အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲခြင်း၊ ပြောင်းလဲခြင်း၊ ထုတ်ဖော်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့မှ ကာကွယ်ရန် ဖန်တီးထားသည့် နည်းပညာဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ သင့်လျော်သော စီမံဆောင်ရွက်ချက်များကို အချက်အလက် ဘေးကင်းလုံခြုံရေး ဖြည့်စွက်ချက်တွင် နောက်ထပ် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့က အသုံးပြုပါမည်။
    2. ဥပဒေဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုများနှင့် ကြားခံပြင်ပအဖွဲ့အစည်း၏ တောင်းဆိုချက်များ။ သင့်အချက်အလက်များနှင့် စပ်လျဉ်း၍ စည်းမျဉ်းစီမံကွပ်ကဲသူများ၊ အသုံးပြုသူများ သို့မဟုတ် ဥပဒေစိုးမိုးရေး အေဂျင်စီတို့ထံမှ တောင်းဆိုချက်များကဲ့သို့ ကြားခံပြင်ပအဖွဲ့အစည်း၏ တောင်းဆိုချက်များ (“ကြားခံပြင်ပ အဖွဲ့အစည်း၏ တောင်းဆိုချက်များ”) ကို တုံ့ပြန်ရန်အတွက် သင့်တွင် ယေဘုယျအားဖြင့် တာဝန်ရှိသော်လည်း၊ ကြားခံပြင်ပအဖွဲ့အစည်း၏ တောင်းဆိုချက်ကို တုံ့ပြန်ရာတွင် Meta အနေဖြင့် သင့်အချက်အလက်များကို ၎င်း၏ ဥပဒေသတ်မှတ်ချက်များနှင့်အညီ ထုတ်ဖော်ပြောဆိုနိုင်ကြောင်း သင်နားလည်သဘောတူပါသည်။ အဆိုပါ အခြေအနေမျိုးတွင်၊ ကျွန်ုပ်တို့က ဥပဒေအရနှင့် ကြားခံပြင်ပအဖွဲ့အစည်း၏ တောင်းဆိုချက်ဆိုင်ရာ စည်းမျဉ်းများအရ ခွင့်ပြုထားသော အတိုင်းအတာအထိ သင့်လျော်သော ကြိုးပမ်းမှုများကို အသုံးပြု၍ (က) ကြားခံပြင်ပအဖွဲ့အစည်း၏ တောင်းဆိုချက်ကို ကျွန်ုပ်တို့လက်ခံရရှိကြောင်း သင့်အား အသိပေးကာ အဆိုပါ အဖွဲ့အစည်းအား သင့်ကို ဆက်သွယ်ပေးရန်အတွက် တောင်းဆိုမည်ဖြစ်ပြီး၊ (ခ) ကြားခံပြင်ပ အဖွဲ့အစည်း၏ တောင်းဆိုချက်ကို သင့်စရိတ်ဖြင့် ကန့်ကွက်ရန် သင်၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ သင်၏ ကြောင်းကျိုးသင့် တောင်းဆိုချက်များကို လိုက်နာသွားပါမည်။ ကြားခံပြင်ပအဖွဲ့အစည်း၏ တောင်းဆိုချက်ကို တုံ့ပြန်ရန် လိုအပ်သော အချက်အလက်များကို ရယူရန်အတွက် သင်ကိုယ်တိုင် ဦးစွာကြိုးစားရမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များကို ကြောင်းကျိုးသင့်စွာ မရယူနိုင်သည့်အခါမှသာ ကျွန်ုပ်တို့ထံ ဆက်သွယ်ရပါမည်။
  4. ငွေပေးချေမှု။
    1. အခကြေးငွေများ။ လက်မှတ်ရေးထိုးထားသော စာရွက်စာတမ်းထဲတွင် အခြားတစ်နည်းဖြင့် သဘောမတူထားလျှင် အပိုင်း ၄-စ (အခမဲ့ အစမ်းသုံးခွင့်) တွင် ဖော်ပြထားသည့်အတိုင်း အခမဲ့အစမ်းသုံးခွင့်ကာလကို ရရှိနိုင်ပြီး Workplace ကို သင်အသုံးပြုရာတွင် Workplace အတွက် စံသတ်မှတ်ထားသော နှုန်းထားများ (လက်ရှိ ဤနေရာတွင် ရရှိနိုင်သည်- https://www.workplace.com/pricing) ကို Meta သို့ ပေးချေရန် သင်သဘောတူရမည်။ ကုန်ပစ္စည်းထဲတွင် အခြားနည်းဖြင့် သီးခြားဖော်ပြထားခြင်း မရှိလျှင် သို့မဟုတ် လက်မှတ်ရေးထိုးထားသော စာရွက်စာတမ်းထဲတွင် အခြားတစ်နည်းဖြင့် သဘောမတူထားလျှင် ဤသဘောတူညီချက်အောက်ရှိ အခကြေးငွေအားလုံးကို USD ဖြင့် ပေးချေရပါမည်။ အပိုင်း ၄-စ တွင်ဖော်ပြထားသော သင်၏ ငွေပေးချေမှု နည်းလမ်းနှင့်အညီ အခကြေးငွေအားလုံးကို အပြည့်အဝ ပေးချေရပါမည်။ နောက်ကျသော ငွေပေးချေမှုမှန်သမျှအတွက် တစ်လလျှင်ပေးရန်ရှိသော ငွေပမာဏ၏ ၁.၅% နှင့် ညီမျှသော ဝန်ဆောင်ခ သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသော အများဆုံး ငွေပမာဏ၊ နှစ်ခုထဲက ပိုနည်းသော ပမာဏတစ်ခုကို ပေးရပါမည်။
    2. ငွေပေးချေမှု နည်းလမ်း။ ဤသဘောတူညီချက်ကို ချုပ်ဆိုသည့်အခါ သင်သည် ဖော်ပြပါ ငွေပေးချေမှု အမျိုးအစားနှစ်ခုမှ တစ်ခုအောက်တွင် အခကြေးငွေများကို ပေးချေရန် သဘောတူရမည်- (၁) ငွေပေးချေကတ် အသုံးပြုသည့် ဖောက်သည် (တိုက်ရိုက်ငွေပေးချေ၍ဖြစ်စေ သို့မဟုတ် ကြားခံပြင်ပ ငွေပေးချေမှု ပလက်ဖောင်းမှတစ်ဆင့်ဖြစ်စေ) သို့မဟုတ် (၂) Meta ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ သတ်မှတ်ထားသော ငွေတောင်းခံလွှာ အသုံးပြုသည့် ဖောက်သည်။ ငွေပေးချေကတ် အသုံးပြုသည့် ဖောက်သည်များသည် အသုံးပြုသူ အရေအတွက်နှင့် စိတ်ချရမှုကဲ့သို့ အချက်များအပေါ် မူတည်၍ (Meta ၏ တစ်ဦးတည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ) ငွေတောင်းခံလွှာ အသုံးပြုသည့် ဖောက်သည်များ ဖြစ်လာနိုင်ပါသည်၊ သို့သော် Meta သည် သင့်အား ငွေပေးချေကတ် အသုံးပြုသည့် ဖောက်သည် သို့မဟုတ် ငွေတောင်းခံလွှာ အသုံးပြုသည့် ဖောက်သည်အဖြစ် အချိန်မရွေး ပြန်လည်ခွဲခြားသတ်မှတ်ရန် အခွင့်အရေးကို လက်ဝယ်ထားရှိသည်။
      1. ငွေပေးချေကတ် အသုံးပြုသည့် ဖောက်သည်များ။ ငွေပေးချေကတ် အသုံးပြုသည့် ဖောက်သည်များကို Workplace သုံးစွဲမှုအတွက် ၎င်းတို့၏ သတ်မှတ်ငွေပေးချေကတ်များမှ ငွေကောက်ခံမည်ဖြစ်သည်။
      2. ငွေတောင်းခံလွှာ အသုံးပြုသည့် ဖောက်သည်များ။ ငွေတောင်းခံလွှာ အသုံးပြုသည့် ဖောက်သည်များကို Meta က ချေးငွေသဘောတူညီမှုအမှတ်အား တိုးပေးထားမည်ဖြစ်ပြီး လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းထဲတွင် အခြားတစ်နည်းဖြင့် သဘောမတူထားလျှင် ငွေတောင်းခံလွှာများကို လစဉ်ထုတ်ပေးသွားပါမည်။ ငွေတောင်းခံလွှာ အသုံးပြုသည့် ဖောက်သည်တစ်ဦးအဖြစ် သတ်မှတ်ထားလျှင် သင်သည် ဤသဘောတူညီချက်အရ ပေးရန်ရှိသော အခကြေးငွေအားလုံးကို ငွေတောင်းခံလွှာရက်စွဲမှ ရက်ပေါင်း ၃၀ အတွင်း ကျွန်ုပ်တို့က ညွှန်ကြားထားသည့်အတိုင်း အပြည့်အဝ ရှင်းလင်းအောင် ပေးချေရမည်။
      3. ခရစ်ဒစ်ဗျူရိုမှ သင်၏ လုပ်ငန်း ခရက်ဒစ် အစီရင်ခံစာကို ဤသဘောတူညီချက်အား လက်ခံလိုက်သည့်အချိန် သို့မဟုတ် ၎င်းနောက်ပိုင်း မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့အတွက် ရယူပေးရန် သင်က သဘောတူပါသည်။
    3. အခွန်များ။ အခကြေးငွေများအား သက်ဆိုင်ရာအခွန်အခများ ထည့်သွင်းခြင်းမပြုဘဲ ဖော်ပြထားခြင်းဖြစ်ပြီး Meta ၏ ဝင်ငွေပေါ်အခြေခံသည့် အခွန်အခများမှအပ ဤသဘောတူညီချက်အောက်တွင် ပြုလုပ်သည့် ငွေကြေးလွှဲပြောင်းမှုများနှင့် ဆက်စပ်သော ပြည်တွင်း သို့မဟုတ် ပြည်ပ အရောင်းခွန်၊ အသုံးပြုခွန်၊ GST ခွန်၊ ဝန်ဆောင်မှုအပေါ် စည်းကြပ်ခွန်၊ ကြိုတင်ဝင်ငွေခွန် သို့မဟုတ် အလားတူ မည်သည့် အခွန်အခများ သို့မဟုတ် အကောက်ခွန်များကိုမဆို သင်တာဝန်ယူပေးချေရန် လိုအပ်ပါသည်။ ဤသဘောတူညီချက်အောက်၌ ပေးရန်ရှိသော ငွေပမာဏအားလုံးကို ခုနှိမ်ခွင့်၊ တန်ပြန်တောင်းဆိုချက်၊ ဖြတ်တောက်မှု သို့မဟုတ် ထိမ်ချန်မှုတို့ မရှိဘဲ အပြည့်အဝ ပေးချေရပါမည်။ ဤသဘောတူညီချက်အောက်၌ သင်ပြုလုပ်သော ငွေပေးချေမှုတွင် ဖြတ်တောက်မှု သို့မဟုတ် ထိမ်ချန်မှု ရှိလာပါက သင့်လျော်သော အခွန်ကောက်ခံခွင့်ရှိသည့် အဖွဲ့အစည်းများသို့ သင့်တော်သော ငွေပေးချေမှု ပြုလုပ်ရန် သင်က တာဝန်ယူရမည် ဖြစ်သလို၊ အဆိုပါအခွန်များကို မှန်ကန်သော အစိုးရ အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် အစိုးရဌာနသို့ အချိန်မီ လွှဲပြောင်းပေးရန် ပျက်ကွက်ခြင်းမှ ဖြစ်ပေါ်လာသည့် အတိုး၊ ပြစ်ဒဏ်များ၊ ဒဏ်ငွေများ သို့မဟုတ် အလားတူ ပေးရန်တာဝန်များအတွက် သင်က ငွေရေးကြေးရေးအားဖြင့် တာဝန်ရှိသည်။ ဤသဘောတူညီတွင် ဖော်ပြထားသော သို့မဟုတ် ကျွန်ုပ်တို့ထံ စာဖြင့်ရေးသား ဖော်ပြထားသော ငွေတောင်းခံရန် လိပ်စာတွင် သင်သည် Workplace ကို ဝင်ရောက်အသုံးပြုနေကြောင်း သင်က အသိအမှတ်ပြု လက်ခံထားပြီး၊ အဆိုပါ လိပ်စာသည် အမေရိကန်ပြည်ထောင်စုတွင် ရှိပါက ကျွန်ုပ်တို့သည် သင်၏ ငွေတောင်းခံရန် လိပ်စာ၏ တည်နေရာပေါ် အခြေခံ၍ အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာ အရောင်းခွန်/အသုံးပြုခွန်များကို သင့်ထံမှ ကောက်ခံသွားပါမည်။ Meta က သင့်ထံမှ အခွန်များ ကောက်ခံသင့်သည်ဟု အမေရိကန်ပြည်ထောင်စု ပြည်နယ်အခွန်အဖွဲ့အစည်းများက အခိုင်အမာဆိုလာပြီး သင်က ပြည်နယ်သို့ အဆိုပါ အခွန်များ တိုက်ရိုက်ပေးဆောင်ထားပါက (ထိုအခွန်အဖွဲ့အစည်းထံသို့) အဆိုပါ အခွန်များ ပေးထားပြီးဖြစ်ကြောင်း အထောက်အထားကို Meta ၏ စာဖြင့်ရေးသားတောင်းဆိုသည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း ကျွန်ုပ်တို့အား ပံ့ပိုးပေးရန် သင်သဘောတူရမည်။ အခွန်၊ ပြစ်ဒဏ်နှင့် အတိုး တစ်စုံတစ်ရာနှင့်ပတ်သက်၍ ငွေလျှော့ချေထားမှု သို့မဟုတ် ငွေမချေထားမှုအတွက် သင်က ကျွန်ုပ်တို့အား လျော်ကြေးပေးရန် သဘောတူပါသည်။
    4. ဆိုင်းငံ့ခြင်း။ ဤသဘောတူညီချက်အောက်ရှိ ကျွန်ုပ်တို့၏ အခြားအခွင့်အရေးများကို မထိခိုက်စေဘဲ၊ အခကြေးငွေများကို သတ်မှတ်ရက်နောက်ဆုံးထား၍ မပေးပါက ကျွန်ုပ်တို့သည် ငွေအပြည့် မပေးချေသရွေ့ Workplace ဝန်ဆောင်မှုအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဆိုင်းငံ့ထားနိုင်ပါသည်။
    5. Workplace for Good အခမဲ့ ဝင်ရောက်သုံးစွဲခွင့်။ အပိုင်း ၄-က တွင် မည်သို့ပင်ဆိုထားစေကာမူ၊ Workplace for Good အစီအစဉ်အောက်တွင် အခမဲ့ ဝင်ရောက်သုံးစွဲခွင့်ကို သင်လျှောက်ထားပြီး Meta က Meta ၏ မူဝါဒများ (လောလောဆယ်တွင် https://work.workplace.com/help/work/142977843114744 တွင် ကိုးကားနိုင်သည်) နှင့်အညီ သင့်ကို သတ်မှတ်ချက်ပြည့်မီသည်ဟု ဆုံးဖြတ်ပါက ကျွန်ုပ်တို့သည် သင့်အား အဆိုပါ လုပ်ဆောင်နေဆဲ မူဝါဒများနှင့်အညီ Workplace ကို အခမဲ့ ပံ့ပိုးပေးပါမည်။ ကျွန်ုပ်တို့၏ မူဝါဒများကို ပြောင်းလဲလိုက်ပြီး အခမဲ့ ဝင်ရောက်သုံးစွဲခွင့်အတွက် သင်သတ်မှတ်ချက်မပြည့်မီတော့ပါက Meta သည် ဤကိစ္စရပ်နှင့်ဆိုင်သော သတိပေးချက်ကို သင့်ထံသို့ သုံး (၃) လ ကြိုတင်၍ ပေးပို့မည်ဖြစ်ပြီး အဆိုပါ သတိပေးချက်ပေးပို့ပြီး နောက်ပိုင်းတွင် အပိုင်း ၄-က သည် စတင်သက်ရောက်ပါမည်။
    6. အခမဲ့စမ်းသုံးခွင့်။ Meta သည် ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ခွင့်ဖြင့် သတ်မှတ်ကာလတစ်ခုအတွက် Workplace အခမဲ့ စမ်းသုံးခွင့်ကို သင့်အား ပံ့ပိုးပေးနိုင်ပြီး အသုံးပြုနိုင်သည့် ကာလကို Meta က ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ရမည်ဖြစ်ကာ ၎င်းကို သင့် Workplace ဖြစ်စဉ်၏ စီမံသူပန်နယ်မှတစ်ဆင့် သင့်ထံသို့ ဆက်သွယ်အကြောင်းကြားပါမည်။ ယင်းအခမဲ့စမ်းသုံးခွင့် ပြီးဆုံးပြီးနောက် အပိုင်း ၄-က (အခကြေးငွေများ) သည် စတင်သက်ရောက်ပါမည်။
  5. လျှို့ဝှက်ထားရှိမှု
    1. တာဝန်ဝတ္တရားများ ပါတီအသီးသီးတို့သည် ဤသဘောတူညီချက်နှင့်စပ်လျဉ်း၍ (“ထုတ်ဖော်ပါတီ”) ထံမှ (“လက်ခံပါတီ” အဖြစ်) ရရှိသည့် လုပ်ငန်းဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်အားလုံးကို ၎င်းတို့အား ထုတ်ဖော်ပြောဆိုချိန်တွင် လျှို့ဝှက်ထားရှိမည်ဟု သို့မဟုတ် မူပိုင်ဖြစ်သည်ဟု တစ်ခုခုအနေနှင့် ခွဲခြားဖော်ပြခဲ့လျှင် သို့မဟုတ် ထုတ်ဖော်ပြောဆိုသည့် အချက်အလက်၏ သဘောသဘာဝနှင့် ထုတ်ဖော်ချက်ဝန်းကျင်ရှိ အခြေအနေများအရ လျှို့ဝှက်ထားရှိရမည်ဟု သို့မဟုတ် မူပိုင်ဖြစ်သည်ဟု လက်ခံပါတီမှ ကြောင်းကျိုးသင့် သိနိုင်ခဲ့လျှင်၊ ထုတ်ဖော်ပါတီ၏ လျှို့ဝှက်ထားရှိသော အကြောင်းအရာ (“လျှို့ဝှက်အချက်အလက်”) ဖြစ်သည်ဟု လက်ခံပါတီများက သဘောတူပါသည်။ ဤနေရာ၌ အတိအလင်း ခွင့်ပြုထားသည်မှအပ၊ လက်ခံပါတီအနေဖြင့် (၁) ယုံကြည်စိတ်ချမှုကို လက်ကိုင်ထားလျက် ကြားခံပြင်ပအဖွဲ့အစည်းများသို့ လျှို့ဝှက်အချက်အလက်များကို ထုတ်ဖော်မပြရပါ၊ (ခ) လျှို့ဝှက်အချက်အလက်ကို ဤသဘောတူညီချက်အောက်ရှိ ၎င်း၏တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ရန်နှင့် ၎င်း၏ ရပိုင်ခွင့်များအား ကျင့်သုံးရန်အတွက်မှလွဲ၍ အခြားရည်ရွယ်ချက်အတွက် အသုံးမပြုရပါ။ လက်ခံပါတီက လျှို့ဝှက်အချက်အလက်ကို သိရှိရန် တရားဝင်လိုအပ်သော ၎င်း၏ဝန်ထမ်းများ၊ အေးဂျင့်များ၊ ကန်ထရိုက်တာများနှင့် အခြား ကိုယ်စားလှယ်များ (ပိုဒ်ခွဲ ၁၁.ည တွင် ရည်ညွှန်းထားသည့် Meta၊ ၎င်း၏ အဖွဲ့ဝင်များ၊ တစ်ဆင့်ခံ ကန်ထရိုက်တာများအတွက် အပါအဝင်) ကို ထုတ်ဖော်ပြောဆိုနိုင်မည်ဖြစ်ပြီး ၎င်းတို့သည် ထုတ်ဖော်ပါတီ၏ လျှို့ဝှက်အချက်အလက် ကာကွယ်မှုထက် မနည်းစေဘဲ ဤပိုဒ်ခွဲ ၅ တွင် ဖော်ပြထားသည့် လျှို့ဝှက်ထားရှိမှုဆိုင်ရာ တာဝန်များကို လိုက်နာမှသာလျှင်၊ အဆိုပါလူပုဂ္ဂိုလ်က ဤပိုဒ်ခွဲ ၅ ရှိ စည်းမျဉ်းများကို လိုက်နာရန်အတွက် လက်ခံပါတီတွင် ဆက်လက်၍ တာဝန်ရှိနေမှသာလျှင် ထုတ်ဖော်ပြောဆိုရမည်။
    2. ခြွင်းချက်များ။ လက်ခံပါတီ၏ လျှို့ဝှက်ထားရှိမှုဆိုင်ရာ တာဝန်များသည် လက်ခံပါတီက သက်သေအထောက်အထား ပြနိုင်သော အချက်အလက်ဖြစ်သည့်- (က) ၎င်း၏လက်ဝယ်ထားရှိမှုတွင် တရားသဖြင့် ရှိနေခဲ့သော အချက်အလက် သို့မဟုတ် လျှို့ဝှက်အချက်အလက်ကို လက်မခံမီ လူသိပြီးသား အချက်အလက်၊ (ခ) လက်ခံပါတီ၏ အမှားမရှိဘဲနှင့် အများသုံးဗဟုသုတ ဖြစ်နေသော သို့မဟုတ် ဖြစ်ထားသော အချက်အလက်၊ (ဂ) လက်ခံပါတီက တတိယပါတီထံမှ လျှို့ဝှက်ထားရှိမှုဆိုင်ရာ တာဝန်များကို ချိုးမဖောက်ဘဲ တရားသဖြင့် ရရှိထားသော အချက်အလက်၊ (ဃ) အဆိုပါအချက်အလက်ထဲ ဝင်ခွင့် ရှိမထားသော တတိယပါတီ၏ ဝန်ထမ်းများက သီးခြား ဖွံ့ဖြိုးအောင်လုပ်ထားသော အချက်အလက်တို့အပေါ် အကျိုးမသက်ရောက်ပါ။ လက်ခံပါတီက ထုတ်ဖော်ချက်များကို ဥပဒေအရ သို့မဟုတ် တရားရုံးအမိန့်အရ လိုအပ်သည့် အတိုင်းအတာအထိ ပြုလုပ်နိုင်ပြီး၊ (ဥပဒေများအရ တားမြစ်ထားမှုမရှိခဲ့လျှင်) လက်ခံပါတီက ထုတ်ဖော်ပါတီကို ချက်ချင်း အသိပေးပြီး လျှို့ဝှက်ထားရှိမှုဆိုင်ရာ အထောက်အထားအမြင် ရရှိရန် အားထုတ်မှုမှန်သမျှတွင် ပူးပေါင်းဆောင်ရွက်မှသာလျှင် ပြုလုပ်နိုင်ပါမည်။
    3. တားမြစ်မိန့်။ လျှို့ဝှက်အချက်အလက်ကို ဤပိုဒ်ခွဲ ၅ ချိုးဖောက်၍ အသုံးပြုခြင်းသည် သို့မဟုတ် ထုတ်ဖော်ခြင်းသည် များပြားသော ထိခိုက်နစ်နာမှု ဖြစ်စေနိုင်ပြီး၊ ၎င်းထိခိုက်နစ်နာမှုချည်းသက်သက်ဖြင့် အရေးယူကုစားမှုအတွက် မလုံလောက်ပါ၊ ထို့ကြောင့် လက်ခံပါတီကပြုလုပ်သည့် အဆိုပါအလားအလာရှိသော သို့မဟုတ် အမှန်တကယ် အသုံးပြုမှု သို့မဟုတ် ထုတ်ဖော်ချက်နှင့်ပတ်သက်၍ လက်ခံသူတွင် ဥပဒေရှိ အခြားအရေးယူကုစားမှုများအပြင် သင့်တော်မှုရှိ မျှတသော တားမြစ်မိန့်ကို တောင်းခံရန် အခွင့်ရှိသည်။
  6. ဉာဏမူပိုင်ခွင့် အခွင့်အရေးများ
    1. Meta ၏ ပိုင်ဆိုင်မှု။ ဤအရာသည်Workplace ထဲ ဝင်ရောက်ခွင့်နှင့် အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်ဖြစ်ပြီး၊ မည်သည့် ပိုင်ဆိုင်မှု အခွင့်အရေးကိုမျှ ဖောက်သည်ထံသို့ လွှဲပြောင်းပေးအပ်ထားခြင်း မရှိပါ။ Meta နှင့် ၎င်း၏လိုင်စင်ချပေးသူများတွင် သင်၏ သဘောထားမှတ်ချက် (အောက်တွင်ဖော်ပြထားသည့်) ပေါ်အခြေခံ၍ Meta မှဖြစ်စေ၊ Meta ၏ ကိုယ်စားဖြစ်စေ ဖန်တီးထားသော အထက်ဖော်ပြပါ တစ်ခုခုကို ကူးယူဆင့်ပွားဖန်တီးထားသော လက်ရာများ၊ မွမ်းမံပြင်ဆင်မှုများ သို့မဟုတ် တိုးမြှင့်မှု မှန်သမျှနှင့် ဆက်စပ်နည်းပညာနှင့် အခြေခံနည်းပညာ မှန်သမျှ အားလုံး၊ စုပေါင်းအချက်အလက်များ၊ Workplace ထဲရှိ ယင်းအတွက် အခွင့်အရေး၊ ရပိုင်ခွင့်နှင့် အကျိုးစီးပွား (ဉာဏမူပိုင်ခွင့် အခွင့်အရေးအားလုံး အပါအဝင်) အားလုံးကို လက်ဝယ်ထားရှိသည်။ ဤသဘောတူညီချက်တွင် အတိအလင်းဖော်ပြထားသည်မှတစ်ပါး အခြားမည်သည့်အခွင့်အရေးကိုမျှ သင့်အား ပေးအပ်ထားခြင်းမရှိပါ။
    2. သဘောထားမှတ်ချက်။ Workplace နှင့် ၎င်း၏ API များ သို့မဟုတ် ကျွန်ုပ်တို့၏ အခြားသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင်၏အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ မှတ်ချက်များ၊ မေးခွန်းများ၊ အကြံပြုချက်၊ သုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များ သို့မဟုတ် အခြား သဘောထားမှတ်ချက်များ (“သဘောထားမှတ်ချက်”) ကို သင်တင်ပြပါက ကျွန်ုပ်တို့သည် သင့်အား တာဝန်ယူခြင်း သို့မဟုတ် လျော်ကြေးပေးခြင်းမရှိဘဲ ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် ကျွန်ုပ်တို့ မိတ်ဖက်များ၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အဆိုပါ သဘောထားမှတ်ချက်များကို လွတ်လပ်စွာ အသုံးပြုနိုင် သို့မဟုတ် အပြည့်အဝ အသုံးချနိုင်ပါသည်။
  7. မသက်ဆိုင်ကြောင်းရှင်းလင်းချက်
    ရောင်းချနိုင်မှု၊ သီးခြားရည်ရွယ်ချက် တစ်ခုအတွက် ကိုက်ညီမှု၊ ရပိုင်ခွင့် သို့မဟုတ် ချိုးဖောက်မှုမရှိခြင်းအတွက် အာမခံပေးခြင်းများ အပါအဝင် အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သို့မဟုတ် ပြဋ္ဌာန်းဥပဒေအရဖြစ်စေ မည်သည့်အမျိုးအစားဖြင့်မဆို ပြုလုပ်ထားသော အာမခံခြင်းများနှင့် ကိုယ်စားပြုမှု မှန်သမျှ အားလုံးအတွက် မသက်ဆိုင်ကြောင်း Meta က အတိအလင်းငြင်းဆိုပါသည်။ Workplace က အနှောင့်အယှက်ကင်းမည် သို့မဟုတ် ချို့ယွင်းချက်ကင်းစင်မည်ဟု ကျွန်ုပ်တို့က အာမခံမပေးနိုင်ပါ။ ကျွန်ုပ်တို့သည် ကြားခံပြင်ပ အဖွဲ့အစည်းများအား သင်၏ Workplace အသုံးပြုမှုကို ဖြည့်စွက်ပေးသည့် ဝန်ဆောင်မှုများနှင့် အပလီကေးရှင်းများကို ဖန်တီးပေးနိုင်ကာ ရရှိအောင်ပြုလုပ်ပေးနိုင်ရန် ခွင့်ပြုပေးနိုင်သည် သို့မဟုတ် တစ်နည်းအားဖြင့် Workplace အား အခြားဝန်ဆောင်မှုများနှင့် အပလီကေးရှင်းများတွင် ပေါင်းစပ်ထည့်သွင်းရန် ကျွန်ုပ်တို့ ခွင့်ပြုပေးနိုင်သည်။ Workplace နှင့်ဆက်စပ်၍ အသုံးပြုရန် သင် ရွေးချယ်လိုက်သော ဝန်ဆောင်မှုများ သို့မဟုတ် အပလီကေးရှင်းများအတွက် Meta တွင် တာဝန်မရှိပါ။ အဆိုပါ ဝန်ဆောင်မှုများနှင့် အပလီကေးရှင်းများကို သင်အသုံးပြုရာတွင် သီးခြားစည်းမျဉ်းများနှင့် မူဝါဒများကို လိုက်နာရမည်ဖြစ်ပြီး ထိုကဲ့သို့ အသုံးပြုမှုမှန်သမျှအတွက် သင်ကိုယ်တိုင်တာဝန်ယူရမည်ကို သင်သိရှိသဘောတူပါသည်။
  8. ပေးရန်တာဝန် ကန့်သတ်ချက်များ
    1. ချန်လှပ်ထားသော တောင်းဆိုမှုများမှလွဲ၍ (အောက်တွင်ဖော်ပြထားသည့်အတိုင်း)-
      1. ပါတီအသီးသီးတို့သည် အသုံးပြုခွင့် ဆုံးရှုံးခြင်း သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု သို့မဟုတ် မမှန်ကန်မှု၊ လုပ်ငန်းအနှောင့်အယှက်ဖြစ်မှု၊ ကြန့်ကြာမှုအတွက် ကုန်ကျစရိတ်များ သို့မဟုတ် သွယ်ဝိုက်ဖြစ်သော သို့မဟုတ် အကျိုးဆက်ဖြစ်သော ထိခိုက်ပျက်စီးမှု အမျိုးအစားမှန်သမျှ (အကျိုးအမြတ်များ ဆုံးရှုံးခြင်း အပါအဝင်) အတွက် စာချုပ်တွင်ဖြစ်စေ၊ တရားမနစ်နာမှု (ပေါ့ဆမှု အပါအဝင်) တွင်ဖြစ်စေ၊ တင်းကြပ်သော ပေးရန်တာဝန်ရှိမှုတွင်ဖြစ်စေ သို့မဟုတ် အခြားတစ်နည်းနည်းတွင်ဖြစ်စေ ဖြစ်ရပ်ပုံစံကို ပဓာနမထားဘဲ အဆိုပါပျက်စီးမှုများ ဖြစ်လာနိုင်ချေရှိသည်ဟု ကြိုတင် အသိပေးထားလျှင်ပင် ၎င်းတို့အတွက် တာဝန်ရှိမည်မဟုတ်ပါ၊ ထို့ပြင်
      2. အခြားသူများအပေါ် ပါတီ၏ အလုံးစုံပေးရန်တာဝန်သည် ဖောက်သည်က Meta သို့ ဤသဘောတူညီချက်အောက်၌ တစ်ဆယ့်နှစ် (၁၂) လ မတိုင်မီအတွင်း အမှန်တစ်ကယ် ပေးချေပြီးသည့် သို့မဟုတ် ပေးရနိုင်သည့် ငွေပမာဏထက် မကျော်ရပါ၊ သို့မဟုတ် အဆိုပါကာလအတွင်း မည်သည့်အခကြေးငွေမှ မပေးခဲ့လျှင် သို့မဟုတ် ပေးရနိုင်ဖွယ်မရှိလျှင် စုစုပေါင်းပေးရန်တာဝန်သည် ဒေါ်လာတစ်သောင်း ($၁၀,၀၀၀) ထက် မကျော်ရပါ။
    2. ဤပိုဒ်ခွဲ ၈ ၏ ရည်ရွယ်ချက်များအတွက်၊ “ ချန်လှပ်ထားသော တောင်းဆိုမှုများ” ဆိုသည်မှာ- (က) ပိုဒ်ခွဲ ၂ (သင့်အချက်အလက်များနှင့် သင်၏တာဝန်ဝတ္တရားများ) အရ ဖြစ်ပေါ်လာသော ဖောက်သည်၏ ပေးရန်တာဝန်ရှိမှုနှင့် (ခ) ပိုဒ်ခွဲ ၅ (လျှို့ဝှက်ထားရှိမှု) တွင် ဖော်ပြထားသော အဖွဲ့အစည်း၏ တာဝန်ဝတ္တရားများကို ယင်းအဖွဲ့အစည်းက ချိုးဖောက်ခြင်းကို ဆိုလိုပြီး သင့်အချက်အလက်များနှင့် ဆိုင်သော တောင်းဆိုချက်များ မပါဝင်ပါ။
    3. ဤသဘောတူညီချက်တွင် သတ်မှတ်ထားသည့် အကန့်အသတ်ရှိသော ကုစားမှုတစ်ခုခုသည် ၎င်း၏ ပဓာနကျသော ရည်ရွယ်ချက် ပျောက်ဆုံးနေသည်ဟု ရှာတွေ့လျှင် ဤပိုဒ်ခွဲ ၈ ရှိ ကန့်သတ်ချက်များက ဆက်လက်အသက်ဝင်လျက် အကျိုးသက်ရောက်နေမည်ဖြစ်ပြီး၊ ပါတီအသီးသီးတို့သည် ဥပဒေအရ ကန့်သတ်မနိုင်သော သို့မဟုတ် ဖယ်မချန်နိုင်သော အရာတစ်ခုခုအတွက် ၎င်းတို့၏ တာဝန်မကင်းမှုကို ကန့်သတ်နေမည် သို့မဟုတ် ဖယ်ချန်နေမည် မဟုတ်ကြောင်း ပါတီများက သဘောတူပါသည်။ ကျွန်ုပ်တို့၏ Workplace ဆိုင်ရာ ပြဋ္ဌာန်းချက်သည် ကျွန်ုပ်တို့၏ တာဝန်မကင်းမှုအတွက် ဤသဘောတူညီချက်တွင် စီစဉ်ထားသည့်အတိုင်း ကန့်သတ်ထားသည်ဆိုသော လက်ခံမှုအပေါ် အခြေခံထားသည်ဟု သင်က အသိအမှတ်ပြု၍ သဘောတူပါသည်။
  9. သက်တမ်းကာလနှင့် အဆုံးသတ်ခြင်း
    1. သက်တမ်းကာလ။ ဤသဘောတူညီချက်သည် သင်၏ Workplace ဖြစ်စဉ်ကို ပထမအကြိမ်ဝင်သုံးသည့်နေ့စွဲမှ စတင်မည်ဖြစ်ပြီး ဤနေရာ (“စည်းမျဉ်းများ”) ၌ ခွင့်ပြုထားသည့်အတိုင်း ရပ်စဲသည့်အချိန်အထိ သက်တမ်းဆက်ရှိနေမည် ဖြစ်သည်။
    2. သင့်လျော်သလို စာချုပ်ရပ်စဲခြင်း။ အချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက် စာပိုဒ် ၂.ဃ အောက်ရှိ သင်၏ ရပ်စဲပိုင်ခွင့်များကို ထိခိုက်နစ်နာမှုမရှိစေဘဲ၊ ထုတ်ကုန်ထဲရှိ သင်၏ Workplace ဖြစ်စဉ်ကို ဖျက်သိမ်းရန် သင့်စီမံသူက ရွေးချယ်ကာ Meta ထံသို့ ရက် သုံးဆယ် (၃၀) ကြိုတင်သတိပေးချက် ပေးပို့၍ ဤသဘောတူညီချက်ကို အကြောင်းပြချက်မရှိဘဲဖြစ်စေ အကြောင်းပြချက်ဖြင့်ဖြစ်စေ သင်က အချိန်မရွေး ရပ်စဲနိုင်ပါသည်။ Meta ကလည်း သင့်ထံသို့ ရက် သုံးဆယ် (၃၀) ကြိုတင်သတိပေးချက် ပေးပို့၍ ဤသဘောတူညီချက်ကို အကြောင်းပြချက်မရှိဘဲဖြစ်စေ အကြောင်းပြချက်ဖြင့်ဖြစ်စေ အချိန်မရွေး ရပ်စဲနိုင်ပါသည်။
    3. Meta မှ ရပ်စဲခြင်းနှင့် ဆိုင်းငံ့ခြင်း။ သင်က ဤသဘောတူညီချက်ကို ချိုးဖောက်လျှင် သို့မဟုတ် ကျွန်ုပ်တို့က Workplace ၏ ဘေးကင်းလုံခြုံရေး၊ တည်ငြိမ်မှု၊ ၎င်းကို ရရှိနိုင်မှု သို့မဟုတ် ၎င်း၏ တည်တံ့မှုကို ထိခိုက်အန္တရာယ်ဖြစ်စေမှုမှ တားဆီးရန်အတွက် အဆိုပါလုပ်ဆောင်ချက်ကို လိုအပ်သည်ဟု ယူဆလျှင်၊ Meta သည် သင့်ထံသို့ သင့်လျော်သော သတိပေးချက်ပေးပို့၍ ဤသဘောတူညီချက်ကို ရပ်စဲရန် သို့မဟုတ် သင်၏ Workplace ဝင်ရောက်သုံးစွဲခွင့်ကို ချက်ချင်းဆိုင်းငံ့ရန် အခွင့်အရေးကို လက်ဝယ်ထားရှိသည်။
    4. သင့်အချက်အလက်ကို ဖျက်ခြင်း။ Meta က ဤသဘောတူညီချက်ကို ရပ်စဲပြီးနောက် သင့်အချက်အလက်များကို ချက်ချင်းဖျက်ပစ်မည်ဖြစ်သော်လည်း ဖျက်ထားသော အကြောင်းအရာသည် ဖျက်နေစဉ်အတွင်း သင့်လျော်သော အချိန်ကာလတစ်ခုကြာ အရန်သိမ်းဖိုင်အဖြစ် ဆက်ရှိနေနိုင်သည်ကို သင်ကသိနားလည်ထားပါသည်။ ပိုဒ်ခွဲ ၂.င တွင် သတ်မှတ်ထားသည့်အတိုင်း၊ သင့်ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် အရန်သိမ်းဖိုင်များ ဖန်တီးခြင်းကို သင်တစ်ဦးတည်းသာ တာဝန်ယူရမည်ဖြစ်သည်။
    5. သဘောတူညီချက် ရပ်စဲခြင်း၏ အကျိုးသက်ရောက်မှု။ ဤသဘောတူညီချက်ကို ရပ်စဲလိုက်ပါက- (က) သင်နှင့် သင်၏အသုံးပြုသူများက Workplace ကို အသုံးပြုခြင်းမှ ချက်ချင်း ရပ်ရမည်၊ (ခ) ထုတ်ဖော်ပါတီ၏ တောင်းဆိုချက်အရနှင့် ၉-ဃ အပေါ် မူတည်၍ လက်ခံပါတီက ၎င်းလက်ဝယ်ရှိသော ထုတ်ဖော်ပါတီ၏ လျှို့ဝှက်အချက်အလက်မှန်သမျှကို ချက်ချင်း ပြန်ပေးရမည် သို့မဟုတ် ဖျက်ရမည်၊ (ဂ) သဘောတူညီချက် မရပ်စဲမီ ကျသင့်သည့် အခကြေးငွေများကို သင်မပေးချေရသေးပါက Meta သို့ ချက်ချင်း ပေးချေရမည်၊ (ဃ) ပိုဒ်ခွဲ ၉-ဃ အရ အကြောင်းပြချက်မရှိဘဲ Meta က ဤသဘောတူညီချက်ကို ရပ်စဲလျှင် (သက်ဆိုင်မှုရှိပါက) Meta သည် ကြိုတင်ပေးချေထားသော အခကြေးငွေများ၏ အချိုးကျနှုန်းထားတစ်ခုကို သင့်အား ငွေပြန်အမ်းပေးပါမည်၊ (င) အောက်ပါပိုဒ်ခွဲများက ဆက်လက်အကျုံးဝင်ရမည်- ၁.ဂ (ကန့်သတ်ချက်များ)၊ ၂ (သင့်အချက်အလက်များကို အသုံးပြုခြင်းနှင့် သင်၏တာဝန်ဝတ္တရားများ) (သင့်အချက်အလက်များအတွက် ပိုဒ်ခွဲ ၂.က အောက်ရှိ Meta ၏ လိုင်စင်မှလွဲ၍)၊ ၃.ခ (ဥပဒေဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုများနှင့် ကြားခံပြင်ပအဖွဲ့အစည်း၏ တောင်းဆိုချက်များ)၊ ၄ (ငွေပေးချေမှု)၊ ၁၂ (အဓိပ္ပါယ်ဖွင့်ဆိုချက်များ)။ ဤသဘောတူညီချက်တွင် သတ်မှတ်ထားနိုင်သည့်အတိုင်းမှလွဲ၍ ရပ်စဲခြင်း အပါအဝင် မည်သည့်ပါတီကမဆို ကျင့်သုံးသော ကုစားဖြေရှင်းနည်းသည် ဤသဘောတူညီချက်အောက်တွင် ရှိနိုင်သော အခြားအရေးယူကုစားမှုများကို ဥပဒေအရဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ထိခိုက်နစ်နာမှုမရှိစေရပါ။
  10. အခြား Facebook အကောင့်များ
    1. ကိုယ်ပိုင်အကောင့်များ။ သံသယဖြစ်မှုမှ ရှောင်ကြည်ရန်အတွက်၊ အသုံးပြုသူအကောင့်များသည် အသုံးပြုသူများက သုံးစွဲသူဆိုင်ရာ Facebook ဝန်ဆောင်မှု (“ကိုယ်ပိုင် FB အကောင့်များ”) တွင် ဖန်တီးထားနိုင်သော အခြားကိုယ်ပိုင် Facebook အကောင့်များနှင့် ခြားနားပါသည်။ ကိုယ်ပိုင် FB အကောင့်များသည် ဤသဘောတူညီချက်နှင့် မသက်ဆိုင်ပါ။ သို့သော် Meta နှင့် သက်ဆိုင်သည့် အသုံးပြုသူ အသီးသီးအကြားရှိ Meta ၏ ထိုဝန်ဆောင်မှုများဆိုင်ရာ စည်းမျဉ်းများအတွင်း အကျုံးဝင်ပါသည်။
    2. Workplace နှင့် ကြော်ငြာများ။ ကြားခံပြင်ပအဖွဲ့အစည်း၏ ကြော်ငြာများကို သင့်အသုံးပြုသူများ၏ Workplace တွင် ကျွန်ုပ်တို့က ပြသမည်မဟုတ်သလို သင်၏အသုံးပြုသူများအတွက် ကြော်ငြာ စီစဉ်ပေးရန် သို့မဟုတ် ရည်ရွယ်ပြသရန် သို့မဟုတ် သင့်အသုံးပြုသူများ၏ သုံးစွဲမှုအတွေ့အကြုံကို ၎င်းတို့၏ကိုယ်ပိုင် Facebook အကောင့်များတွင် စိတ်ကြိုက်ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့က သင့်အချက်အလက်များကို အသုံးပြုမည်မဟုတ်ပါ။ သို့သော် Meta သည် Workplace နှင့် ဆက်စပ်သည့် လုပ်ဆောင်ချက်များ၊ ပေါင်းစပ်မှုများ သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းများနှင့် ပတ်သက်၍ ကုန်ပစ္စည်းပါ ကြေညာချက်များ ပြုလုပ်နိုင်သည် သို့မဟုတ် စနစ်စီမံသူများကို အသိပေးနိုင်ပါသည်။
  11. အထွေထွေ
    1. ပြောင်းလဲမှုများ။ Meta သည် အချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်နှင့် အချက်အလက် လွှဲပြောင်းခြင်းဆိုင်ရာ ဖြည့်စွက်ချက် (သက်ဆိုင်သည့် ဒေတာကာကွယ်ရေး ဥပဒေကို လိုက်နာရန်)၊ အချက်အလက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဖြည့်စွက်ချက်နှင့် ကောင်းမွန်သင့်လျော်စွာ အသုံးပြုမှု မူဝါဒတို့တွင် ကန့်သတ်ချက်မရှိ အပါအဝင် ဤသဘောတူညီချက်ပါ စည်းမျဉ်းများနှင့် ဤသဘောတူညီချက်ထဲတွင် ရည်ညွှန်းကိုးကားထားသော သို့မဟုတ် ပေါင်းစပ်ထည့်သွင်းထားသော မူဝါဒများကို သင့်အား အီးမေးလ်ပို့၍ဖြစ်စေ၊ ဝန်ဆောင်မှုမှတစ်ဆင့် သို့မဟုတ် သင့်လျော်သော နည်းလမ်းများဖြင့် အသိပေးကာ ပြောင်းလဲခြင်း (“ပြောင်းလဲမှု”) ကို အချိန်မရွေး ပြုလုပ်နိုင်သည်။ ကျွန်ုပ်တို့၏ သတိပေးချက်ကို ပေးပို့ပြီးနောက် တစ်ဆယ့်လေး (၁၄) ရက်အကြာတွင် Workplace ကို ဆက်လက်အသုံးပြုလျှင် သင်က အဆိုပါပြောင်းလဲမှုကို သဘောတူရာရောက်ပါသည်။
    2. ထိန်းချုပ်ညွှန်ကြားသည့် ဥပဒေ။ ဤသဘောတူညီချက်နှင့် သင်နှင့် သင့်အသုံးပြုသူများ၏ Workplace သုံးစွဲမှုအပြင် သင်နှင့် ကျွန်ုပ်တို့အကြား၌ ဖြစ်လာနိုင်သော တောင်းဆိုချက်မှန်သမျှကို အမေရိကန်ပြည်ထောင်စုနှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့၏ ဥပဒေများအရ ၎င်းတို့၏ ဥပဒေဆိုင်ရာ အခြေခံမူ ကွဲလွဲချက်များကို အကျိုးသက်ရောက်မှုမရှိစေဘဲ သက်ဆိုင်သည့်အတိုင်း ထိန်းချုပ်ညွှန်ကြားပြီး အဓိပ္ပါယ်ကောက်ယူရမည်။ ဤသဘောတူညီချက် သို့မဟုတ် Workplace နှင့် စပ်လျဉ်း၍ သို့မဟုတ် ယင်းကြောင့်ဖြစ်ပေါ်လာသော တောင်းဆိုချက် သို့မဟုတ် အရေးယူဆောင်ရွက်မှု မှန်သမျှကို ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင်အတွက် အမေရိကန်ပြည်ထောင်စု ခရိုင်တရားရုံး သို့မဟုတ် ဆန်မတေယို ခရိုင်တွင် တည်ရှိသော ပြည်နယ်တရားရုံးတွင်သာ သီးသန့်ဖြေရှင်းရမည်ဖြစ်ပြီး အဆိုပါတရားရုံးများ၏ ကိုယ်ပိုင်တရားစီရင်မှုကို ခံယူရန် နှစ်ဦးနှစ်ဖက်စလုံးမှ ဤတွင် သဘောတူပါသည်။
    3. အလုံးစုံ သဘောတူညီချက်။ ဤသဘောတူညီချက် (ကောင်းမွန်သင့်လျော်စွာ အသုံးပြုမှု မူဝါဒ အပါအဝင်) သည် Workplace ကို သင်၏ ဝင်ရောက်သုံးစွဲမှုနှင့် အသုံးပြုမှုနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်အကြား အလုံးစုံသော သဘောတူညီချက် ဖြစ်ပြီး Workplace နှင့် သက်ဆိုင်သည့် ယခင်တင်ပြချက်များ သို့မဟုတ် သဘောတူညီချက်များကို အစားထိုးပါသည်။ ခေါင်းစဉ်များသည် အဆင်ပြေစေရန်အတွက်သာ ဖြစ်ပြီး၊ “အပါအဝင်” ကဲ့သိုသော အသုံးအနှုန်းများကို ကန့်သတ်ချက်မရှိသောအဖြစ် အဓိပ္ပါယ်ကောက်ယူပါသည်။ ဤသဘောတူညီချက်ကို အင်္ဂလိပ်ဘာသာစကား (US) ဖြင့် ရေးသားထားပြီး၊ မည်သည့်ဘာသာပြန် ဗားရှင်းတွင်မဆို ကွဲလွဲမှုများ ရှိလာပါက ဤဘာသာစကားကိုသာ အတည်ယူရပါမည်။
    4. စွန့်လွှတ်မှုနှင့် တစ်ဦးတည်းလက်ဝယ်ထားခွင့်။ ပြဌာန်းချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကို စွန့်လွှတ်မှုအဖြစ် မှတ်ယူမည်မဟုတ်ပါ၊ စွန့်လွှတ်မှုများသည် စွန့်လွှတ်လိုက်ကြောင်း အရေးဆိုထားသည့် ပါတီက စာဖြင့်ရေးသားဖော်ပြ၍ လက်မှတ်ထိုးထားရမည်။ ဖောက်သည်၏ ဝယ်ယူမှုအော်ဒါ သို့မဟုတ် လုပ်ငန်းပုံစံစာရွက်ရှိ စည်းမျဉ်းများ သို့မဟုတ် သတ်မှတ်ချက်များက ဤသဘောတူညီချက်ကို မွမ်းမံပြင်ဆင်နိုင်မည် မဟုတ်သလို ၎င်းတို့ကို ဤနည်းအားဖြင့် အတိအလင်း ပယ်ချပြီး၊ အဆိုပါစာရွက်စာတမ်းမှန်သမျှသည် စီမံခန့်ခွဲမှုရည်ရွယ်ချက်များ အတွက်သာ ဖြစ်ပါမည်။ ဤသဘောတူညီချက်ရှိ ပြဋ္ဌာန်းချက်မှန်သမျှကို လိုက်နာဆောင်ရွက်ရန် မတတ်စွမ်းနိုင်ကြောင်း၊ ခိုင်လုံမှုမရှိကြောင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ဥပဒေနှင့်ဆန့်ကျင်နေကြောင်း လုပ်ပိုင်ခွင့်ရှိသော တရားစီရင်ပိုင်ခွင့်နယ်မြေ၏ တရားရုံးက စီရင်ဆုံးဖြတ်ပါက အဆိုပါပြဋ္ဌာန်းချက်များ၏ ရည်ရွယ်ထားရှိသော ရည်ရွယ်ချက်များကို အကောင်းဆုံး ဖြစ်မြောက်စေရန်အလို့ငှာ ၎င်းတို့အား အဓိပ္ပါယ်ကောက်ယူမည်ဖြစ်ကာ၊ ဤသဘောတူညီချက်ရှိ ကျန်ရှိသော ပြဋ္ဌာန်းချက်များက အပြည့်အဝ ဆက်လက်အာဏာတည်ပြီး အကျိုးသက်ရောက်မည်ဖြစ်သည်။
    5. အများသိကြော်ငြာခြင်း နှစ်ဦးနှစ်ဖက်အကြား ရင်းနှီးပတ်သက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် သို့မဟုတ် ဈေးကွက်မြှင့်တင်ရေးကမ်ပိန်း မည်သည်ကိုမဆို ပြုလုပ်ရာတွင် ပါတီနှစ်ဖက်လုံး၏ စာဖြင့်ရေးထားသော ကြိုတင်ခွင့်ပြုချက် လိုအပ်ပါသည်။ အထက်တွင် မည်သို့ဆိုထားစေကာမူ- (က) သင့်ကိုယ်ပိုင် ကုမ္ပဏီအတွင်း၌ဆိုလျှင် သက်တမ်းကာလအတွင်း (ဥပမာ- အသုံးပြုသူ ရွေးချယ်လက်ခံလာအောင် တိုက်တွန်းရန်) Workplace အသုံးပြုမှုကို Meta ၏ အခါအားလျော်စွာ ပံ့ပိုးပေးထားသော ကုန်အမှတ်တံဆိပ်အသုံးပြုမှု လမ်းညွှန်ချက်များကို လိုက်နာ၍ အများသိအောင် သတင်းလွှင့်နိုင်သည် သို့မဟုတ် ကြော်ငြာနိုင်သည်၊ (ခ) Meta က သင်၏အမည်နှင့် အခြေအနေကို Workplace သုံးစွဲသူတစ်ဦးအဖြစ် ရည်ညွှန်းနိုင်ပါသည်။
    6. လွှဲပြောင်းပေးအပ်ခြင်း။ မည်သည့်ပါတီကမျှ အခြားပါတီအတွက် စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူခွင့်ပြုချက်မရှိဘဲ ဤသဘောတူညီချက် သို့မဟုတ် ဤသဘောတူညီချက်အောက်ရှိ ၎င်း၏အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများကို လွှဲပြောင်းပေး၍မရပါ၊ ခြွင်းချက်အနေဖြင့် Meta သည် သဘောတူခွင့်ပြုချက်မလိုဘဲ ၎င်း၏ မိတ်ဖက်တစ်ဦးဦးထံသို့ သို့မဟုတ် လုပ်ငန်းပေါင်းစည်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဝယ်ယူခြင်း သို့မဟုတ် ၎င်း၏ ပိုင်ဆိုင်ပစ္စည်းများ သို့မဟုတ် မဲပေးခွင့် အာမခံချက် အားလုံး သို့မဟုတ် အားလုံးနီးပါး အများအပြားကို လွှဲပြောင်းပေးခြင်းနှင့် စပ်လျဉ်း၍ ဤသဘောတူညီချက်ကို လွှဲပြောင်းနိုင်ပါသည်။ အထက်ဖော်ပြပါ အချက်များနှင့် စပ်လျဉ်း၍ ဤသဘောတူညီချက်သည် ပါတီအသီးသီး၏ ခွင့်ပြုထားသော ဆက်ခံသူများနှင့် တာဝန်ပေးအပ်ခံရသူများ၏ အကျိုးခံစားခွင့်အတွက် လိုက်နာဆောင်ရွက်ပြီး အကျိုးသက်ရောက်စေပါသည်။ ခွင့်ပြုမထားသော လွှဲပြောင်းမှုများကို တရားမဝင်ဟု သတ်မှတ်ပြီး ၎င်းတို့အတွက် Meta တွင် တာဝန်ရှိမည်မဟုတ်ပါ။
    7. သီးခြား ကန်ထရိုက်တာ။ ပါတီများသည် သီးခြား ကန်ထရိုက်တာများ ဖြစ်သည်။ ဤသဘောတူညီချက်၏ ရလဒ်ကြောင့် အေဂျင်စီ၊ အစုစပ်၊ ပူးတွဲလုပ်ငန်း သို့မဟုတ် အလုပ်အကိုင်ကို ဖြစ်ပေါ်စေမည်မဟုတ်သလို၊ မည်သည့်ပါတီတွင်အဆို အခြားပါတီအပေါ်မှ ဥပဒေအရ လိုက်နာရမည့်တာဝန်ရှိလာစေသော လုပ်ပိုင်ခွင့်အာဏာ မရှိပါ။
    8. ကြားခံပြင်ပအဖွဲ့အစည်းများတွင် အကျိုးခံစားခွင့် မရှိပါ။ ဤသဘောတူညီချက်သည် Meta နှင့် ဖောက်သည်များအတွက် အကျိုးခံစားခွင့်ရှိစေပြီး အသုံးပြုသူများ အပါအဝင် ကြားခံပြင်ပ အဖွဲ့အစည်းများအတွက် ရည်ရွယ်ထားသော အကျိုးခံစားခွင့်မရှိပါ။
    9. သတိပေးချက်များ။ အပိုဒ် ၉-ခ အရ ဤသဘောတူညီချက်ကို သင်ရပ်စဲလိုက်ပါက ထုတ်ကုန်အတွင်းရှိ သင်၏ Workplace ဖြစ်စဉ်ကို ဖျက်ရန် သင်၏ စနစ်စီမံခန့်ခွဲသူက ရွေးချယ်ကာ Meta သို့ သတိပေးရမည်။ ဤသဘောတူညီချက်အောက်တွင် အခြားမည်သည့်သတိပေးချက်ကိုမဆို စာဖြင့်ရေးသားဖော်ပြရမည်ဖြစ်ပြီး အောက်ပါ (သက်ဆိုင်သည့်) လိပ်စာအတိုင်း Meta သို့ ပေးပို့ရပါမည်- Meta Platforms Ireland Ltd သို့ ပေးပို့မည်ဆိုပါက၊ 4 Grand Canal Square, Dublin 2, Ireland, Attn- Legal နှင့် Meta Platforms Inc သို့ ပေးပို့မည်ဆိုပါက 1 Hacker Way, Menlo Park, CA 94025 USA, Attn: Legal. Meta က ဖောက်သည်အကောင့်ပေါ်ရှိ အီးမေးလိပ်စာသို့ သတိပေးချက်များ ပေးပို့နိုင်သည်။ Meta က Workplace နှင့်ပတ်သက်၍ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ သတိပေးချက်များ သို့မဟုတ် အခြား လုပ်ငန်းဆိုင်ရာ သတိပေးချက်များကို Workplace အတွင်းရှိ အသုံးပြုသူများအတွက် မက်ဆေ့မှတစ်ဆင့် သို့မဟုတ် Workplace အတွင်း မြင်နိုင်သော ပို့စ်တင်ခြင်းမှတစ်ဆင့် ပေးပို့နိုင်ပါသည်။
    10. တစ်ဆင့်ခံ ကန်ထရိုက်တာများ။ Meta သည် တစ်ဆင့်ခံ ကန်ထရိုက်တာများကို အသုံးပြုနိုင်ပြီး ၎င်းတို့အား ဤသဘောတူညီချက်အောက်ရှိ Meta ၏ အခွင့်အရေးများကို ကျင့်သုံးရန် ခွင့်ပြုနိုင်ပါသည်၊ သို့သော် အဆိုပါ တစ်ဆင့်ခံ ကန်ထရိုက်တာများက ဤသဘောတူညီချက်ကို လိုက်နာစေရန် Meta တွင် ဆက်လက်တာဝန်ရှိပါသည်။
    11. ကြိုတင်မျှော်မှန်းမထားသည့် ဖြစ်ရပ်။ မည်သည့်ပါတီကမျှ အခြားပါတီအပေါ် ဤသဘောတူညီချက်အောက်ရှိ တာဝန်ကို ဆောင်ရွက်ရန် ကြန့်ကြာမှု သို့မဟုတ် ပျက်ကွက်မှုအတွက် တာဝန်မရှိပါ (အခကြေးငွေများ ပေးချေရန် ပျက်ကွက်မှုအတွက်မှလွဲ၍)။ ကြန့်ကြာမှု သို့မဟုတ် ပျက်ကွက်မှုသည် ဤသဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက်ပိုင်းမှ ဖြစ်ပွားသည့် ကြိုတင်မသိနိုင်သော ဖြစ်ရပ်များနှင့် သပိတ်မှောက်ခြင်း၊ တားဆီးပိတ်ဆို့မှု၊ စစ်ပွဲ၊ အကြမ်းဖက်လုပ်ရပ်၊ ဆူပူအုံကြွမှု၊ သဘာဝဘေးအန္တရာယ်၊ စွမ်းအင် သို့မဟုတ် တယ်လီဆက်သွယ်ရေးစနစ် သို့မဟုတ် ဒေတာကွန်ရက်များ သို့မဟုတ် ဝန်ဆောင်မှုများ ပြတ်တောက်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကဲ့သို့ အဆိုပါ ပါတီ၏ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်၍ မရနိုင်သည့် ဖြစ်ရပ်များ သို့မဟုတ် အစိုးရအေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းက လိုင်စင် သို့မဟုတ် ခွင့်ပြုချက် ငြင်းပယ်ခြင်းတို့အတွက် မည်သည့်ပါတီမှ တာဝန်မရှိပါ။
    12. ကြားခံပြင်ပ ဝက်ဘ်ဆိုက်များ။ Workplac တွင် ကြားခံပြင်ပ ဝက်ဘ်ဆိုက်များနှင့် ချိတ်ထားသော လင့်ခ်များ ပါရှိနိုင်ပါသည်။ ၎င်းက ဝက်ဘ်ဆိုက်တစ်ခုခုအား ကျွန်ုပ်တို့က ထောက်ခံသည်ဟု မရည်ညွှန်းသလို၊ ကြားခံပြင်ပ ဝဘ်ဆိုက်များ၏ လုပ်ဆောင်ချက်များ၊ အကြောင်းအရာများ၊ အချက်အလက်များ သို့မဟုတ် ဒေတာများ သို့မဟုတ် ၎င်းတို့တွင် ပါဝင်သည့် လုပ်ဆောင်ချက်များ သို့မဟုတ် လင့်ခ်မှန်သမျှ သို့မဟုတ် ၎င်းတို့တွင် ပြုလုပ်သော ပြောင်းလဲမှုများ သို့မဟုတ် အပ်ဒိတ်များအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ ကြားခံပြင်ပ ဝက်ဘ်ဆိုက်များတွင် သင်နှင့် သင်၏အသုံးပြုသူများကို အကျိုးသက်ရောက်စေသော ၎င်းတို့၏ကိုယ်ပိုင် စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများ ရှိနေနိုင်ပြီး အဆိုပါကြားခံပြင်ပ ဝက်ဘ်ဆိုက်များအား သင်အသုံးပြုမှုအပေါ် ဤသဘောတူညီချက်က ထိန်းချုပ်မထားပါ။
    13. သွင်းကုန် ထိန်းချုပ်မှုများနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများ။ Workplace ကို အသုံးပြုရာတွင် ဖောက်သည်အနေဖြင့် ပို့ကုန်နှင့် သွင်းကုန်ဥပဒေများ၊ အမေရိကန်ပြည်ထောင်စု၏ ဥပဒေများနှင့် စည်းမျဉ်းများ၊ အခြား သက်ဆိုင်သည့် တရားစီရင်ပိုင်ခွင့်များအပြင် သက်ဆိုင်ရာ ပိတ်ဆို့မှုများ သို့မဟုတ် ကုန်သွယ်ရေး ကန့်သတ်ချက်များကို လိုက်နာရန် သဘောတူရမည်။ အထက်ပါဖော်ပြချက်များကို ကန့်သတ်မထားဘဲ ဖောက်သည်အနေဖြင့်- (က) အမေရိကန်ပြည်ထောင်စု အစိုးရ၏ တားမြစ်ထားသော သို့မဟုတ် ကန့်သတ်ထားသော ပါတီများစာရင်းတွင် မပါရှိကြောင်း၊ (ခ) ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ သို့မဟုတ် အခြား သက်ဆိုင်သည့် စီးပွားရေးပိတ်ဆို့မှုများ သို့မဟုတ် ကုန်သွယ်ရေး ကန့်သတ်ချက်များကို လိုက်နာရန် မလိုအပ်ကြောင်း၊ (ဂ) အမေရိကန်ပြည်ထောင်စု၏ အလုံးစုံ ကုန်သွယ်ရေးပိတ်ဆို့မှုများအတွင်း ကျရောက်သည့် နိုင်ငံတစ်ခုတွင် လုပ်ငန်းများ သို့မဟုတ် အသုံးပြုသူများ မရှိကြောင်းကို ကိုယ်စားပြု အာမခံရမည်။
    14. အစိုးရအုပ်စုအဖွဲ့အစည်းတွင် အသုံးပြုမှုဆိုင်ရာ အခြေအနေများ။ သင်သည် အစိုးရအုပ်စုအဖွဲ့အစည်း ဖြစ်လျှင်၊ သင်က- (၁) သက်ဆိုင်သည့် ဥပဒေ၊ မူဝါဒ သို့မဟုတ် အခြေခံမူတို့က သင့်ကို ဤသဘောတူညီချက်၏ စည်းကမ်းချက် သို့မဟုတ် သတ်မှတ်ချက်တစ်ခုခုကို သဘောတူခြင်းနှင့် ဆောင်ရွက်ခြင်းမှ သို့မဟုတ် ဆောင်ရွက်ချက်အား လက်ခံခြင်းမှ ကန့်သတ်မထားကြောင်း၊ (၂) သက်ဆိုင်သည့် ဥပဒေ၊ မူဝါဒ သို့မဟုတ် အခြေခံမူတို့က သင် သို့မဟုတ် သက်ဆိုင်ရာ အစိုးရအုပ်စုအဖွဲ့အစည်းကို ဤသဘောတူညီချက်၏ စည်းကမ်းချက် သို့မဟုတ် သတ်မှတ်ချက်တစ်ခုခုဖြင့် အရေးမယူနိုင်အောင် စာရင်းတင်မထားကြောင်း၊ (၃) သက်ဆိုင်ရာ အစိုးရအုပ်စုအဖွဲ့အစည်းကို ဤသဘောတူညီချက် တင်ပြပြီး လိုက်နာရမည့်တာဝန်ရှိအောင် လုပ်ဆောင်ရန် သက်ဆိုင်ရာ ဥပဒေများ၊ မူဝါဒများနှင့် အခြေခံမူများအောက်၌ သင့်အား တရားဝင်အခွင့်ပေးထားပြီး သင့်မှာ တရားဝင်လုပ်ပိုင်ခွင့် ရှိထားကြောင်း၊ (၄) Workplace ၏ တန်ဖိုးနှင့်ပတ်သက်၍ ဘက်မလိုက်သော ဆုံးဖြတ်ချက်အပေါ်အခြေခံလျက် သင်နှင့် သင်၏အသုံးပြုသူများအတွက် သင်က ဤသဘောတူညီချက်ကို ချုပ်ဆိုထားခြင်းဖြစ်ပြီး မရိုးသားသော ပြုမူဆောင်ရွက်ချက် သို့မဟုတ် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုတို့ဖြင့် ဤသဘောတူညီချက်ထဲတွင် ပါဝင်ချုပ်ဆိုရန် ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးထားခြင်း မရှိကြောင်း ကိုယ်စားပြုအာမခံရမည်။ ဤပိုဒ်ခွဲ ၁၁.ဎ ရှိ ကိုယ်စားပြုမှုများကို သင်မပြုလုပ်နိုင်ပါက ဤသဘောတူညီချက်ထဲတွင် ပါဝင်ချုပ်ဆိုခြင်းမပြုပါနှင့်။ အစိုးရအုပ်စုအဖွဲ့အစည်းက ဤပိုဒ်ခွဲ ၁၁.ဎ ကို ချိုးဖောက်၍ ဤသဘောတူညီချက်ထဲတွင် ချုပ်ဆိုထားပါက Meta က ဤသဘောတူညီချက်ကို ရပ်စဲရန် ရွေးချယ်ဆုံးဖြတ်နိုင်ပါသည်။
    15. အရောင်းကိုယ်စားလှယ်များ။ အရောင်းကိုယ်စားလှယ်မှတစ်ဆင့် Workplace ကို ဝင်ရောက်အသုံးပြုရန် သင်ရွေးချယ်နိုင်သည်။ သင်သည် အရောင်းကိုယ်စားလှယ်မှတစ်ဆင့် Workplace ကို ဝင်ရောက်အသုံးပြုပါက (၁) သင်နှင့် ယင်းအရောင်းကိုယ်စားလှယ်တို့၏ သက်ဆိုင်ရာ သဘောတူညီချက်ရှိ ဆက်စပ်အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ၊ (၂) သင်နှင့် Meta အကြားဆိုလျှင် သင်၏ Workplace ဖြစ်စဉ်၊ သင့်အချက်အလက်များနှင့် သင့်အရောင်းကိုယ်စားလှယ်အတွက် သင်ဖန်တီးပေးထားနိုင်သည့် အသုံးပြုသူ အကောင့်မှန်သမျှကို အရောင်းကိုယ်စားလှယ်မှ ဝင်ရောက်သုံးစွဲခြင်းများအတွက် သင်တစ်ဦးတည်းက တာဝန်ယူရပါမည်။ ထို့ပြင် သင်သည် အရောင်းကိုယ်စားလှယ်မှတစ်ဆင့် Workplace ကို ဝင်ရောက်အသုံးပြုပါက ဤသဘောတူညီချက်ထဲရှိ စည်းမျဉ်းတစ်စုံတစ်ရာ ကွဲလွဲမှုရှိလာပါက အရောင်းကိုယ်စားလှယ်၏ ဖောက်သည်စည်းမျဉ်းများအား ဦးစားပေးမှတ်ယူရမည်ကို သင်သဘောတူရမည်။
  12. အဓိပ္ပာယ် ဖွင့်ဆိုချက်များ
    ဤသဘောတူညီချက်တွင် အခြားတစ်နည်းနည်းဖြင့် ဖော်ပြထားခြင်းမရှိလျှင်-
    "ကောင်းမွန်သင့်လျော်စွာ အသုံးပြုမှု မူဝါဒ" ဆိုသည်မှာ www.workplace.com/legal/FB_Work_AUP တွင် တွေ့နိုင်သည့် Workplace အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများဖြစ်ပြီး ၎င်းတို့ကို အခါအားလျော်စွာ မွမ်းမံပြင်ဆင်နိုင်ပါသည်။
    "ပေါင်းစည်းအဖွဲ့အစည်း" ဆိုသည်မှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်သော၊ ဘုံပိုင်ဆိုင်မှုအောက်တွင် သို့မဟုတ် ပါတီထိန်းချုပ်မှုအောက်တွင် ပါတီတစ်ခုက ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်သော သို့မဟုတ် ရှိသော အုပ်စုအဖွဲ့အစည်းတစ်ခုကို ဆိုလိုပြီး၊ ဤနေရာတွင် “ထိန်းချုပ်” ဆိုသည်မှာ အုပ်စုအဖွဲ့အစည်း၏ စီမံခန့်ခွဲမှု သို့မဟုတ် အလုပ်ကိစ္စများကို ညွှန်ကြားနိုင်သော အာဏာကို ဆိုလိုသည်၊ “ပိုင်ဆိုင်မှု” ဆိုသည်မှာ ပိုင်ရှင်ကဲ့သို့ ၅၀% အကျိုးခံစားခွင့်ရှိသူ (သို့မဟုတ် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်က အများစုပိုင်ဆိုင်မှုကို ခွင့်မပြုလျှင်၊ အဆိုပါဥပဒေအောက်၌ ခွင့်ပြုသော အများဆုံးပမာဏ) သို့မဟုတ် အုပ်စုအဖွဲ့အစည်း၏ မဲပေးခွင့်ရှိ ရှယ်ယာတန်ဖိုး လုံခြုံရေးများ သို့မဟုတ် ညီမျှသော မဲပေးခွင့်ရှိ အကျိုးခံစားခွင့်များကို ဆိုလိုသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်၏ ရည်ရွယ်ချက်များအတွက် အစိုးရအုပ်စုအဖွဲ့အစည်းသည် အခြားအစိုးရအုပ်စုအဖွဲ့အစည်းကို အပြည့်အဝ ထိန်းချုပ်မှုမရှိလျှင် ၎င်းသည် ယင်းကဲ့သို့သော အခြားအစိုးရအုပ်စုအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးမဟုတ်ပါ။
    အချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်” ဆိုသည်မှာ ယင်း၌ကိုးကားထားသော မည်သည့်စည်းမျဉ်းမဆိုအပါအဝင် ဤသဘောတူညီချက်တွင် ပူးတွဲပါပြီး ဤသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထားရှိသော အချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်ဖြစ်သည်။
    အချက်အလက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဖြည့်စွက်ချက်” ဆိုသည်မှာ ဤသဘောတူညီချက်တွင် ပူးတွဲပါပြီး ဤသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထားရှိသော အချက်အလက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဖြည့်စွက်ချက် ဖြစ်သည်။
    "အစိုးရအုပ်စုအဖွဲ့အစည်း" ဆိုသည်မှာ ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံ သို့မဟုတ် တရားစီရင်ပိုင်ခွင့်နယ်မြေကိုမဆို ဆိုလိုပြီး၊ ၎င်းတွင် ပြည်နယ်၊ ဒေသ၊ မြူနီစီပယ် သို့မဟုတ် အခြားသော အစိုးရ ယူနစ် သို့မဟုတ် နိုင်ငံရေး ဌာနခွဲ၊ အစိုးရ အဖွဲ့အစည်းမှန်သမျှ၊ အဆိုပါ အစိုးရတစ်ခုက တည်ထောင်ထားသော၊ ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်သော ယန္တရား၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် အခြားအဖွဲ့အစည်းများနှင့် အထက်ဖော်ပြပါ ကိုယ်စားလှယ်များ သို့မဟုတ် အေးဂျင့်များ ကန့်သတ်ချက်မရှိ ပါဝင်သည်။
    "ဥပဒေများ" ဆိုသည်မှာ၊ သက်ဆိုင်ရာ ဒေသ၊ ပြည်နယ်၊ ဖက်ဒရယ်နှင့် နိုင်ငံတကာဥပဒေများ၊ စည်းမျဉ်းများနှင့် သဘောတူညီချက် အားလုံးကို ဆိုလိုပြီး၊ ၎င်းတွင် အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှုနှင့် အချက်အလက် လွှဲပြောင်းမှု၊ နိုင်ငံတကာ ဆက်သွယ်ရေးများ၊ နည်းပညာ သို့မဟုတ် ကိုယ်ရေး အချက်အလက် လွှဲပြောင်းထုတ်ယူမှုများနှင့် အစိုးရဝယ်ယူဖြည့်တင်းမှုများနှင့် စပ်လျဉ်းသည်များ ကန့်သတ်ချက်မရှိ ပါဝင်သည်။
    "အရောင်းကိုယ်စားလှယ်" ဆိုသည်မှာ Workplace သို့ ဝင်ရောက်သုံးစွဲခွင့်ကို ပြန်လည်ရောင်းချရန်နှင့် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရန်အတွက် Meta က လုပ်ပိုင်ခွင့်ပေးထားသည့် ခိုင်လုံသော သဘောတူညီချက် ရှိထားသည့် ကြားခံပြင်ပ မိတ်ဖက်တစ်ဦးဖြစ်သည်။
    "အရောင်းကိုယ်စားလှယ် ဖောက်သည်ဆိုင်ရာ စည်းမျဉ်းများ" ဆိုသည်မှာ https://www.workplace.com/legal/FB_Work_ResellerCustomerTerms တွင် တွေ့ရှိနိုင်သည့် စည်းမျဉ်းများကို ဆိုလိုခြင်းဖြစ်သည်၊ အဆိုပါ စည်းမျဉ်းများကို အခါအားလျော်စွာ အပ်ဒိတ်လုပ်နိုင်ကာ ဤသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထားရှိပြီး သင်သည် Workplace ကို အရောင်းကိုယ်စားလှယ်မှတစ်ဆင့် ဝင်ရောက်အသုံးပြုပါက ၎င်းတို့သည် သင်နှင့်သက်ဆိုင်သည့် နှစ်ဦးနှစ်ဖက်အကြား ထပ်ဆောင်းစည်းမျဉ်းများ ဖြစ်ပါမည်။
    "အသုံးပြုသူများ" သည် Workplace ကို ဝင်ရောက်သုံးစွဲရန် သင်ခွင့်ပြုချက်ပေးထားသော သင်၏ သို့မဟုတ် သင့်ပေါင်းစပ်အဖွဲ့အစည်းများ၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ သို့မဟုတ် အခြားသော လူပုဂ္ဂိုလ်များကို ဆိုလိုပါသည်။
    "Workplace" ဆိုသည်မှာ ဤသဘောတူညီချက်နှင့် ၎င်း၏ အခြားသော နောက်ဆက်တွဲ ဗားရှင်းများအောက်တွင် ကျွန်ုပ်တို့က သင်အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားသော Workplace ဝန်ဆောင်မှုကို ဆိုလိုပြီး ၎င်းတွင် ဤသဘောတူညီချက်အရ သင့်အတွက် ကျွန်ုပ်တို့ပံ့ပိုးပေးနိုင်သော ဝက်ဘ်ဆိုက်များ၊ အက်ပ်များ၊ အွန်လိုင်း ဝန်ဆောင်မှုများ၊ ကိရိယာများနှင့် အကြောင်းအရာများ ပါဝင်ကာ ၎င်းတို့ကို အခါအားလျော်စွာ အပ်ဒိတ်လုပ်နိုင်ပါသည်။
    "သင့်အချက်အလက်များ" ဆိုသည်မှာ (က) သင် သို့မဟုတ် သင်၏အသုံးပြုသူများက Workplace သို့ ပေးပို့ထားသော ဆက်သွယ်ရန် အချက်အလက်များ သို့မဟုတ် ကွန်ရက် သို့မဟုတ် အကောင့်မှတ်ပုံတင် စာရင်းသွင်းမှု အချက်အလက်များ၊ (ခ) သင် သို့မဟုတ် သင်၏အသုံးပြုသူများက Workplace တွင် ဖြန့်ဝေသော၊ ပို့စ်တင်သော၊ မျှဝေသော၊ ထည့်သွင်းသော သို့မဟုတ် ပံ့ပိုးပေးသော အကြောင်းအရာ သို့မဟုတ် အချက်အလက်များ၊ (ဂ) သင် သို့မဟုတ် သင်၏အသုံးပြုသူများက Workplace နှင့်ပတ်သက်၍ အကူအညီရယူရန် ကျွန်ုပ်တို့ထံ ဆက်သွယ်သောအခါ သို့မဟုတ် ကျွန်ုပ်တို့နှင့် ထိတွေ့ဆောင်ရွက်သောအခါ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ပံ့ပိုးကူညီမှုဖြစ်စဉ်နှင့် ဆက်စပ်၍ စုစည်းထားသည့် အခြားအသေးစိတ်အချက်များ အပါအဝင် ကျွန်ုပ်တို့က စုဆောင်းရယူသော အချက်အလက်များ၊ (ဃ) အသုံးပြုသူများက Workplace ဖြင့် မည်သို့တုံ့ပြန်ဆက်သွယ်သည်နှင့်ပတ်သက်သည့် အသုံးပြုမှု သို့မဟုတ် လုပ်ဆောင်ချက်ဆိုင်ရာ အချက်အလက်များ (ဥပမာ- IP လိပ်စာများ၊ ဘရောက်ဇာနှင့် လုပ်ဆောင်ချက်စနစ် အမျိုးအစားများနှင့် ဖုန်း/ကွန်ပျူတာ၏ မည်သူမည်ဝါဖော်ထုတ်နိုင်သော အချက်အလက်များ) ကို ဆိုလိုသည်။
    "သင်၏မူဝါဒများ" ဆိုသည်မှာ သင်၏ သက်ဆိုင်ရာ ဝန်ထမ်း၊ စနစ်များ၊ ကိုယ်ရေးလုံခြုံမှု၊ HR၊ တိုင်ကြားချက် သို့မဟုတ် အခြားမူဝါဒများမှန်သမျှကို ဆိုလိုသည်။







အချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်

  1. အဓိပ္ပါယ်ဖွင့်ဆိုချက်များ
    ဤအချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်အတွင်း၌၊ “GDPR” ဆိုသည်မှာ အထွေထွေ အချက်အလက် ကာကွယ်မှု စည်းမျဉ်း (စည်းမျဉ်း (EU) ၂၀၁၆/၆၇၉) ကို ဆိုလိုပြီး၊ “ထိန်းချုပ်သူ”၊ “အချက်အလက် စီမံဆောင်ရွက်သူ”၊ “အချက်အလက်ပိုင်ရှင်”၊ “ကိုယ်ရေးအချက်အလက်”၊ “ကိုယ်ရေးအချက်အလက် ချိုးဖောက်မှု” နှင့် “စီမံဆောင်ရွက်မှု” တို့သည် GDPR တွင် သတ်မှတ်ထားသည့် အဓိပ္ပာယ်များနှင့် အတူတူပင်ဖြစ်သည်။ “စီမံဆောင်ရွက်ထား” နှင့် “စီမံဆောင်ရွက်မှု” တို့ကို “စီမံဆောင်ရွက်ခြင်း” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ အဓိပ္ပာယ်ကောက်ယူရမည်။ GDPR နှင့် ၎င်း၏ ပြဋ္ဌာန်းချက်များအတွက် ရည်ညွှန်းချက်များသည် UK ဥပဒေတွင် ပြင်ဆင်ဖြည့်စွက်ကာ ထည့်သွင်းထားသည့်အတိုင်း GDPR ပါဝင်သည်။ ဤနေရာ၌ သတ်မှတ်ထားသော အခြားအသုံးအနှုန်းအားလုံးသည် သဘောတူညီချက်ရှိ အခြားတစ်နေရာရာတွင် သတ်မှတ်ထားသည့် အဓိပ္ပါယ်များနှင့် အတူတူပင်ဖြစ်သည်။
  2. အချက်အလက် စီမံဆောင်ရွက်ခြင်း
    1. စီမံဆောင်ရွက်သူအနေဖြင့် သင့်အချက်အလက်များ (“သင့်ကိုယ်ရေးအချက်အလက်”) အတွင်းမှ ကိုယ်ရေးအချက်အလက် မှန်သမျှနှင့် စပ်လျဉ်း၍ ဤသဘောတူညီချက်အောက်ရှိ ၎င်း၏လုပ်ဆောင်ချက်များကို ဆောင်ရွက်ရာတွင်၊ Meta က အတည်ပြုသည်မှာ-
      1. စီမံဆောင်ရွက်သည့် ကြာချိန်၊ အကြောင်းအရာ၊ သဘောသဘာဝနှင့် ရည်ရွယ်ချက်တို့သည် သဘောတူညီချက်တွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်၊
      2. စီမံဆောင်ရွက်ထားသည့် ကိုယ်ရေးအချက်အလက် အမျိုးအစားများတွင် သင့်အချက်အလက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိ သတ်မှတ်ထားသည့် အချက်များ ပါဝင်ရမည်၊
      3. အချက်အလက်ပိုင်ရှင် အမျိုးအစားများတွင် သင်၏ ကိုယ်စားလှယ်များ၊ အသုံးပြုသူများနှင့် သင့်ကိုယ်ရေးအချက်အလက်ဖြင့် မည်သူမည်ဝါ ခွဲခြားဖော်ထုတ်ထားသော သို့မဟုတ် ခွဲခြားဖော်ထုတ်နိုင်သော အခြားလူပုဂ္ဂိုလ်များ ပါဝင်သည်၊
      4. အချက်အလက်ထိန်းချုပ်သူအဖြစ် သင့်ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်သော သင်၏ တာဝန်ဝတ္တရားများနှင့် အခွင့်အရေးများသည် ဤသဘောတူညီချက်တွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။
    2. ဤသဘောတူညီချက်အရ သို့မဟုတ် ဤသဘောတူညီချက်နှင့်စပ်လျဉ်း၍ Meta က သင့်ကိုယ်ရေး အချက်အလက်ကို စီမံဆောင်ရွက်သော အတိုင်းအတာအထိ၊ Meta သည်-
      1. GDPR ၏ ပိုဒ်ခွဲ ၂၈(၃)(က) အရ ခွင့်ပြုထားသည့် ခြွင်းချက်များအပေါ်မူတည်၍ သင့်ကိုယ်ရေးအချက်အလက် လွှဲပြောင်းမှုနှင့် ပတ်သက်၍ အပါအဝင်၊ သင့်ကိုယ်ရေးအချက်အလက်များကို သင့်ညွှန်ကြားချက်နှင့်အညီ ဤသဘောတူညီချက်အောက်၌ သတ်မှတ်ထားသည့်အတိုင်းသာလျှင် စီမံဆောင်ရွက်ရမည်၊
      2. သင့်ကိုယ်ရေးအချက်အလက်ကို စီမံဆောင်ရွက်ရန် ဤသဘောတူညီချက်အောက်၌ တရားဝင်ခွင့်ပြုထားသော ၎င်း၏ဝန်ထမ်းများသည် သင့်ကိုယ်ရေးအချက်အလက်နှင့် ပတ်သက်၍ လျှို့ဝှက်ထားရှိရန် ကတိပြုဆောင်ရွက်မည် သို့မဟုတ် သင့်လျော်သော ပြဋ္ဌာန်းတာဝန်ဝတ္တရားအရ လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း သေချာအောင်လုပ်ဆောင်ရမည်၊
      3. အချက်အလက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဖြည့်စွက်ချက်တွင် သတ်မှတ်ထားသော နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာ စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ရမည်၊
      4. တစ်ဆင့်ခံ စီမံဆောင်ရွက်သူများကို ခန့်အပ်သည့်အခါ ဤအချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်၏ အောက်ပါ အပိုဒ် ၂-ဂ နှင့် ၂-ဃ တွင် ရည်ညွှန်းထားသော သတ်မှတ်ချက်များကို အလေးထားရမည်၊
      5. GDPR ၏ အခန်း ၃ အောက်ရှိ အချက်အလက်ပိုင်ရှင်တစ်ဦး၏ အခွင့်အရေးများကို ကျင့်သုံးခွင့် တောင်းဆိုချက်များအား တုံ့ပြန်ရန်အတွက် သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန် သင့်တော်သော နည်းပညာနှင့် လုပ်ငန်းစနစ်စီစဉ်မှုဆိုင်ရာ စီမံဆောင်ရွက်ချက်များကို Workplace မှတစ်ဆင့် ဖြစ်နိုင်ခြေရှိသော အတိုင်းအတာအထိ သင့်အား ကူညီပံ့ပိုးပေးရမည်၊
      6. စီမံဆောင်ရွက်မှုနှင့် Meta တွင် ရရှိနိုင်သော အချက်အလက်တို့၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ GDPR ၏ ပိုဒ်ခွဲ ၃၂ မှ ၃၆ အရ သင်၏ တာဝန်ဝတ္တရားများကို လိုက်နာကြောင်း သေချာစေရန် သင့်အား ကူညီပေးရမည်၊
      7. သဘောတူညီချက်ကို အဆုံးသတ်သည့်အခါ၊ ဥရောပ သမဂ္ဂ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံ ဥပဒေအရ ကိုယ်ရေး အချက်အလက်ကို ထိန်းသိမ်းထားရှိရန် မလိုအပ်ပါက ကိုယ်ရေး အချက်အလက်များကို သဘောတူညီချက်နှင့်အညီ ဖျက်ရမည်၊
      8. ပိုဒ်ခွဲ ၂၈ GDPR အောက်ရှိ Meta ၏ တာဝန်များကို လိုက်နာကြောင်း လက်တွေ့လုပ်ပြရန် လိုအပ်သော အချက်အလက်အားလုံး ရရှိစေဖို့အတွက် ဤသဘောတူညီချက်တွင် ဖော်ပြထားသော အချက်အလက်နှင့် Meta တာဝန်များ ဖြည့်ဆည်းခြင်းဖြင့် Workplace မှတစ်ဆင့် ဖော်ပြထားသော အချက်အလက်ကို သင် ရရှိစေရန် ပြုလုပ်ပေးပါမည်၊
      9. နှစ်စဉ်အခြေခံအားဖြင့် Meta က ရွေးချယ်သော ကြားခံပြင်ပ စာရင်းစစ်သည် SOC ၂ အမျိုးအစား ၂ သို့မဟုတ် အခြားလုပ်ငန်းစံနှုန်းဖြင့် Workplace နှင့်ဆက်စပ်သော Meta ၏ ထိန်းချုပ်မှုများဆိုင်ရာ စစ်ဆေးမှုကို ဆောင်ရွက်ရန် ပြုလုပ်စေမည်ဖြစ်ပြီး၊ ယင်းကြားခံပြင်ပ စာရင်းစစ်ကို ဤနည်းအားဖြင့် သင်က ခွင့်ပြုထားပါသည်။ သင်တောင်းဆိုလာပါက Meta သည် ၎င်း၏ လက်ရှိ စာရင်းစစ် အစီရင်ခံစာ မိတ္တူကို သင့်အား ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို Meta ၏ လျှို့ဝှက်အချက်အလက်အဖြစ် မှတ်ယူရမည်။
    3. Meta ၏ အချက်အလက် စီမံဆောင်ရွက်မှု တာဝန်များကို Meta ၏ ပေါင်းစည်းအဖွဲ့အစည်းများသို့ တစ်ဆင့်ခံ တာဝန်ပေးရန် ဤသဘောတူညီချက်အောက်၌ သင်က Meta ကို တရားဝင်အခွင့်ပေးထားပြီး၊ ၎င်းအတွက် စာရင်းတစ်ခုကို သင်မှ စာဖြင့်ရေးသားတောင်းဆိုလျှင် Meta က သင့်အား ပေးပါမည်။ Meta က စာဖြင့်ရေးသားဖော်ပြသော သဘောတူညီချက်ဖြင့်သာလျှင် အဆိုပါ တစ်ဆင့်ခံစီမံဆောင်ရွက်သူကို တာဝန်ပေးအပ်ရမည်ဖြစ်ပြီး ၎င်းသဘောတူညီချက်တွင် ဤသဘောတူညီချက်အောက်၌ Meta အပေါ် ပြဋ္ဌာန်းထားသော အချက်အလက်ကာကွယ်ရေး တာဝန်များအတိုင်း အဆိုပါ တစ်ဆင့်ခံ စီမံဆောင်ရွက်သည့်အဖွဲ့အပေါ် တစ်ပုံစံတည်း ပြဋ္ဌာန်းပါမည်။ တစ်ဆင့်ခံစီမံဆောင်ရွက်သူက ယင်းတာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်သော နေရာမျိုးတွင် အဆိုပါ တစ်ဆင့်ခံစီမံဆောင်ရွက်သူ၏ အချက်အလက် ကာကွယ်ရေးတာဝန်များနှင့်ဆိုင်သော ဆောင်ရွက်ချက်အတွက် Meta က သင့်အပေါ် ဥပဒေအရ တာဝန်အပြည့်အဝ ဆက်ရှိနေပါမည်။
    4. Meta သည် ထပ်ဆောင်း သို့မဟုတ် အစားထိုး တစ်ဆင့်ခံ စီမံဆောင်ရွက်သူ(များ) ကို တာဝန်ခန့်အပ်ပါက အဆိုပါ ထပ်ဆောင်း သို့မဟုတ် အစားထိုး တစ်ဆင့်ခံ စီမံဆောင်ရွက်သူ(များ) အား ခန့်အပ်မှုနှင့် ပတ်သက်၍ သင့်အား တစ်ဆယ့်လေး (၁၄) ရက်ထက် နောက်မကျစေဘဲ ကြိုတင်၍ Meta က အသိပေးရပါမည်။ Meta က ထိုသို့ အသိပေးထားပြီး တစ်ဆယ့်လေး (၁၄) ရက်အတွင်း Meta သို့ သတိပေးစာပေးပို့၍ သဘောတူညီချက်ကို ချက်ချင်းရပ်စဲခြင်းအားဖြင့် အဆိုပါ ထပ်ဆောင်း သို့မဟုတ် အစားထိုး တစ်ဆင့်ခံ စီမံဆောင်ရွက်သူ(များ) ကို သင်က ကန့်ကွက်နိုင်ပါသည်။
    5. သင့်ကိုယ်ရေးအချက်အလက်နှင့် ဆက်စပ်၍ ကိုယ်ရေးအချက်အလက်ချိုးဖောက်မှုကို သတိမူမိလာသည်နှင့် Meta က အချိန်နောက်မကျစေဘဲ သင့်အား အသိပေးပါမည်။ ယင်းသတိပေးချက်တွင် အကြောင်းကြားသည့်အချိန်၌ သို့မဟုတ် အကြောင်းကြားပြီးနောက် အမြန်ဆုံး ထိခိုက်နိုင်သော သင့်မှတ်တမ်းများ၏ အရေအတွက်၊ ထိခိုက်နိုင်သော အသုံးပြုသူ အမျိုးအစားနှင့် ခန့်မှန်းအရေအတွက်၊ ချိုးဖောက်မှုအတွက် ကြိုတင်မျှော်မှန်းထားသော အကျိုးဆက်များနှင့် သင့်လျော်ပါက ချိုးဖောက်မှုကြောင့် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများ လျော့ပါးစေရန်အတွက် အမှန်တကယ် သို့မဟုတ် အဆိုပြုထားသော အရေးယူကုစားမှုများ အပါအဝင် သက်ဆိုင်သည့် ကိုယ်ရေးအချက်အလက် ချိုးဖောက်မှု အသေးစိတ်အချက်များ ပါဝင်ရမည်။
    6. ဤအချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်အောက်တွင် သင်၏အချက်အလက်ကို စီမံဆောင်ရွက်ခြင်းအပေါ် GDPR သို့မဟုတ် EEA၊ UK သို့မဟုတ် ဆွစ်ဇာလန်ရှိ အချက်အလက်ကာကွယ်မှု ဥပဒေများ သက်ရောက်သည့် အတိုင်းအတာအထိ ဥရောပသားများ၏ အချက်အလက်များကို လွှဲပြောင်းခြင်းဆိုင်ရာ ဖြည့်စွက်ချက် သည် Meta Platforms Ireland Ltd မှ အချက်အလက်လွှဲပြောင်းမှုများနှင့် သက်ဆိုင်ကာ ဤအချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဖြည့်စွက်ချက်၏ အစိတ်အပိုင်းဖြစ်လာပြီး ကိုးကားချက်ဖြင့် ယင်းဖြည့်စွက်ချက်ထဲတွင် ပေါင်းစပ်ထားပါသည်။
  3. အမေရိကန်ပြည်ထောင်စု စီမံဆောင်ရွက်သူ စည်းမျဉ်းများ
    1. Meta အမေရိကန်ပြည်ထောင်စု စီမံဆောင်ရွက်သူ စည်းမျဉ်းများ သက်ရောက်သည့် အတိုင်းအတာအထိ အတိအလင်းချန်လှပ်ထားသော အပိုင်း ၃ (ကုမ္ပဏီ၏ တာဝန်ဝတ္တရားများ) မှအပ ၎င်းတို့ကို ဤသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထားရှိကာ ဤသဘောတူညီချက်ထဲတွင် ကိုးကားချက်ဖြင့် ပေါင်းစပ်ထည့်သွင်းရမည်။









အချက်အလက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဖြည့်စွက်ချက်

  1. နောက်ခံအကြောင်းနှင့် ရည်ရွယ်ချက်
    ဤစာရွက်စာတမ်းတွင် Meta က သင့်အတွက် Workplace ပံ့ပိုးပေးခြင်းနှင့် စပ်လျဉ်းသည့် အနိမ့်ဆုံး ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်များကို ဖော်ပြပေးထားသည်။
  2. အချက်အလက်လုံခြုံရေး စီမံခန့်ခွဲမှုစနစ်
    Meta က ၎င်း၏ Workplace ပံ့ပိုးမှုနှင့် သက်ဆိုင်သော လုပ်ငန်းစံနှုန်းဆိုင်ရာ အချက်အလက်လုံခြုံရေး ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ဖန်တီးထားသည့် အချက်အလက်လုံခြုံရေး စီမံခန့်ခွဲမှုစနစ် (ISMS) ကို သတ်မှတ်ဆောင်ရွက်ပြီး ထိန်းသိမ်းထားရှိပါမည်။ Meta ၏ ISMS ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲမှု၊ ထုတ်ဖော်ပြောဆိုမှု၊ အသုံးပြုမှု၊ သင့်အချက်အလက်များ ဆုံးရှုံးမှု သို့မဟုတ် ၎င်းတို့ကို ပြောင်းလဲပြင်ဆင်ခြင်းတို့မှ ကာကွယ်ရန် ရည်ရွယ်ဖန်တီးထားပါသည်။
  3. ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်
    IT အခြေခံအဆောက်အအုံနှင့် ရုပ်ပစ္စည်းဆိုင်ရာ ထောက်ကူကိရိယာများ အပါအဝင် အချက်အလက်နှင့် အချက်အလက်စီမံဆောင်ရွက်မှုဆိုင်ရာ ထောက်ကူကိရိယာများ၏ ဘေးကင်းလုံခြုံရေးကို ဘေးအန္တရာယ် အကဲဖြတ်ချက်အပေါ် အခြေခံ၍ ဆောင်ရွက်ရမည်။ Workplace ၏ ဘေးအန္တရာယ်အကဲဖြတ်ချက်ကို ပုံမှန် လုပ်ဆောင်သွားပါမည်။
  4. အချက်အလက်လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း
    Meta တွင် အဖွဲ့အစည်းအတွင်း လုံခြုံရေးအတွက် အလုံးစုံတာဝန်ယူထားသော ရွေးချယ်သတ်မှတ်ထားသည့် လုံခြုံရေးအရာရှိတစ်ဦး ရှိပါသည်။ Meta တွင် သင်၏ Workplace ဖြစ်စဉ်၏ ဘေးကင်းလုံခြုံရေးကို ကြီးကြပ်ရန် တာဝန်ရှိသော ရွေးချယ်သတ်မှတ်ထားသည့် ဝန်ထမ်းများ ရှိပါသည်။
  5. ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး
    Meta ၏ လုံခြုံရေးဆောင်ရွက်ချက်များတွင် ရုပ်ပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှု ထောက်ကူကိရိယာများအား ဝင်ရောက်သုံးစွဲခွင့်ကို ခွင့်ပြုချက်ရ ပုဂ္ဂိုလ်များအတွက် ကန့်သတ်ထားကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းချုပ်မှုများကို ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့်ဖြစ်သော ပျက်စီးမှုများကို ထောက်လှမ်းရန်၊ တားဆီးရန်နှင့် ထိန်းချုပ်ရန်အတွက် ဆောင်ရွက်ထားကြောင်း ကျိုးကြောင်းဆီလျော်စွာ အာမခံချက်ပေးရန် သတ်မှတ်ထားသည့် ထိန်းချုပ်မှုများ ပါဝင်ရမည်။ ထိန်းချုပ်မှုများတွင် ပါဝင်သည်မှာ-
    ထိန်းချုပ်မှုများတွင် ပါဝင်သည်မှာ-
    • အလုပ်သမားများနှင့် ကန်ထရိုက်တာများ၏ အချက်အလက် စီမံဆောင်ရွက်သည့် ထောက်ကူကိရိယာထဲသို့ ရုပ်ပိုင်းဆိုင်ရာ ဝင်ရောက်သုံးစွဲမှုအားလုံးကို မှတ်တမ်းတင်ခြင်းနှင့် စာရင်းစစ်ခြင်း။
    • အချက်အလက် စီမံဆောင်ရွက်သည့် ထောက်ကူကိရိယာထဲသို့ အဓိက ဝင်ရောက်သုံးစွဲသည့် နေရာများရှိ ကင်မရာစောင့်ကြည့်စနစ်များ။
    • ကွန်ပျူတာပစ္စည်းကိရိယာများအတွက် အပူချိန်နှင့် စိုထိုင်းဆကို စောင့်ကြည့်မှတ်သားပြီး ထိန်းချုပ်သော စနစ်များနှင့်၊
    • ပင်မ ပါဝါထောက်ပံ့ရေး အရင်းအမြစ်နှင့် အရံဂျင်နရေတာများ။
    Meta က အီလက်ထရောနစ်မီဒီယာပေါ်ရှိ အချက်အလက်များကို ဘေးကင်းလုံခြုံစွာ ဖျက်သိမ်း၍ ရှင်းလင်းရန်အတွက် လုပ်ငန်းစံနှုန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဤသဘောတူညီချက်နှင့်အညီ အကောင်အထည်ဖော်ရမည်။
  6. သီးသန့်ခွဲထားမှု
    Meta က သင့်အချက်အလက်များကို အခြားဖောက်သည်များ၏ အချက်အလက်များနှင့် ကျိုးကြောင်းဆီလျော်စွာ သီးသန့်ခွဲထားကြောင်းနှင့် သင့်အချက်အလက်များကို ခွင့်ပြုချက်ရ ပုဂ္ဂိုလ်များကသာ အသုံးပြုနိုင်ကြောင်း သေချာစေရန် ရည်ရွယ်ဖန်တီးထားသည့် နည်းပညာဆိုင်ရာ ယန္တရားများကို အသုံးချပါမည်။
  7. ဝန်ထမ်းများ
    1. သင်တန်း
      သင့်အချက်အလက်များကို ဝင်ရောက်သုံးစွဲခွင့်ရှိသည့် ဝန်ထမ်းအားလုံးအား လုံခြုံရေးသင်တန်းကို တက်ရောက်စေရန် Meta က သေချာလုပ်ဆောင်ရမည်။
    2. စစ်ဆေးခြင်းနှင့် နောက်ခံအကြောင်းအရာ စိစစ်မှုများ
      Meta သည်-
      • သင်၏ Workplace ဖြစ်စဉ်တွင် အလုပ်လုပ်သော ဝန်ထမ်းများ၏ အထောက်အထားအား စိစစ်အတည်ပြုရန် လုပ်ငန်းစဉ်ကို ထားရှိရမည်။
      • Meta ၏ စံနှုန်းများနှင့်အညီ သင်၏ Workplace ဖြစ်စဉ်တွင် အလုပ်လုပ်သော ဝန်ထမ်းများအား နောက်ခံအကြောင်းအရာ စိစစ်မှုများ ဆောင်ရွက်ရန် လုပ်ငန်းစဉ်ကို ထားရှိရမည်။
      Meta က သင်၏ Workplace ဖြစ်စဉ်တွင် အလုပ်လုပ်သော ဝန်ထမ်းအားလုံးအတွက် ဓာတ်ပုံပါရှိပြီး အမည်ရေးသားထားသည့် ကိုယ်ပိုင်အိုင်ဒီကတ်များ ပေးထားရမည်။ Meta ထောက်ကူကိရိယာအားလုံးသို့ ဝင်ရောက်ရန်အတွက် အိုင်ဒီကတ်များကို လိုအပ်ပါမည်။
    3. ဝန်ထမ်းများ၏ လုံခြုံရေးချိုးဖောက်မှု
      သင့်အချက်အလက်များကို Meta ဝန်ထမ်းများက ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် ခွင့်ပြုမထားဘဲ ဝင်ရောက်သုံးစွဲခြင်းအားလုံးအတွက် အလုပ်မှရပ်စဲခြင်း အပါအဝင် ပြစ်ဒဏ်များပေးခြင်းအထိ အရေးယူမှုများ ဆောင်ရွက်ပါမည်။
  8. လုံခြုံရေး စစ်ဆေးခြင်း
    Meta သည် အဓိကထိန်းချုပ်မှုများကို စနစ်တကျ ဆောင်ရွက်ထားမှုရှိ၊ မရှိနှင့် ထိရောက်မှုရှိ၊ မရှိကို အကဲဖြတ်ရန်အတွက် ပုံမှန် လုံခြုံရေးစစ်ဆေးခြင်းနှင့် အားနည်းချက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည်။
  9. ဝင်ရောက်သုံးစွဲမှု ထိန်းချုပ်ခြင်း
    1. အသုံးပြုသူစကားဝှက် စီမံခန့်ခွဲခြင်း
      Meta တွင် စကားဝှက်များက ကိုယ်ပိုင်သုံးဖြစ်ကာ ခွင့်ပြုချက်မရှိသူများ ဝင်ရောက်မသုံးစွဲနိုင်စေရန် ရည်ရွယ်ထားသည့် အသုံးပြုသူစကားဝှက် စီမံခန့်ခွဲမှုအတွက် သတ်မှတ်လုပ်ငန်းစဉ်တစ်ခု ရှိရမည်ဖြစ်ပြီး ၎င်းတွင် အနည်းဆုံးအနေဖြင့် ပါဝင်သည်မှာ-
      • စကားဝှက် အသစ်၊ အစားထိုးမှု သို့မဟုတ် ယာယီအတွက် မသတ်မှတ်မီ အသုံးပြုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို စစ်ဆေးအတည်ပြုခြင်း အပါအဝင် စကားဝှက်သတ်မှတ်ကန့်သတ်ခြင်း။
      • စကားဝှက်အားလုံးကို ကွန်ပျူတာစနစ်များတွင် သိမ်းဆည်းသည့်အခါ သို့မဟုတ် ကွန်ရက်ပေါ်တွင် အကူးအပြောင်းလုပ်သည့်အခါ လျှို့ဝှက်ကုဒ်ပြောင်းသိမ်းခြင်း။
      • ပစ္စည်းရောင်းသူများထံမှ မူရင်းစကားဝှက်အားလုံးကို ပြောင်းလဲခြင်း။
      • ၎င်းတို့၏ ရည်ရွယ်ထားသော အသုံးပြုမှုနှင့် ဆက်စပ်၍ ခိုင်မာသော စကားဝှက်များ။
      • အသုံးပြုသူ အသိရှိမှု။
    2. အသုံးပြုသူဝင်ရောက်အသုံးပြုခွင့် စီမံခန့်ခွဲခြင်း
      Meta သည် ဝင်ရောက်အသုံးပြုခွင့်များနှင့် အသုံးပြုသူ အိုင်ဒီများကို ပြောင်းလဲခြင်း နှင့်/သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းအတွက် လုပ်ငန်းစဉ်တစ်ရပ်ကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ပေးမည်။ Meta တွင် လုံခြုံရေးအရ ထိခိုက်ခံထားရသော ဝင်ရောက်အသုံးပြုခွင့် အထောက်အထားများ (စကားဝှက်များ၊ တိုကင်များ စသည်) ကို ၂၄/၇ အစီရင်ခံရန်နှင့် ပြန်လည်ရုပ်သိမ်းရန် လုပ်ငန်းစဉ်များကို သတ်မှတ်ထားရှိရမည် ။ Meta က အသုံးပြုသူအိုင်ဒီနှင့် အချိန်ကာလ အပါအဝင် သင့်လျော်သော လုံခြုံရေး မှတ်တမ်းများကို အကောင်အထည်ဖော်ရမည်။ နာရီကို NTP နှင့် တူအောင် ချိန်ကိုက်ထားရမည်။
      အနည်းဆုံးအနေဖြင့် အောက်ပါဖြစ်ရပ်များကို မှတ်တမ်းတင်ရမည်-
      • ခွင့်ပြုချက်ရယူခြင်းဆိုင်ရာ ပြောင်းလဲမှုများ၊
      • မအောင်မြင်သောနှင့် အောင်မြင်သော အထောက်အထား စိစစ်မှုများနှင့် ဝင်ရောက်သုံးစွဲရန် ကြိုးပမ်းမှုများ၊
      • ဖတ်ခြင်းနှင့် ရေးသားခြင်း လုပ်ဆောင်ချက်များ။
  10. ဆက်သွယ်မှုများ၏ လုံခြုံရေး
    1. ကွန်ရက်လုံခြုံရေး
      Meta က ကွန်ရက်သီးခြားထားခြင်းအတွက် လုပ်ငန်းစံနှုန်းများနှင့် ကိုက်ညီသော နည်းပညာကို အသုံးချရမည်။
      အဝေးမှ ကွန်ရက် ဝင်ရောက်သုံးစွဲရာတွင် စိတ်ချရသည့် ပရိုတိုကောလ်များ အသုံးပြုခြင်း၊ အဆင့်များစွာဖြင့် အထောက်အထား စိစစ်မှုကို အသုံးပြုခြင်းဖြင့် ကုဒ်ခံသုံးသော ဆက်သွယ်မှုစနစ်ကို လိုအပ်ပါသည်။
    2. လွဲပြောင်းပေးပို့ရာတွင် အချက်အလက်များကို ကာကွယ်ခြင်း
      Meta က အများသုံးကွန်ရက်များမှတစ်ဆင့် လွှဲပြောင်းပေးပို့ရာတွင် အချက်အလက်များ၏ လျှို့ဝှက်ထားရှိမှုကို ကာကွယ်ရန် ရည်ရွယ်ဖန်တီးထားသော သင့်လျော်သည့် ပရိုတိုကောလ်များ အသုံးပြုခြင်းကို သတ်မှတ်ထားသည်။
  11. လုပ်ငန်းလည်ပတ်မှုစနစ် လုံခြုံရေး
    Meta သည် Workplace အတွက် အားနည်းချက် စီမံခန့်ခွဲခြင်း အစီအစဉ်ကို သတ်မှတ်ဆောင်ရွက်၍ ထိန်းသိမ်းထားရှိပြီး ၎င်းတွင် အခန်းကဏ္ဍများနှင့် တာဝန်များဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အားနည်းချက် စောင့်ကြည့်စစ်ဆေးခြင်း၊ အားနည်းချက်များ၏ အန္တရာယ်ရှိမှုကို အကဲဖြတ်ခြင်းနှင့် အကာအကွယ် အသုံးချခြင်းတို့ကို သီးသန့်တာဝန်ယူဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
  12. လုံခြုံရေးဖြစ်ရပ် စီမံခန့်ခွဲခြင်း
    Meta က သင်၏ Workplace ဖြစ်စဉ်ကို ထိခိုက်စေနိုင်ဖွယ်ရှိသည့် လုံခြုံရေးဖြစ်ရပ်များကို စောင့်ကြည့်စစ်ဆေးရန်၊ ရှာဖွေထောက်လှမ်းရန်နှင့် ကိုယ်တွယ်ဖြေရှင်းရန် လုံခြုံရေးဖြစ်ရပ်တုံ့ပြန်မှု အစီအစဉ်ကို သတ်မှတ်ဆောင်ရွက်၍ ထိန်းသိမ်းထားရှိရမည်။ လုံခြုံရေးဖြစ်ရပ်တုံ့ပြန်မှု အစီအစဉ်တွင် အနည်းဆုံးအနေဖြင့် ရင်းမြစ်ပြဿနာ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကုစားဖြေရှင်းမှု အစီအစဉ်များ အပါအဝင်၊ အခန်းကဏ္ဍနှင့် တာဝန်များဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဆက်သွယ်နည်းနှင့် လုပ်ဆောင်မှုပြီးနောက် ပြန်လည်စိစစ်သုံးသပ်မှုများ ပါဝင်ရမည်။
    Meta က Workplace ပေါ်တွင် လုံခြုံရေးချိုးဖောက်မှုများနှင့် အန္တရာယ်ရှိသော လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်စစ်ဆေးပါမည်။ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်နှင့် ရှာဖွေထောက်လှမ်းမှု နည်းစနစ်များကို သက်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် လက်ရှိဖြစ်ပေါ်နေသော ခြိမ်းခြောက်မှုများကို အသိဉာဏ်ရှိရှိ ထောက်လှမ်းခြင်းဖြင့် သင်၏ Workplace ဖြစ်စဉ်ကို ထိခိုက်စေနိုင်သော လုံခြုံရေး ဖြစ်ရပ်များကို ရှာဖွေဖော်ထုတ်နိုင်စေရန် ရည်ရွယ်ဖန်တီးထားရမည်။
  13. လုပ်ငန်းအဆက်မပြတ်တည်ရှိမှု
    Meta သည် သင်၏ Workplace ဖြစ်စဉ်ကို ထိခိုက်စေနိုင်သော အရေးပေါ်အခြေအနေ သို့မဟုတ် အခြားအရေးကြီးသည့် အခြေအနေများအား တုံ့ပြန်ရန်အတွက် လုပ်ငန်းအဆက်မပြတ်တည်ရှိမှု အစီအစဉ်ကို ထိန်းသိမ်းထားရှိရမည်။ Meta က ၎င်း၏ လုပ်ငန်းအဆက်မပြတ်တည်ရှိမှု အစီအစဉ်ကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် တရားဝင် ပြန်လည်စိစစ်သုံးသပ်ရမည်။
နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန်- ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်