Workplace ကွတ်ကီးများဆိုင်ရာ မူဝါဒ


ကွတ်ကီးများနှင့် အခြားသိုလှောင်မှုနည်းပညာများ
ကွတ်ကီးများသည် ဝက်ဘ်ဘရောက်ဇာများတွင် သတင်းအချက်အလက်များကိုသိုလှောင်ရန် အသုံးပြုထားသောစာသားများ၏ သေးငယ်သောအပိုင်းအစများဖြစ်သည်။ ကွတ်ကီးများကို အထောက်အထားများအား သိုလှောင်ရန်နှင့် လက်ခံရန်အသုံးအသုံးပြုသလို ကွန်ပျူတာများ၊ ဖုန်းများနှင့် အခြားကိရိယာများပေါ်ရှိအခြားအချက်အလက်များအတွက်လည်း အသုံးပြုပါသည်။ သင့်ဝက်ဘ်ဘရောက်ဇာ သို့မဟုတ် ကိရိယာတွင် သိုလှောင်ထားသည့် ဒေတာ၊ သင့်ကိရိယာနှင့် ဆက်စပ်သည့် နံပါတ်များနှင့် အခြားဆော့ဖ်ဝဲတို့ အပါအဝင် အခြားနည်းပညာများကို အလားတူရည်ရွယ်ချက်များအတွက် အသုံးပြုပါသည်။ ဤမူဝါဒတွင် ထိုနည်းပညာအားလုံးကို “ကွတ်ကီးများ”အဖြစ် ကျွန်ုပ်တို့ရည်ညွှန်းပါသည်။
သင့်တွင် Workplace အကောင့်တစ်ခု ရှိလျှင်၊ ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။ ဤမူဝါဒတွင် ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပုံနှင့် သင့်တွင်ရှိသည့် ရွေးချယ်ခွင့်တို့ကို ရှင်းပြထားသည်။

ကျွန်ုပ်တို့က ကွတ်ကီးများကို ဘာကြောင့် အသုံးပြုရသလဲ။
ကျွန်ုပ်တို့သည် ကွန်ပျူတာများ၊ ဖုန်းများနှင့် အခြားကိရိယာများတွင် အမှတ်သင်္ကေတများနှင့် အခြားအချက်အလက်များ သိုလှောင်ပြီးလက်ခံရယူရန်အတွက် ကွတ်ကီးများကို အသုံးပြုပါသည်။ ကွတ်ကီးများက အကြောင်းအရာကို တစ်ဦးချင်းဆီလျော်အောင် လုပ်ပေးခြင်းနှင့် ပို၍လုံခြုံစိတ်ချရသော အတွေ့အကြုံ စီစဉ်ပေးခြင်းဖြင့်ကဲ့သို့ “Workplace ဝန်ဆောင်မှုများ” (၎င်း၌ Workplace ဝက်ဘ်ဆိုက်များ၊ အက်ပ်များနှင့် ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှုများ ပါဝင်သည်) ကို စီစဉ်နိုင်စေရန်၊ ကာကွယ်နိုင်စေရန်နှင့် ပိုကောင်းအောင်ပြုလုပ်နိုင်စေရန် ကျွန်ုပ်တို့ကို ကူညီပါသည်။ ကျွန်ုပ်တို့ အသုံးပြုသော သီးသန့်ကွတ်ကီးများသည် ကျွန်ုပ်တို့က Workplace ဝန်ဆောင်မှုများကို ပိုကောင်းအောင်လုပ်ရင်း အပ်ဒိတ်လုပ်နေသည့်အလျောက် အချိန်မရွေး ပြောင်းလဲနိုင်သော်လည်း ၎င်းတို့သည် ယေဘုယျအားဖြင့် အောက်ပါအသုံးပြုမှု အုပ်စုအမျိုးအစားများအတွင်း ပါဝင်သည်-
ကွတ်ကီးအမျိုးအစားရည်ရွယ်ချက်
မှန်ကြောင်း အထောက်အထားပြခြင်း
ကျွန်ုပ်တို့က ကွတ်ကီးများကို သင့်အကောင့် စိစစ်ရန်နှင့် သင့်အကောင့်ဝင်သောအခါ ဆုံးဖြတ်ရန်အတွက် အသုံးပြုပါသည်၊ သို့မှသာ ကျွန်ုပ်တို့က သင့်အကောင့်ကို Workplace ဝန်ဆာင်မှုများထဲ ဝင်သုံးရန် ပို၍လွယ်ကူလာအောင် ပြုလုပ်ပေးနိုင်ပြီး သင့်ကို သင့်တော်သော သုံးစွဲသူအတွေ့အကြုံနှင့် အစီအစဉ်များကို ပြသနိုင်မည်ဖြစ်သည်။
ဥပမာ- အကောင့်ဝင်ပြီးနောက် Workplace ဝန်ဆောင်မှုများအကြား သွားလာသည့်အတိုင်း သင့်ကို ဆက်ထားရှိရန် ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။ သင့်ဘရောက်ဇာအား မှတ်မိနိုင်စေရန်လည်း ကွတ်ကီးများက ကျွန်ုပ်တို့ကို ကူညီသောကြောင့် သင်က Workplace ထဲ အကောင့်ဆက်ဝင်ရန် မလိုတော့ပါ။
လုံခြုံရေး၊ ဆိုက်နှင့် ပစ္စည်း တည်တံ့မှု
ကျွန်ုပ်တို့က ကွတ်ကီးများကို သင့်အကောင့်၊ ဒေတာနှင့် Workplace ဝန်ဆောင်မှုများအား လုံခြုံစွာ စိတ်ချရစွာ ဆက်လက်ထားရှိရာတွင် အကူအညီရရန် အသုံးပြုပါသည်။
ဥပမာ- တစ်ဦးဦးက Workplace အကောင့်ထဲ တရားဝင်အခွင့်မရှိဘဲ ဝင်သုံးရန်၊ သာဓကအားဖြင့် မတူသော စကားဝှက်များကို အမြန် ခန့်မှန်းခြင်းဖြင့် ဝင်သုံးရန် အားထုတ်သောအခါ၊ ကွတ်ကီးများက ကျွန်ုပ်တို့ကို နောက်ထပ် လုံခြုံရေးဆောင်ရွက်ချက်များကို ဖော်ထုတ်နိုင်စေပြီး သတ်မှတ်ပြဌာန်းနိုင်စေရန် ကူညီပါသည်။ သင့်စကားဝှက်ကို သင် မေ့သွားခဲ့သည်ရှိသော် သင့်အကောင့်ကို ပြန်ဖော်ခွင့်ပြုသည့် အချက်အလက်များကို သိုလှောင်ရန် သို့မဟုတ် ခိုးယူခံထားရသည့် သင့်အကောင့်အကြောင်း ကျွန်ုပ်တို့အား ပြောပြပါက နောက်ထပ်အထောက်အထားများ လိုအပ်ရန် ကွတ်ကီးများကို ကျွန်ုပ်တို့အသုံးပြုပါသည်။
ကျွန်ုပ်တို့၏မူဝါဒများကို ချိုးဖောက်သော သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် Workplace ဝန်ဆောင်မှုများကို စီစဉ်ပေးနေသည့် ကျွန်ုပ်တို့၏စွမ်းရည်ကို ပျက်စီးစေသော လုပ်ဆောင်ချက်အား တိုက်ဖျက်ရန်အတွက်လည်း ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။
ဝက်ဘ်ဆိုက်လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများ
သင့်အတွက် Workplace စီစဉ်ပေးရာတွင် ကူညီပေးသော အသုံးချနိုင်စွမ်းကို စီစဉ်ပေးရန် ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။
ဥပမာ- နှစ်သက်မှုများကို သိမ်းထားရန်၊ Workplace အကြောင်းအရာကို သင် ကြည့်သောအခါ သို့မဟုတ် ပြန်လှန်ဆောင်ရွက်သည့်အခါ သိနိုင်စေရန်နှင့် သင့်အတွက် စိတ်ကြိုက်အကြောင်းအရာနှင့် သုံးစွဲမှုအတွေ့အကြုံများကို စီစဉ်နိုင်စေရန် ကွတ်ကီးများက ကျွန်ုပ်တို့ကို ကူညီပါသည်။
သင်၏ မူရင်းဒေသနှင့်ဆက်စပ်မှုရှိသော အကြောင်းအရာမျိုးကို သင့်အား ပံ့ပိုးပေးရန်အတွက်လည်း ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။
ဥပမာ- ကျွန်ုပ်တို့က အချက်အလက်ကို သင့်ဘရောက်ဇာ သို့မဟုတ် ကိရိယာတွင် ထည့်ထားသည့် ကွတ်ကီးများတွင် သိုလှောင်သောကြောင့် ဆိုက်ကို သင်နှစ်သက်သော ဘာသာစကားဖြင့် မြင်ရခြင်းဖြစ်သည်။
စွမ်းဆောင်ရည်
သင့်အတွက် ဖြစ်နိုင်ချေရှိသော အကောင်းဆုံး သုံးစွဲမှုအတွေ့အကြုံများ ပေးအပ်ရန် ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုပါသည်။
ဥပမာ- ကွတ်ကီးများက ကျွန်ုပ်တို့ကို ဆာဗာများကြား၌ ဒေတာဝင်ထွက် လမ်းကြောင်းညွှန်ရန်နှင့် Workplace ဝန်ဆောင်မှုများက လူအမျိုးမျိုးအတွက် ဘယ်လောက်မြန်မြန် ဆွဲချပေးနိုင်သည့်နည်းနာကို သိနားလည်နိုင်စေရန် ကူညီပါသည်။ ကွတ်ကီးများက ကျွန်ုပ်တို့ကို သင့်စခရင်နှင့်ဝင်းဒိုးများ၏ အချိုးနှင့်အရွယ်အစားများအား မှတ်တမ်းတင်နိုင်စေရန်နှင့် လင်းမှောင်ခြားနားချက်မြင့်မုဒ်ကို ဖွင့်၊ မဖွင့် သိလာနိုင်စေရန်အတွက်လည်း ကူညီသောကြောင့်၊ ကျွန်ုပ်တို့၏ဆိုက်များနှင့် အက်ပ်များကို ကျွန်ုပ်တို့က မှန်ကန်စွာ ပုံဖော်တင်ပြနိုင်ခြင်းဖြစ်သည်။
ခွဲခြမ်းစိတ်ဖြာခြင်းများနှင့် သုတေသနပြုလုပ်ခြင်း
လူအများက Workplace ဝန်ဆောင်မှုများ အသုံးပြုသည့်နည်းနာကို ပို၍သိနားလည်နိုင်စေရန် ကျွန်ုပ်တို့က ကွတ်ကီးများကို အသုံးပြုသောကြောင့် ကျွန်ုပ်တို့က ၎င်းတို့ကို ပိုကောင်းအောင် ပြုလုပ်နိုင်လာခြင်းဖြစ်သည်။
ဥပမာ- လူအများက Workplace ဝန်ဆောင်မှုကို မည်သို့အသုံးပြုပုံကို သိနားလည်နိုင်စေရန်၊ Workplace ဝန်ဆောင်မှုများ၏ မည်သည့်အစိတ်အပိုင်းက အများအတွက် အသုံးအဝင်ဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ဖြစ်နိုင်သည်ကို ခွဲခြမ်းစိတ်ဖြာနိုင်စေရန်၊ ပိုကောင်းအောင်ပြုလုပ်နိုင်မည့် လုပ်ဆောင်ချက်များကို ခွဲခြားဖော်ထုတ်နိုင်စေရန်အတွက် ကွတ်ကီးများက ကျွန်ုပ်တို့ကို ကူညီပါသည်။
ကြော်ငြာခြင်းနှင့် တိုင်းတာချက်
ကျွန်ုပ်တို့သည် Workplace ဝန်ဆောင်မှုများကို စိတ်ဝင်စားနိုင်လောက်သူများထံ Workplace အကြောင်း ဈေးကွက်ချဲ့ထွင်ရန် Facebook ပစ်ဇယ်နှင့် ပြင်ပကွတ်ကီးများနှင့် အောက်တွင်ဖော်ပြထားသော အမည်ကတ်များ အပါအဝင် ကွတ်ကီးများကို အသုံးပြုပါသည်။
ဥပမာ- ကွတ်ကီးများသည် Workplace ၏ အများမြင်အချက်အလက်များဆိုက်ဖြစ်သော Workplace.com သို့ ဝင်ရောက်ဖူးသည့် သူများထံ ပစ်မှတ်ထားသည့် ကြော်ငြာများကို ပြသခွင့်ပြုသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကြော်ငြာကမ်ပိန်းများ၏ စွမ်းဆောင်ရည်ကို တိုင်းတာရာတွင် အကူအညီဖြစ်စေရန်လည်း ကွတ်ကီးများကို အသုံးပြုပါသည်။

ပြင်ပအဖွဲ့အစည်း ကွတ်ကီးများနှင့် အမည်ကတ်များ
အခြားအဖွဲ့အစည်းများသည် ကျွန်ုပ်တို့အား ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် Workplace ဝန်ဆောင်မှုများပေါ်တွင် ကွတ်ကီးများကို အသုံးပြုနိုင်ပါသည်။
ကျွန်ုပ်တို့သည် အသုံးပြုသူများက Workplace ကို မည်သို့အသုံးပြုနေပုံကို နားလည်နိုင်ရန်၊ ကြော်ငြာများပြသရန်နှင့် ၎င်းကြော်ငြာများ၏ စွမ်းဆောင်ရည်ကို နားလည်သဘောပေါက်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ Workplace ဝန်ဆောင်မှုများတွင် Google ခွဲခြမ်းစိတ်ဖြာမှုများ ဝန်ဆောင်မှုနှင့် အောက်တွင် အမည်ပေးထားသော အခြားကြားခံပြင်ပ ဝန်ဆောင်မှုများနှင့်အတူ တွဲဖက်၍အလုပ်လုပ်သည့် ကွတ်ကီးများကိုလည်း သတ်မှတ်ပါသည်။ ကျွန်ုပ်တို့သည် လက်တလောတွင် အောက်ပါ ပြင်ပ ကွတ်ကီးများကို အသုံးပြုပါသည်-
  • Marketo – Marketo Solutions Limited, Marketo ကို ဆက်သွယ်ရန်
  • Google ခွဲခြမ်းစိတ်ဖြာမှုနှင့် Google ပစ်ဇယ်များ (Google Floodlight ပစ်ဇယ်၊ Google ခွဲခြမ်းစိတ်ဖြာမှုပစ်ဇယ်နှင့် Google ပြောင်းလဲမှုပစ်ဇယ်တို့ အပါအဝင်) – Google.com Google ကို ဆက်သွယ်ရန် (ဤကွတ်ကီးများတွင် __utma၊ __utmb၊ __utmc၊ __utmz၊ __qca နှင့် _ga တို့ကဲ့သို့သော အမည်များရှိသော်လည်း ဤအမည်များသည် Google ၏ စည်းမျဉ်းများနှင့် မူဝါဒများအရ ပြောင်းလဲနိုင်သည်)

ဘရောက်ဇာကွတ်ကီးဆိုင်ရာ ထိန်းချုပ်မှုများ
သင့်ဘရောက်ဇာ သို့မဟုတ် ကိရိယာတွင် သင့်ကို ဘရောက်ဇာကွတ်ကီးများ သတ်မှတ်မလား မသတ်မှတ်ဘူးလား ရွေးခွင့်နှင့် ၎င်းတို့အား ဖျက်ခွင့်အတွက် ဆက်တင်များ ပေးထားနိုင်ပါသည်။ ဤထိန်းချုပ်မှုများနှင့်ပတ်သက်၍ နောက်ထပ် အချက်အလက် ရယူရန်၊ သင့်ဘရောက်ဇာ သို့မဟုတ် ကိရိယာ၏ အကူအညီနေရာတွင် ဝင်ကြည့်ပါ။ ဘရောက်ဇာတွင် ကွတ်ကီးသုံးစွဲမှုကို သင် ပိတ်ထားလျှင်၊ Workplace ဝန်ဆောင်မှုများ၏ အစိတ်အပိုင်းအချို့က ကောင်းစွာ အလုပ်လုပ်နိုင်မည်မဟုတ်ပါ။

နောက်ဆုံးတည်းဖြတ်သည့်ရက်စွဲ- 2018 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်