သင့် Workplace ပရိုဖိုင်ဓာတ်ပုံသို့ အလှဆင်ဘောင်များ ထည့်သွင်းခြင်း
သင်သည် ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြသရန်နှင့် ပိုမို၍ ရင်ဘတ်ချင်းနီးစေရန် Workplace ပေါ်ရှိ သင့်ပရိုဖိုင်ဓာတ်ပုံသို့ အလှဆင်ဘောင်တစ်ခုကို ထည့်သွင်းနိုင်ပါသည်။
သင့်ကွန်ပျူတာမှ ပရိုဖိုင်ဓာတ်ပုံအား အလှဆင်ဘောင်တစ်ခု ထည့်သွင်းခြင်း
- Workplace ၏ ဘယ်ဘက်အောက်ခြေရှိ သင့်ပရိုဖိုင်ဓာတ်ပုံကို နှိပ်ပါ။
- ပရိုဖိုင်ကို ကြည့်ရှုရန်ကို နှိပ်ပါ။
- သင့်ပရိုဖိုင်ကို ဤနေရာတွင်လည်း ကြည့်ရှုနိုင်ပါသည်။
- သင့်ပရိုဖိုင်ဓာတ်ပုံပေါ်တွင် မောက်စ်တင်ကြည့်၍ အပ်ဒိတ်ကို နှိပ်ပါ။
- အလှဆင်ဘောင်ထည့်သွင်းရန်ကို ရွေးပြီး သင့်အလှဆင်ဘောင်ကို ရွေးချယ်ပါ။
- သင်က အလှဆင်ဘောင်အား ထားရှိလိုသည့်ကြာချိန်ကို ရွေးချယ်ပြီး ပရိုဖိုင်ဓာတ်ပုံအဖြစ် အသုံးပြုရန်ကို နှိပ်ပါ။
စီမံသူများသည် ဝန်ဆောင်မှုဌာနသို့ ဆက်သွယ်ခြင်းအားဖြင့် ၎င်းတို့၏ Workplace (သတ်မှတ်ထားသော အသုံးပြုသူများအတွက်မဟုတ်) တစ်ခုလုံးအတွက် ဤလုပ်ဆောင်ချက်ကို ဖွင့်နိုင်သည် သို့မဟုတ် ပိတ်ပင်နိုင်သည်။ စီမံသူများသည် အလှဆင်ဘောင်များကို အသုံးပြုသူများအတွက် အသုံးချပေး၍မရပါ - အသုံးပြုသူများက ၎င်းတို့ကိုယ်တိုင် အသုံးချရပါမည်။
သင်သည် ပရိုဖိုင်အလှဆင်ဘောင်ကို အလိုမရှိတော့သည့်အခါ အလှဆင်ဘောင်မပါသည့် မတူညီသောပရိုဖိုင်ဓာတ်ပုံတစ်ခုသို့ ပြောင်းနိုင်ပါသည်။
သင့် Workplace အား စိတ်ကြိုက်အလှဆင်ဘောင်တစ်ခု ထည့်သွင်းခြင်း
စနစ်ပိုင်းစီမံသူများ သို့မဟုတ် သက်ဆိုင်ရာ အသုံးပြုခွင့်များရှိသော စီမံသူများသည် ၎င်းတို့၏ Workplace ထဲရှိ အသုံးပြုသူများအတွက် စိတ်ကြိုက်အလှဆင်ဘောင်များကို ထည့်သွင်းပေးနိုင်ပါသည်။ စိတ်ကြိုက်အလှဆင်ဘောင်တစ်ခု ထည့်သွင်းရန်-
- Workplace ၏ ဘယ်ဘက်မီနူးထဲရှိ
စီမံခန့်ခွဲသည့်နေရာကို နှိပ်ပါ။
- သင့် Workplace ကို မွမ်းမံရန်အောက်ရှိ စိတ်ကြိုက်ပရိုဖိုင် အလှဆင်ဘောင်များကို နှိပ်ပါ။
- ညာဘက်ထိပ်ရှိ + ပရိုဖိုင်အလှဆင်ဘောင်ဖန်တီးရန်ကို နှိပ်ပါ။
- ပုံလက်ရာကို အပ်လုဒ်လုပ်ရန်ကို နှိပ်ပါ။
- သင့်ရုပ်ပုံကို ရွေးပြီး ဖွင့်ရန်ကို နှိပ်ပါ။ အကြံပြုထားသည်မှာ 2048 x 2048 px အရွယ်အစားရှိသော PNG ရုပ်ပုံဖြစ်ပါသည်။
- ရှေ့သို့ကို နှိပ်ပြီး စိတ်ကြိုက်အလှဆင်ဘောင်အမည်တစ်ခုကို စာရိုက်ထည့်ပါ။
- သင်သည် ယာယီစိတ်ကြိုက်အလှဆင်ဘောင်တစ်ခုကို တင်လိုပါက စတင်ချိန်နှင့် ပြီးဆုံးချိန်အပြင် ရက်စွဲကိုလည်း ရွေးချယ်နိုင်ပါသည်။
- အလှဆင်ဘောင်ကို သင့် Workplace ပေါ်ရှိ အသုံးပြုသူအားလုံးအတွက် ရရှိနိုင်စေဖို့ရာဖြန့်ချိရန်ကို နှိပ်ပါ။
ဆက်စပ် ဆောင်းပါးများ
ဆက်စပ် ဆောင်းပါးများ